Plan International Myanmar မှ ပြုလုပ်သော အလုပ်အကိုင် အခွင့်အလမ်းပြပွဲ ALARM တက်ရောက်
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်(ဗုဒ္ဓဟူးနေ့) က ပြည်သူ့ရင် ပြင်တွင် ကျင်းပခဲ့သော Plan International Myanmarမှ စီစဉ်ကျင်းပသည့် “တန်းတူညီမျှ မိန်းကလေးတို့ဘဝ – (၉၉) ရက်တာ လှုပ်ရှားမှု အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း အထိမ်းအမှတ်အခမ်းအနား အဖြစ် အလုပ်အကိုင်အခွင့် အလမ်းပြပွဲ နှင့် တေးဂီတဖျော်ဖြေပွဲ” ကို ALARM မှ ပါဝင်တက်ရောက်ခဲ့သည်။
အလုပ်အကိုင် အခွင့်အလမ်းပြပွဲ သို့ ALARM အပါအဝင် NGO/INGO အဖွဲ့အစည်းများ၊ ဘဏ်များ၊ ကုမ္ပဏီများ အပါအဝင် အဖွဲ့အစဉ်းစုစုပေါင်း (၅၂)ခု ပါဝင်တက်ရောက်ခဲ့သည်။ လူငယ်များအတွက် သင့်တင့်ကောင်းမွန်သော အလုပ်အကိုင်အခွင့် အလမ်းများကိုမျှဝေလိုသော ရည်ရွယ်ချက်ဖြင့် Plan International Myanmar နှင့် ရန်ကုန်တိုင်းဒေကြီး လူငယ်ရေးရာ ကော်မတီတို့ မှ ပူပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး တက်ရောက်လာကြသော အဖွဲ့အစည်းများမှ လာရောက်လေ့လာသူများကို အလုပ်သင်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ(Internship and job opportunities)၊ ပညာရေးဆိုင်ရာအခွင့်အလမ်း(learning and scholarship opportunities)များကိုရှင်းလင်းပြသခဲ့သည်။









0 Comments