“အဓိကအားဖြင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုနဲ့၊ ယာဉ်၊ စက်ရုံစက်ရုံတွေက လေထုထဲကို ထုတ်လွှတ်တဲ့ ဓာတ်ငွေ့တွေနဲ့ အခြားအမှုန်အမွှားတွေကြောင့်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလတွေမှာ ရန်ကုန်မြို့ရဲ့ လေထုထဲမှာ သေးငယ်တဲ့ အမှုန်ငယ်တွေဖြစ်တဲ့ PM2.5 နဲ့ PM10 တွေ ပိုမို များပြားလာတာကို တွေ့ရပါတယ်။ အဲဒီအမှုန်တွေကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေရှိပါတယ်” ဟု စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဓာတ်ခွဲခန်းပညာရှင် ဒေါက်တာအေးအေးဝင်းကပြောသည်။

ရန်ကုန်မြို့ရှိ အဓိကနေရာ (၄) ခုဖြစ်သော ဘုရင့်နောင်လမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ၊ တာမွေလမ်းဆုံနှင့် မြို့တော်ခန်းမရှေ့တို့တွင် လစဉ်ပုံမှန်တိုင်းတာသည့် ရလဒ်များကို စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ A.E-Lab facebook page နှင့် Myanmar Green Affair facebook page တို့တွင် အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက် ထုတ်ပြန်လေ့ရှိပြီး၊ ယခုဆိုလျှင် ၂ နှစ်ကျော်ခဲ့ပြီဖြစ်ပါသည်။ အသင်းမှ လေအရည်အသွေး ဆိုင်ရာ အညွန်းကိတ်း စုစုပေါင်း ၁၀ မျိုးကို အဓိကတိုင်းတာလျက်ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလတို့တွင် တိုင်းတာခဲ့သည့် နေရာ(၄)နေရာအနက် ဘုရင့်နောင်လမ်းဆုံနှင့် မြို့တော်ခန်းမရှေ့တို့တွင် PM2.5၊ PM10၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2) နှင့်ဆာလဖာဒိုင် အောက်ဆိုဒ်(SO2) တို့မှာ မြန်မာနိုင်ငံ၏ ယခင် အခိုးအငွေ့ထုတ်လွှတ်မှု စံနှုန်းထက် ကျော်လွန်နေကြောင်း တွေ့ရပါသည်။ မြေနီကုန်းလမ်းဆုံနှင့် တာမွေလမ်းဆုံတို့တွင် PM2.5 နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2) ထုတ်လွတ်မှုစံနှုန်းထက် ကျော်လွန်နေကြောင်းတွေ့ရသည်။အထူးသဖြင့် ဖေဖေါ်ဝါရီလတွင်တိုင်းတာသည့် နေရာတိုင်းတွင် PM2.5နှင့် PM10 တို့များပြားလျက်ရှိကြောင်းတွေ့ရသည်ဟု စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း ဓာတ်ခွဲခန်းမှ တာဝန်ရှိသူက ဆိုပါသည်။
ဆက်လက်၍ ဒေါက်တာအေးအေးဝင်းမှ “အခုလို အမှုန်တွေများနေတာကြောင့် လူ့ကျန်းမာရေးအနေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ အဆုတ်ရောဂါတွေ ဖြစ်နိုင်တယ်၊ ဒီအမှုန်ပါဝင်မှုတွေကို လျော့ချဖို့ဆိုရင်တော့ ဖုန်ထူတဲ့နေရာတွေမှာ ရေဖြန်းတာတွေလုပ်သင့်တယ်၊ ယာဉ်တွေအနေနဲ့ကလည်း သန့်စင်တဲ့ လောင်စာဆီတွေကို ရွေးချယ်သုံးသင့်တယ်” ဟု မှတ်ချက်ပြု အကြံပေးပြောကြားခဲ့သည်။
လေအရည်အသွေး တိုင်းတာတွေ့ရှိချက် ရလဒ်များ
| စဉ် | လေအရည်အသွေး လစဉ်တိုင်းတာသည့်နေရာများ | မြန်မာနိုင်ငံအခိုးအငွေ့ထုတ်လွတ်မှုစံနှုန်း အထက်ကျော်လွန်နေသည့်အရည်အသွေးများ | |
| ဇန်န၀ါရီ | ဖေဖော်ဝါရီ | ||
| ၁
|
ဘုရင့်နောင် | PM 2.5 ၊ PM 10 ၊နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2) နှင့် ဆာလဖာဒိုင်အောက်ဆိုဒ် (SO2) | PM 2.5 ၊ PM 10 ၊နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2) |
| ၂ | မြေနီကုန်း | PM 2.5 နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2) | PM 2.5 ၊ PM 10 နှင့် ဆာလဖာဒိုင်အောက်ဆိုဒ် (SO2) |
| ၃ | တာမွေလမ်းဆုံ | PM 2.5 နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2) | PM 2.5 ၊ PM 10 ၊နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2)၊ ဆာလဖာဒိုင်အောက်ဆိုဒ် (SO2) |
| ၄ | မြို့တော်ခန်းမရှေ့ | PM 2.5 ၊ PM 10 ၊နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2)၊ ဆာလဖာဒိုင်အောက်ဆိုဒ် (SO2) | PM 2.5 ၊ PM 10 ၊နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2)၊ ဆာလဖာဒိုင်အောက်ဆိုဒ် (SO2) |
*Above results were recorded within months of November & December 2018 under guideline of Myanmar Emission

0 Comments