အမျိုးသားအဆင့် ဖက်ဒရယ် ဘဏ္ဍာရေးစနစ် ဆိုင်ရာဆွေးနွေးမှု ဖိုရမ် ALARM ဥက္ကဌ ဦးဝင်းမျိုးသူ တက်ရောက်
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ Sedona Hotel တွင် The Asia Foundation မှ ကျင်းပပြုလုပ်သော အမျိုးသားအဆင့် ဖက်ဒရယ် ဘဏ္ဍာရေးစနစ် ဆိုင်ရာဆွေးနွေးမှု ဖိုရမ် အစီအစဉ် ကို စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်း ဥက္ကဌ ဦးဝင်းမျိုးသူ မှ တက်ရောက်ပါဝင်ခဲ့သည်။
ဖိုရမ်တွင် ပြည်သူ့ အခြေခံ အဆောက်အအုံနှင့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု၊ အားလုံးပါဝင်သော လူမှုရေးဖွံ့ဖြိုးမှု၊ မြေယာနှင့် သဘာဝအရင်းအမြစ်များ၊ နှင့် သာတူညီမျှမှုနှင့် တန်းတူညီမျှစေချင်း ဟူ၍ ဆွေးနွေးမှု အစီအစဉ် ၄ မျိူး ပါဝင်သည့်အနက် တတိယ အစီအစဉ်ဖြစ်သော မြေယာနှင့် သဘာဝအရင်းအမြစ်များဆိုင်ရာ ဆွေးနွေးမှုတွင် ဥက္ကဌ ဦးဝင်းမျိုးသူမှ ဆရာ ဦးခင်မောင်ဟန်၊ ဆရာဦးခွန်ဦး တို့နှင့်အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေး ခဲ့သည့်။
အဆိုပါ အစီအစဉ် ၌ ဆရာ ဦးဝင်းမျိုးသူမှ “၂၀၀၈ အခြေခံဥပဒေ၏ ယုံမှားသံသယ ကို ဖြောက်ဖျက်သင့်ကြောင်း၊ Resource Sharing နှင့် Power Sharing on Natural Resource ဟူသော ခွဲဝေခြင်းကို အဆင့်လိုက်ခွဲဝေ ဆောင်ရွက်သင့်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် Federalism နှင့်ပတ်သက် ၍ အောင်မြင်လိုပါက resource တစ်ခုတည်းဖြင့် ဆွေးနွေး၍ သဘောတူညီမှု မရနိုင်ကြောင်း၊ ကျန်သည့် အရေးကြီးသော နိုင်ငံရေးဆိုင်ရာ အဓိပါ္ပယ် သက်မှတ်ချက် တွေမှာလည်း တဘောတူညီချက်ရဖို့ လိုကြောင်း” ပြောကြားခဲ့သည်။ ဆက်လက်၍ ဥက္ကဌ ဦးဝင်းမျိုးသူမှ “လက်ရှိအစိုးရမှထုတ်ပြန်လိုက်သည့် ၂၀၁၉ ဘဏ္ဍာရေးဥပဒေအရ မြန်မာနိုင်ငံ၏ ဝင်ငွေ ၅၄% မှာ အစိုးရ၏ State Owned Enterprises(SOE) များမှ အဓိကရရှိပြီး ဗဟိုအစိုးရကို ခွဲဝေပေးသော Non-Tax revenue များဖြစ်ကြောင်း၊ အဆိုပါ State Owned Enterprises များ၏ အဓိက ဝင်ငွေမှာ သယံဇာတ များမှရရှိကြောင်း၊ သယံဇာတများမှာ အဓိကအားဖြင့် တိုင်းရင်းသားဒေသများမှ ထွက်ရှိကြောင်း၊ သို့သော် ရရှိလာသော ဝင်ငွေများကို အဆိုပါ State Owned Enterprises(SOE) များမှ သက်ဆိုင်ရာဒေသများသို့ ခွဲဝေပေးခြင်းမရှိကြောင်း၊ အစိုးရကိုလည်း အနည်းအကျဉ်းသာ ခွဲဝေကြောင်း၊ ဤသည်မှာ Federalism ဆိုင်ရာ တရားမျှတမှုကို အကြီးအကျယ် ထိခိုက်စေကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါအကြောင်းအရာများသည် ဖက်ဒရယ် စနစ်ဖြင့် လုံးဝဆန့်ကျင်နေကြောင်း” စသည့် ဖက်ဒရယ်နှင့် သယံဇာတခွဲဝေခြင်း ဆိုင်ရာ အကြောင်းအရာများကိုအထောက်အထား အချက်အလက်များဖြင့် ဥပမာများပေးကာ ပါဝင်ဆွေးနွေးခဲ့သည်။



0 Comments