Community Forestry Could Be one Of the Most promising ways To Adapt Climate Change

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော များသည် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်ရန် အလားအလာအရှိဆုံး နည်းလမ်းတစ်ခုဖြစ်နိုင်
၂၀၀၈ ခုနှစ် မေလတွင်ဖြစ်ပွားခဲ့သည့် လူပေါင်း ၁ သိန်းကျော်၏အသက်ကိုနှုတ်ယူသွားခဲ့သော နာဂစ်မုန်တိုင်းမှ စ၍ လတ်တလော လူ ၈၀ ကျော်အသက်ဆုံးရှံးခဲ့ရသည် မြေပြိုတောင်ပြိုမှုများ အထိ ဖြစ်စဉ်များမှာ ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲဆိုးကြိုးများပင်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲခြင်းနှင့်သက်ဆိုင်သော သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်လာလျင် အတွေ့အကြုံ အသင့်အတင့်ရနေပြီလို့ ပြောနိုင်ပါတယ်။ ထိုကဲ့သို့သော အခြေအနေများကို တွန်းလှန်နိုင်ရန် အတွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော(Community Forest) ကဲ့သို့သော သဘာဝဘေးအန္တရာယ်ကို ကာကွယ်နိုင်ရန် အစီအစဉ်များလည်းပေါ်ထွက်လာသည်။
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော (Community Forest – CF)ဆိုသည်မှာ ဒေသခံပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ရသည့် ရေရှည်တည်တံ့စေသော သစ်တောသစ်ပင် စီမံအုပ်ချုပ်အသုံးပြုခြင်းဆိုင်ရာ သစ်တောလုပ်ငန်းများကိုဆောင်ရွက်သည့် လုပ်ငန်းတစ်ရပ်ရပ်ကိုဆိုလိုသည်။ CF တွင် တစ်နိုင်တစ်ပိုင်အဖြစ်မှ စီးပွားဖြစ်အဆင့်အထိ အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများ ဖန်တီးရန်၊ အစားအစာထုတ်လုပ်ရန်၊ ဂေဟစနစ်တည်ငြိမ်လာစေရန်နှင့် သဘာဝပတ်ဝန်းကျင်အခြေအနေကောင်းမွန်လာစေရန် အစရှိသည့်ရည်ရွယ်ချက်များ အတွက် သစ်တောစိုက်ခင်း အသစ်များတည်ထောင်ခြင်းနှင့် တည်ရှိနေသော သစ်တောများကို စီမံအုပ်ချုပ်ခြင်းတို့ပါဝင်သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော CF လမ်းညွှန်တွင်ဖော်ပြထားသည်။ အထက်ဖော်ပြပါအကြောင်းအရာများသည် မြန်မာနိုင်ငံ ၏ ရာသီဥတု ပြောင်းလဲခြင်းကိုတိုက်ဖျက်ရန် လွန်စွာအရေးပါသည်။ နိုင်ငံတော်အစိုးရဘက်မှလည်း ထိုအချက်ကိုလက်ခံ၍ ၂၀၀၁ ခုနှစ်မှ ၂၀၃၀ အတွင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော ၉၂၀,၀၀၀ ဟက်တာကို တည်ထောင်ရန် Master Plan တစ်ခု ရေးဆွဲခဲ့သည်။ သို့သော် အဆိုပါ သစ်တောများသည် ရပ်ရွာဒေသခံလူထုအား သိသာထင်ရှားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ပြီး၊ ၎င်းတို့အနေဖြင့် ရာသီဥတုပြောင်းလဲခြင်းကို ကောင်းစွာထိန်းချုပ်လာနိုင်ပြီလား မေးစရာရှိသည်။
ကနေဒါနိုင်ငံ၊ “The Center for People and Forests and the University of Toronto” ၏ သုတေသန အသင်းမှ မြန်မာနိုင်ငံ ရှိ ခြောက်သွေ့ဇုန်များကို လေ့လာဆန်းစစ်ချက်များအရ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော များသည် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်ရန် အလားအလာအရှိဆုံး နည်းလမ်းတစ်ခုဖြစ်နိုင်ကြောင်း၊ သို့သော် တစ်ချို့သောစိန်ခေါ်မှုများကို ဦးစွာဖြေရှင်းရန်လိုအပ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ရှေးဦးစွာ အစိုးရအသိအမှတ်ပြုလတ်မှတ်ရရှိဖို့အရေး လွန်စွာမှရှုတ်ထွေးသော လုပ်ငန်းစဉ်များကိုဖြတ်သန်းရနိုင်သောကြောင့် များအတွက် ဖွံ့ဖြိုးရေးပိုင်းဆိုင်ရာတွင် နှောင့်နှေးစေနိုင်သည့် အလားအလာရှိသဖြင့် အသစ်တည်ထောင်ထားသော ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများအနေဖြင့် အစိုးရအသိအမှတ်ပြုလတ်မှတ်ကို အရင်ရရှိထားရန်လိုအပ်သည်။
တစ်ကယ်တမ်းကျတော့ မြန်မာနိုင်ငံရှိ CF သစ်တောအများစုမှာ သက်မှတ်စံနှုန်းထက် အဆင့်အတန်းမျာစွာနှိမ့်ကျနေသည့်အပြင်၊ လူမူအကျိုးစီးပွားအတွက် အထောက်အပံ့ထင်သလောက်မဖြစ်ပေ။ ဒေသခံများဘက်မှလည်း လိုအပ်သည့် စက်ပစ္စည်းကိရိယာများ ပြည့်ပြည့်စုံစုံမရှိ သောကြောင့် အရပ်ဘက်လူ့အဖွဲ့အစည်း များနှင့် အစိုးရအေဂျင်စီများက တက်နိုင်သလောက် ပူးပေါင်းလုပ်ဆောင်ပေးရန်လည်းလိုအပ်သည်
ပွင့်လင်းမြင်သာသည့် အချက်အလက်များ
အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိသော အချက်အလက် ဒေတာစစ်စတမ်များ ထောက်ပံ့ခြင်းနှင့် ဒေသခံသစ်တောအသုံးပြုသူများနှင့် ပုံမှန်အစည်းအဝေးများ ကျင်းပခြင်းဖြင့် ဒေသခံလူအဖွဲ့အစည်းတို့အပေါ် ဝန်ထုတ်ဝန်ပိုးကို လျှော့ချပေးနိုင်သည်။ နိုင်ငံတော်အစိုးရမှလည်း အစိုးရဆိုင်ရာအချက်အလက်များနှင့် အစိုးရမဟုတ်သော အရင်းအမြစ် များကို လွယ်ကူစွာရယူနိုင်သည့် OneMap Myanmar Initiative ဆိုသည့် အင်တာနက် အခြေပြု အွန်လိုင်း ဒေတာ ပလက်ဖောင်း တစ်ခုအား ပဏာမခြေလှမ်းအနေဖြင့် တည်ဆောက်ထားသည်။ ပွင့်လင်းမြင်သာမှုရှိသော အချက်အလက်များရရှိခြင်းသည် ရပ်ရွာနှင့်လူထု ကို ထိပ်တိုက်ထိတွေ့မှုရရှိစေသည့်အပြင်၊ ရပ်ရွာလူထု၏ အကျိုးစီးပွားပိုမိုတို့တက်လာစေရန် အစိုးရဘက်မှလည်း အဆိုပါ ပလက်ဖောင်းများမှ တစ်ဆင့်အကူအညီများပေးအပ်နိုင်သည်။
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောထူထောင်သည်နှင့် တစ်ပြိုင်နက် လူမှုအကျိုးစီးပွားရရှိစေရေးအတွက် မြေယာပြန်လည်ထူထောင်ရေးကို အာရုံစိုက်သင့်ပေသည်။ ပြန်လည်ထူထောင်ရေးတွင် ဘဏ္ဍာရေးအရ ရေရှည်တည်တံ့မှုရရှိစေရန် အစိုးရနှင့် အခြားသောအဖွဲ့အစည်းများမှ ရပ်ရွာလူထုအတွက် အကျိုးရှိစေမည့် ဘဏ္ဍာရေးဆိုင်ရာ ယန္တရားများချမှတ် ပေးသင့်သည်။ ဥပမာအားဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ရပ်ရွာအခြေအပြုချေးငွေ အစီအစဉ်သည် ဒေသခံများ၏ သစ်တောစီမံခန့်ခွဲမှုတွင် များစွာအထောက်အပံ့ပေးသည်။ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် မှ စတင်ကာ ဘဏ်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ပြီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် ACLEDA ဘဏ်က တည်ထောင်ထားသော ACLEDA MFI Myanmar Co.Ltd သည်ပြီးခဲ့သည့်နှစ်ကုန် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ငွေချေးယူသူ ၈၃၆၁ ဦး ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၆ သန်းထုတ်ချေးခဲ့ပြီး အားလုံးအပြည့်အဝပြန်လည်ရရှိသည်အထိ လုပ်ငန်းအောင်မြင်ခဲ့သည်။
သို့ပေမဲ့ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေမှာ ဒေသခံ သစ်တောအသုံးပြုသူများသည် ချေးငွေ ထုတ်ချေးရန်အတွက် လိုအပ်သည့် အရင်းအနှီးများမရှိခြင်းကြောင့် အမြတ်အစွန်းကောင်းသောလုပ်ငန်းများကို စတင်ရန်ရုန်းကန်နေကြသည့်အခြေအနေဖြစ်သည်။ အချို့သောနေရာများတွင် NGO ကဲ့သို့ အကျိုးအမြတ်မယူသော အဖွဲ့အစည်းများမှ လှူဒါန်းငွေများရရှိသော်လည်း ပြင်ပအကူအညီများကို လိုအပ်နေဆဲဖြစ်သည်။ မိမိတို့အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ အလားတူလုပ်ဆောင်နိုင်မည်ဆိုပါက ဒေသခံများအနေဖြင့် ကိုယ်ပိုင်ဖူးလုံမှု ရရှိလာစေပြီး၊ ရေရှည်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများ ပိုမိုအားကောင်းလာစေလိမ့်မည်ဖြစ်သည်။
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော အသိအမှတ်ပြုလတ်မှတ်ရရှိထားသော သစ်တောများသည် ဒေသခံလူထုအတွက် လုံခြုံစိတ်ချရသော မြေယာပိုင်ဆိုင်မှုအခွင့်အရေးများ၊ သစ်တောစီမံခန့်ခွဲမှုနှင့် ပတ်သက်သော ဗဟုသုတများနှင့် ရာသီဥတု နှင့် ပတ်သက်သော အချက်အလက်များကို မျှဝေနိုင်သော လူမှုကွန်ယက်များ စသည့် အကျိုးအမြတ်များကို ဆောင်ကျဉ်းပေးနိုင်သည်။
အစိုးရအနေဖြင့် ၎င်းတို့၏ရည်မှန်းချက်ဖြစ်သည့် ၉၂၀,၀၀၀ ဟက်တာကျယ်ဝန်းသည့် သစ်တောဧရိယာများ ဖြစ်မြောက်ရေးအတွက် ဒေသခံများနှင့် ပိုမိုထိတွေ့ဆက်ဆံနိုင်ရမည်ဖြစ်သည်။ ထို့ပြင် ယင်း CF များသည် ရာသီဥတုပြောင်းလဲခြင်းကို တိုက်ဖျက်ရန် အတွက် အရေးပါသောမဟာဗျူဟာ တစ်ခုအဖြစ်တည်ရှိသည်။ လူမှုကွန်ယက်များ၊ အသိပညာဗဟုသုတများသည် ထိုမဟာဗျုဟာ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့်သာ ပါဝင်တော့သည်။ နိဂုံးချုပ်အနေဖြင့် ဆိုရသော် ဒေသခံများအနေဖြင့် အစိုးရအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းလုပ်ကိုင်မှသာ CF တည်ထောင်ခြင်း၏အကျိုးရလဒ်များဖြစ်သော ကျေးလက်နေပြည်သူများ၏ ဘဝကိုတိုးတက်စေနိုင်ခြင်းနှင့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ခြင်း အစရှိသည့်အကျိုးကျေးဇူးများကို အပြည့်အဝခံစားနိုင်မည်ဖြစ်သည်။

ဒီဆောင်းပါးသည် လူနှင့်သစ်တောများဗဟိုဌာန (RECOFTC) ရဲ့ သုတေသီ Tian Lin နဲ့ RECOFTC မြန်မာနိုင်ငံဌာနေအစီအစဉ်ညွှန်ကြားရေးမှူး ဒေါက်တာ မောင်မောင်သန်း ပြုစုရေးသားခြင်းဖြစ်ပြီး စိမ်းလမ်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဘာသာပြန်သည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *