Training of Trainers on “Role of CSOs for Conflict Resolution Through Understanding Resource Management & Rights” held in Yangon for five days

မြန်မာနိုင်ငံတွင် မြေယာ၊ သယံဇာတအရင်းအမြစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါ်ကြွယ်ဝသော်လည်း အရှေ့တောင်အာရှနိုင်ငံများအတွင်း တိုးတက်မှု အနှေးကွေးဆုံးသော နိုင်ငံအဖြစ် ကျန်ရှိနေပြီး ပတ်ဝန်းကျင်ရေးရာနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး အညွှန်းကိန်းများမှာလည်း တိုးတက်မှု အားနည်းနေသည်။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းများ ဖြစ်သော စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ အရပ်သားအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲခြင်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုကိုပါ တစ်ပြိုင်နက်ကြိုးပမ်းလျက်ရှိကာ လက်နက်ကိုင်ပဋိပက္ခများ အချိန်အတော်ကြား စွဲကပ်နေခဲ့သည့် မြန်မာနိုင်ငံတွင် မြေယာနှင့် သယံဇာတများ ဆက်စပ်သည့် ကိစ္စရပ်များကို အခြေခံကာ လက်နက်ကိုင်ပဋိပက္ခများစွဲကပ်နေခဲ့ရာမှ တိုင်းပြည်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လျက် ရှိသည်။

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေဖြင့် မြေယာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ကိစ္စရပ်များတွင် အမြင်ဖွင့်ပေးပညာပေး၊ စည်းရုံးလှုံ့ဆော်ခြင်းနှင့် နည်းပညာပေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး လက်ရှိ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သယံဇာတ စီမံခန့်ခွဲမှုများအား မိမိတို့ အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် ကောင်းစွာနားလည်စေပြီး  ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထိရောက်စွာ ပါဝင်ဆွေးနွေးနိုင်စေရန် JPF ၏ ပံ့ပိုးမှုဖြင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသာင်္ရီတိုင်းဒေသကြီးမှ ပတ်ဝန်းကျင်နှင့် မြေယာအရေး လုပ်ဆောင်နေသော အရပ်ဘက်အဖွဲ့အစည်းများကို ဖိတ်ကြားကာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ရန်ကုန်မြို့ စကားဝါခန်းမ၊ ဒိုင်းမွန်းကွန်ဒို၊ တာဝါ – E တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့အထိ (၅) ရက်ကြာ ကျင်းပဆောင်ရွက်ခဲ့သည်။ သင်တန်းတွင် ဒီမိုကရေစီနှင့် ဒီမိုကရက်တိုက်ဇေးရှင်း အကြောင်း၊ ကွဲပြားမှုကြီးမားသည့် လူ့အဖွဲ့အစည်းများတွင် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် သယံဇာတ ထုတ်ယူ သုံးစွဲမှု ဆက်စပ်ပုံ၊ FLEGT/EITI နှင့်ပတ်သက်သော အကြောင်းအရာများ၊ ထိရောက်သော ပြန်ကြားဆက်သွယ်ခြင်း အကြောင်းအရာများ၊ သယံဇာတမြေပုံရေးဆွဲခြင်းဆိုင်ရာ နည်းစနစ်များကို သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *