Agriculture Biodiversity Conservation & Development

ABCD

လူတွေအစားများတဲ့ ဟင်းသီးဟင်းရွက် က ဂေါ်ဖီ၊ ပန်းမုံလာ၊ မုံညှင်း၊ ဆလတ်၊ ကညွတ်၊ရုံးပတီ၊ ပဲသီးတောင့်၊ ဘူး၊ဖရုံ၊သခွား၊ ကြက်ဟင်းခါးသီး၊ ချဉ်ပေါင်၊ ကန်ဇွန်းရွက်၊ဟင်းနုနွယ်၊ ခရမ်းချဉ်၊ ခရမ်းသီး၊ မှို၊ မျှစ်၊ ပဲပင်ပေါက်၊ ကိုက်လံ အစရှိသဖြင့် တွေ့ရမယ်။ ဒီအပြင် သဘာဝအလျှောက်ပေါက်တဲ့ အပင်တွေက ဟင်းစားရတဲ့ အမျိုးအမည်က လည်းအများအပြားရှိပါသေးတယ်။ ဒေသ အလျှောက်တော့ ကွဲပြားမယ်ထင်ပါတယ်။ ဥပမာ ဧရာဝတီတိုင်းမှာ ရတဲ့ ဟင်းစားပင်နဲ့ အညာမှာ စားလေ့စားထရှိတဲ့ အပင်တွေ မတူနိုင်ပါဘူး၊ တချို့ဟင်းစားပင်တွေက အပင်ကြီးတွေက ရတယ်၊ တချို့က ခြုံပင် ပေါင်းပင် နွယ်ပင်လိုအပင်တွေကရတယ်။ ဒီလို ရာသီအလိုက်သဘာဝ ပေါက်ပင်တွေက ရတဲ့ စားလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေက အလွန်တန်ဖိုးရှိပါတယ် အဟာရစုံလင်တယ်၊ ပိုးသတ်ဆေး ကင်းတယ်။ ငွေကုန်ကြေးကျနည်းတယ်။ food diversity ဖြစ်တဲ့အတွက် စားနပ်ရိက္ခာဖူလုံရေးကို အထောက်အကူပြုတယ်။ အထူးသဖြင့် ရာသီဥတုပြောင်းလဲ ခြင်းကို ကြုံတွေ့ လာရတဲ့လို့ ပုံမှန်စိုက်ပျိုးစားသုံးတဲ့ ဟင်းသီးဟင်းရွက်တွေ ရောဂါထူပြော လာချိန်မှာ အစားထိုးနိုင်တယ်။
လက်ရှိမှာ လူအစားများတဲ့ ဟင်းသီးဟင်းရွက်တွေကို ကုမ္ပဏီကြီးတွေက သုတေသနပြုလုပ် ပြီးမျိုးသန့်ကာ မျိုးစေ့ထုတ်ရောင်းကြတော့ စိုက်ပျိုးသူအများ မျိုးကျွန်ဖြစ်ရရှာတယ်။ Food Monopolyလူအများစားတဲ့ရိက္ခာဟာ လက်တစုတ်စာ အရင်းရှင် ကုမ္ပဏီကြီးတွေရဲ့ လက်ဝါးကြီးအုပ်ဒဏ်ကိုခံရတယ်။ မဖြစ်သင့်တဲ့အရာပါ။ Food sovereignty လို့ခေါ်တဲ့ ကျွန်တော်တို့ရဲ့ စားနပ်ရိက္ခာ အပေါ်ကိုယ်ပိုင်စီမံခွင့် လွတ်လပ်ခွင့်ဟာ ဆုံးရှုံးရပါတယ်။ သူတို့ပြုသမျှနုရပါတယ်။
ဒါကြောင့် agrodiversity အတွက်ဒီအပင်တွေရဲ့ genetic မျိုးရိုးဗီဇနဲ့ ပင်ရင်းကိုထိန်းပြီး သုတေသနပြုလုပ် ကာကွယ်စောင့်ရှောက်ထားသင့်တယ်။ ကျွန်တော်ကတော့ အလွယ်မှတ်လို့ရအောင် ABCD လို့ အမည်ပေးတယ်၊ Agriculture Biodiversity Conservation & Development ပါ။ တောင်ပေါ်မှာ ရေထွက်တောလေးတွေထိန်းပါ၊ အညာမှာ ခြောက်သယောင်းခြုံတောပေမဲ့ ထိန်းပါ၊ အောက်ပြည်မှာတော့ ချောင်းရိုးတလျှောက်နဲ့ ရေစိမ့်၊ ရေဝပ်တောတွေကိုထိန်းပါ။ လူတွေစားဖို့ စားနပ်ရိက္ခာတွေရပါတယ်။ သူ့တန်ဖိုးကို လျှော့မတွက်ကြပါနဲ့။

Sayar Win

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *