Findings from red blood lake in Tachilake

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားေနသည့္ ေသြးနီအိုင္မ်ား၏ ေတြ႕ရွိခ်က္မ်ား

Findings from red blood lake in Tachilake

ေကာက္ယူရရွိေသာ ေရနမူနာရလဒ္ အားလံုးလိုပင္ ေျမခ်ဥ္ငံကိန္း (PH)တန္ဖိုးအလြန္က်ဆင္း၍ အက္စစ္ဓါတ္အတြင္းေရာက္ရွိေနသည္ကိုေတြ႔ရျပီး အျခားသတၱဳဓါတ္မ်ားလည္းအလြန္ ျမင္႔မားလ်က္ရွိေႀကာင္းေတြ႔ရသည္။ ေျမခ်ဥ္ငံကိန္း (pH)ဆိုသည္မွာအက္စစ္အေျခအေနႏွင့္ ေဘ့စ္အေျခအေနကိုျပေသာစမ္းသပ္ခ်က္ျဖစ္သည္။

ေရနမူနာမ်ားအရ သဘာ၀စိမ့္စမ္းေရမ်ားျဖစ္ေသာ္လည္း မိုင္းတူးထားေသာေနရာႏွင့္ ေရစိမ့္ထြက္ရာ လမ္းေႀကာင္းတြင္ ဓါတ္သတၱဳမ်ားတူးေဖၚထားရာေနရာမ်ားကို ျဖတ္သန္းလာနိုင္ျခင္းေႀကာင့္လည္းေကာင္း၊ သဘာဝေၾကာင့္လည္းေကာင္း သတၱဳဓါတ္မ်ားျဖစ္ေသာ ဒါန္သတၱဳဓါတ္၊ မဂၢၢနိစ္ဓါတ္၊ သံဓါတ္၊ နီကယ္ဓါတ္၊ ခဲဓါတ္၊ ေႀကးနီဓါတ္၊ ကက္(ဒ္)မီယံဓါတ္နွင့္ ဆိုင္ယာႏိုဒ္တို႔ ျမင့္မားလ်ွက္ရွိေႀကာင္းေတြ႔ရသည္။ ဆိုင္ယာႏိုဒ္သည္ သဘာ၀သစ္သီးအခ်ိဳ႕နွင့္ ဘစ္တီးရီးယားတို႔၏ဓါတ္ျပဳျခင္းတို႔မွ ထြက္ရွိနိုင္သည့္အျပင္ သတၱုဳတူးေဖၚေရးလုပ္ငန္းမ်ား၏ ဆိုင္ယာႏုိဒ္မဆင္မျခင္အသံုးျပဳျခင္းေႀကာင့္လည္းေကာင္း သဘာဝပတ္ဝန္းက်င္ကို ညစ္ညမ္းနိုင္ပါသည္။ ထို႔ျပင္ သတၱဳဓါတ္မ်ားျဖစ္ေသာ ဒါန္သတၱဳဓါတ္၊ မဂၢၢနိစ္ဓါတ္၊ သံဓါတ္၊ နီကယ္ဓါတ္၊ ခဲဓါတ္၊ ေႀကးနီဓါတ္၊ ကက္မီယံဓါတ္တို႔မွာလည္း သတၱဳတူးေဖၚေရးတြင္ သဘာ၀အေလ်ာက္ သတၱိဓါတ္အမ်ိဳးမ်ိဳးထြက္ရွိနိုင္ပါသည္။

ထို႔ျပင္ ေဒသခံမ်ားတူးေဖာ္ထားေသာ မိုင္းအနီးရွိေရကန္တြင္လည္း မိုးမရြာမီနွင့္ မိုးရြာျပီးအေျခအေနႏွစ္မ်ိဴးလံုးအတြက္ ေရနမူနာႏွစ္မ်ိဳးလံုးတြင္လည္း အက္စစ္ဓါတ္မ်ားႏွင့္ သတၱဳဓါတ္တို႔မွာလည္း အလြန္ျမင္႔မားလ်ွက္ရွိေႀကာင္းေတြ႔ရသည္။ မိုးရြာျပီးအေျခအေနတြင္  မိုးေရနွင့္ေရာသြားသျဖင့္ေရပမာဏမ်ားသြားျခင္းေႀကာင့္ သတၱဳဓါတ္နွင့္ အျခားဓါတ္မ်ားေပ်ာ္ဝင္မႈ အနည္းငယ္ေလ်ာ့က်သြားေသာ္လည္း ပမာဏအလြန္ျမင့္မားေနဆဲျဖစ္ေႀကာင္း ေတြ႔ရသည္။

ထို႔ေႀကာင့္ “သတၱဳအဆိပ္သင့္ျခင္းမ်ားေၾကာင့္ျဖစ္ေသာ အာရံုေႀကာဆိုင္ရာေရာဂါမ်ား၊ ေက်ာက္ကပ္ေရာဂါ၊ နလံုးေရာဂါတို႔အျပင၊္ ၾကြက္တက္ေစႏုိင္ျခင္း၊ ကေလးငယ္မ်ားခႏၱာကိုယ္ႀကီးထြားမူ ေႏွာင့္ေႏွးေစနိုင္ျခင္း၊ မွတ္ဥာဏ္ေလ်ာ့က်ျခင္းႏွင့္ အသက္ဆံုးရံႈနိုင္ျခင္းတို႔ ျဖစ္ေစနိုင္ပါသည္။ ထို႔ျပင္ ေရနမူနာေကာက္ယူေသာေနရာနွင့္ ျပည္သူလူထုအသံုးျပဳေသာ ေရတြင္းေရကန္မ်ားအၾကားကြာေဝးမႈ၊ မိုးရြာသြန္းမူ အေျခအေနနွင့္ ေရႀကီးေရလွ်ံျပႆနာမ်ားေၾကာင့္ ညစ္ညမ္းေသာေရမ်ား ေသာက္သံုးကန္ထဲေရာက္ရွိမူေပၚ ႀကိဳတင္ကာကြယ္ႏိုင္မည့္ အစီအစဥ္မ်ားကို စနစ္တက် ခ်မွတ္ေဆာင္ရြက္သင့္ပါသည္”ဟု စိမ္းလန္းအမိေျမဖြံ႔ျဖိဳးတိုးတက္ေရးအသင္း၏ ပတ္၀န္းက်င္ေရးရာဓါတ္ခြဲခန္းတာဝန္ခံမွ ေျပာၾကားသည္။

တာခ်ီလိတ္ၿမိဳ႕နယ္သည္ ရွမ္းျပည္နယ္အေရွ႕ဘက္အျခမ္းတြင္ တည္ရွိၿပီး ထိုင္း ျမန္မာနယ္စပ္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ မိုင္းကိုးအုပ္စု ၊ မက္မြန္တာ ၃ ေက်းရြာအနီး ေတာင္တန္းေပၚတြင္ ျဖစ္ေပၚေနသည့္ ေသြးနီအိုင္မ်ား ဟု ဇူလိုင္လ ၂၀၁၉ ခုႏွစ္အတြင္း လူမွဳကြန္ယက္ေတြမွာ ပ်ံ႕ႏွံ႕ေနသည္အတြက္ စိမ္းလန္းအမိေျမဖြံ႕ၿဖိဳးတိုးတက္ေရး အသင္းအေနျဖင့္ ေဒသခံလူမွဳအရပ္ဘက္အဖြဲ႕အစည္းမ်ား နွင့္ ခ်ိတ္္ဆက္ေမးျမန္းရာ တာခ်ီလိတ္ၿမိဳ႕နယ္ ရွိ သဘာဝေဘးအႏၱရာယ္ကူညီေရးအဖြဲ႕ မွ တာဝန္ရွိသူ ဦးေဖခင္မွ ၄င္းတို႕ အဖြဲ႕နွင့္ အတူ  ဇူလိုင္လ ၂၆ ရက္ေန႕တြင္ ၎ေဒသအတြင္းရွိ ေရမ်ားႏွင့္ပတ္သက္၍ ေရနမူနာမ်ာျဖစ္ေသာ မိုင္းတူးထားေသာေနရာတြင္းရွိ စိမ့္စမ္းေရတစ္ေနရာ၊ ေခ်ာင္းအနီးမိုင္းတူးထားေသာေနရာအနီးရွိ ေရကန္နမူနာမ်ား၊ မိုးမရြာခင္နွင့္ မိုးရြာျပီးေရနမူနာ၊ စုစုေပါင္း သံုးေနရာမွ ေရနမူနာမ်ားအား သြားေရာက္ရယူၿပီး စိမ္းလန္းအမိေျမဖြံ႔ျဖိဳးတိုးတက္ေရးအသင္း၏ ပတ္၀န္းက်င္ေရးရာဓါတ္ခြဲခန္းသို႔ အခ်ိန္မွီပို႔ေဆာင္ခဲ့ရာ ေရနမူနာမ်ားကို ၾသဂုတ္လ ၈ ရက္ေန႔တြင္ ဓါတ္ခြဲခန္းမွ လက္ခံရရွိျပီး စမ္းသပ္တိုင္းတာခဲ့ျခင္းျဖစ္သည္။

ျဖစ္ပြားပံုမွာ ေဒသခံမ်ား၏ ေျပာၾကားခ်က္အရ ၄င္းတို႔ေက်းရြာတြင္ ေရပိုက္လိုင္းမ်ား ေရမစီးဆင္းေတာ့သည့္ အတြက္ ေတာင္ေပၚသို႕ သြားေရာက္ စစ္ေဆးရာ၊ ေသြးကဲ့သို႕ နီရဲေသာ အိုင္မ်ားကို ေတြ႕ရွိရသည့္ အတြက္ လူမွဳကြန္ယက္ မ်က္ႏွာစာေပၚတင္လိုက္သည့္အတြက္ လူအမ်ား သိရွိရျခင္းျဖစ္သည္။ ၄င္းအိုင္မ်ားအနီးအနားတြင္ မဂၢနီစ္မိုင္းမ်ား ရွိေၾကာင္းႏွင့္ အျခား ေရႊျဖဴ ႏွင့္ ေၾကးနီမိုင္းမ်ာ းလည္း ရွိေၾကာင္းကို ေရနမူနာေကာက္ယူခဲ့သည့္ အဖြဲ႕မွ တာဝန္ခံမွ ဆက္လက္ေျပာၾကားခဲ့သည္။ ထို႔ျပင္ သတၱဳအဆိပ္အိုင္မ်ား အနီးရွိေနရာမ်ားတြင္ေနထိုင္ၾကသည့္ ေဒသခံမ်ားအေနျဖင့္လည္း ပတ္ဝန္းက်င္ေရးရာအသိအျမင္မ်ား ဖြံ႔ျဖိဳးရန္လိုအပ္ျပီး ၎သတၱဳအဆိပ္အိုင္မ်ားကို ထိေတြ႔ကိုင္တြယ္ျခင္းမျပဳရန္အေရးၾကီးသည္ဟု စိမ္းလန္းအမိေျမဖြံ႔ျဖိဳးတိုးတက္ေရးအသင္း၏ ပတ္ဝန္းက်င္ေရးရာတာဝန္ခံ ဦးေအးခ်မ္းေမာင္မွ ထပ္ေလာင္းေျပာၾကားသည္။

Unicode

တာချီလိတ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် သွေးနီအိုင်များ၏ တွေ့ရှိချက်များ
ကောက်ယူရရှိသော ရေနမူနာရလဒ် အားလုံးလိုပင် မြေချဉ်ငံကိန်း (PH)တန်ဖိုးအလွန်ကျဆင်း၍ အက်စစ်ဓါတ်အတွင်းရောက်ရှိနေသည်ကိုတွေ့ရပြီး အခြားသတ္တုဓါတ်များလည်းအလွန် မြင့်မားလျက်ရှိကြောင်းတွေ့ရသည်။ မြေချဉ်ငံကိန်း (pH)ဆိုသည်မှာအက်စစ်အခြေအနေနှင့် ဘေ့စ်အခြေအနေကိုပြသောစမ်းသပ်ချက်ဖြစ်သည်။
ရေနမူနာများအရ သဘာဝစိမ့်စမ်းရေများဖြစ်သော်လည်း မိုင်းတူးထားသောနေရာနှင့် ရေစိမ့်ထွက်ရာ လမ်းကြောင်းတွင် ဓါတ်သတ္တုများတူးဖေါ်ထားရာနေရာများကို ဖြတ်သန်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ သဘာဝကြောင့်လည်းကောင်း သတ္တုဓါတ်များဖြစ်သော ဒါန်သတ္တုဓါတ်၊ မဂ္ဂ္ဂနိစ်ဓါတ်၊ သံဓါတ်၊ နီကယ်ဓါတ်၊ ခဲဓါတ်၊ ကြေးနီဓါတ်၊ ကက်(ဒ်)မီယံဓါတ်နှင့် ဆိုင်ယာနိုဒ်တို့ မြင့်မားလျှက်ရှိကြောင်းတွေ့ရသည်။ ဆိုင်ယာနိုဒ်သည် သဘာဝသစ်သီးအချို့နှင့် ဘစ်တီးရီးယားတို့၏ဓါတ်ပြုခြင်းတို့မှ ထွက်ရှိနိုင်သည့်အပြင် သတ္တုုတူးဖေါ်ရေးလုပ်ငန်းများ၏ ဆိုင်ယာနိုဒ်မဆင်မခြင်အသုံးပြုခြင်းကြောင့်လည်းကောင်း သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းနိုင်ပါသည်။ ထို့ပြင် သတ္တုဓါတ်များဖြစ်သော ဒါန်သတ္တုဓါတ်၊ မဂ္ဂ္ဂနိစ်ဓါတ်၊ သံဓါတ်၊ နီကယ်ဓါတ်၊ ခဲဓါတ်၊ ကြေးနီဓါတ်၊ ကက်မီယံဓါတ်တို့မှာလည်း သတ္တုတူးဖေါ်ရေးတွင် သဘာဝအလျောက် သတ္တိဓါတ်အမျိုးမျိုးထွက်ရှိနိုင်ပါသည်။
ထို့ပြင် ဒေသခံများတူးဖော်ထားသော မိုင်းအနီးရှိရေကန်တွင်လည်း မိုးမရွာမီနှင့် မိုးရွာပြီးအခြေအနေနှစ်မျိူးလုံးအတွက် ရေနမူနာနှစ်မျိုးလုံးတွင်လည်း အက်စစ်ဓါတ်များနှင့် သတ္တုဓါတ်တို့မှာလည်း အလွန်မြင့်မားလျှက်ရှိကြောင်းတွေ့ရသည်။ မိုးရွာပြီးအခြေအနေတွင် မိုးရေနှင့်ရောသွားသဖြင့်ရေပမာဏများသွားခြင်းကြောင့် သတ္တုဓါတ်နှင့် အခြားဓါတ်များပျော်ဝင်မှု အနည်းငယ်လျော့ကျသွားသော်လည်း ပမာဏအလွန်မြင့်မားနေဆဲဖြစ်ကြောင်း တွေ့ရသည်။
ထို့ကြောင့် “သတ္တုအဆိပ်သင့်ခြင်းများကြောင့်ဖြစ်သော အာရုံကြောဆိုင်ရာရောဂါများ၊ ကျောက်ကပ်ရောဂါ၊ နလုံးရောဂါတို့အပြင၊် ကြွက်တက်စေနိုင်ခြင်း၊ ကလေးငယ်များခန္တာကိုယ်ကြီးထွားမူ နှောင့်နှေးစေနိုင်ခြင်း၊ မှတ်ဉာဏ်လျော့ကျခြင်းနှင့် အသက်ဆုံးရှုံနိုင်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။ ထို့ပြင် ရေနမူနာကောက်ယူသောနေရာနှင့် ပြည်သူလူထုအသုံးပြုသော ရေတွင်းရေကန်များအကြားကွာဝေးမှု၊ မိုးရွာသွန်းမူ အခြေအနေနှင့် ရေကြီးရေလျှံပြဿနာများကြောင့် ညစ်ညမ်းသောရေများ သောက်သုံးကန်ထဲရောက်ရှိမူပေါ် ကြိုတင်ကာကွယ်နိုင်မည့် အစီအစဉ်များကို စနစ်တကျ ချမှတ်ဆောင်ရွက်သင့်ပါသည်”ဟု စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ပတ်ဝန်းကျင်ရေးရာဓါတ်ခွဲခန်းတာဝန်ခံမှ ပြောကြားသည်။
တာချီလိတ်မြို့နယ်သည် ရှမ်းပြည်နယ်အရှေ့ဘက်အခြမ်းတွင် တည်ရှိပြီး ထိုင်း မြန်မာနယ်စပ် မြို့တစ်မြို့ဖြစ်သည်။ မိုင်းကိုးအုပ်စု ၊ မက်မွန်တာ ၃ ကျေးရွာအနီး တောင်တန်းပေါ်တွင် ဖြစ်ပေါ်နေသည့် သွေးနီအိုင်များ ဟု ဇူလိုင်လ ၂၀၁၉ ခုနှစ်အတွင်း လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေသည်အတွက် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းအနေဖြင့် ဒေသခံလူမှုအရပ်ဘက်အဖွဲ့အစည်းများ နှင့် ချိတ််ဆက်မေးမြန်းရာ တာချီလိတ်မြို့နယ် ရှိ သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့ မှ တာဝန်ရှိသူ ဦးဖေခင်မှ ၄င်းတို့ အဖွဲ့နှင့် အတူ ဇူလိုင်လ ၂၆ ရက်နေ့တွင် ၎င်းဒေသအတွင်းရှိ ရေများနှင့်ပတ်သက်၍ ရေနမူနာမျာဖြစ်သော မိုင်းတူးထားသောနေရာတွင်းရှိ စိမ့်စမ်းရေတစ်နေရာ၊ ချောင်းအနီးမိုင်းတူးထားသောနေရာအနီးရှိ ရေကန်နမူနာများ၊ မိုးမရွာခင်နှင့် မိုးရွာပြီးရေနမူနာ၊ စုစုပေါင်း သုံးနေရာမှ ရေနမူနာများအား သွားရောက်ရယူပြီး စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ပတ်ဝန်းကျင်ရေးရာဓါတ်ခွဲခန်းသို့ အချိန်မှီပို့ဆောင်ခဲ့ရာ ရေနမူနာများကို သြဂုတ်လ ၈ ရက်နေ့တွင် ဓါတ်ခွဲခန်းမှ လက်ခံရရှိပြီး စမ်းသပ်တိုင်းတာခဲ့ခြင်းဖြစ်သည်။
ဖြစ်ပွားပုံမှာ ဒေသခံများ၏ ပြောကြားချက်အရ ၄င်းတို့ကျေးရွာတွင် ရေပိုက်လိုင်းများ ရေမစီးဆင်းတော့သည့် အတွက် တောင်ပေါ်သို့ သွားရောက် စစ်ဆေးရာ၊ သွေးကဲ့သို့ နီရဲသော အိုင်များကို တွေ့ရှိရသည့် အတွက် လူမှုကွန်ယက် မျက်နှာစာပေါ်တင်လိုက်သည့်အတွက် လူအများ သိရှိရခြင်းဖြစ်သည်။ ၄င်းအိုင်များအနီးအနားတွင် မဂ္ဂနီစ်မိုင်းများ ရှိကြောင်းနှင့် အခြား ရွှေဖြူ နှင့် ကြေးနီမိုင်းမျာ းလည်း ရှိကြောင်းကို ရေနမူနာကောက်ယူခဲ့သည့် အဖွဲ့မှ တာဝန်ခံမှ ဆက်လက်ပြောကြားခဲ့သည်။ ထို့ပြင် သတ္တုအဆိပ်အိုင်များ အနီးရှိနေရာများတွင်နေထိုင်ကြသည့် ဒေသခံများအနေဖြင့်လည်း ပတ်ဝန်းကျင်ရေးရာအသိအမြင်များ ဖွံ့ဖြိုးရန်လိုအပ်ပြီး ၎င်းသတ္တုအဆိပ်အိုင်များကို ထိတွေ့ကိုင်တွယ်ခြင်းမပြုရန်အရေးကြီးသည်ဟု စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ပတ်ဝန်းကျင်ရေးရာတာဝန်ခံ ဦးအေးချမ်းမောင်မှ ထပ်လောင်းပြောကြားသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *