Environmental Cleaning Service Plan in Mon State

မြန္ျပည္နယ္ ေရေဘးသင့္ေဒသမ်ားရွိ ပတ္ဝန္းက်င္သန္႔ရွင္းေရးလုပ္ငန္းအစီအစဥ္

(၀၉၊ ၀၄၊၂၀၁၉)

မြန္ျပည္နယ္ ေရေဘးသင့္ေဒသမ်ားရွိ ပတ္ဝန္းက်င္သန္႔ရွင္းေရးလုပ္ငန္းအစီအစဥ္ ကို ကနဦအေနျဖင့္ ေရၾကီးေရျမဳပ္ခဲ့သည့္ေက်းရြာ (၁၀)ရြာ (ပံုတြင္ေဖာ္ျပထား)  တြင္ ေဒသခံမ်ား၏ ပူးေပါင္းပါဝင္မႈႏွင့္အတူ စတင္ပူးတြဲျပဳလုပ္အေကာင္အထည္ေဖာ္ခဲ့ေၾကာင္းသတင္းရရွိသည္။

သြားေရာက္မည့္ ေက်းရြာ ၁၀ ရြာ

ပတ္ဝန္းက်င္သန္႔ရွင္းေရးလုပ္ငန္းစဥ္တြင္ (၁) ပတ္ဝန္းက်င္သန္႔ရွင္းေရးအျမင္ဖြင့္ေဆြးေႏြးျခင္း (၂) ပတ္ဝန္းက်င္ညစ္ညမ္းမႈဆန္းစစ္ျခင္းႏွင့္ အေရးၾကီးလိုအပ္ခ်က္မ်ားထုတ္ေဖာ္ျခင္း (၃) အနံဆိုးမ်ားထြက္ရွိရာ အမိႈက္က်င္းမ်ားႏွင့္ အညစ္အေၾကးစြန္႔ေနရာမ်ားအား အက်ိဳးျပဳဇီဝပိုးရည္ျဖင့္ ျဖန္းျခင္းႏွင့္ ေရတြင္းမ်ားရွိ ေရာဂါပိုးေပါက္ပြားမႈအေျခအေန ဆန္းစစ္ျခင္း (၄) ညစ္ညမ္းေရမ်ားစုပ္ထုတ္ျခင္း (၅) ေရတြင္းေရကန္မ်ားအား အက်ိဳးျပဳဇီဝပိုးရည္ျဖင့္သန္႔စင္ျခင္း (၆) ထိေရာက္မႈအေျခအေနျပန္လည္ဆန္းစစ္ျခင္းတို႔ပါဝင္ေၾကာင္း သိရသည္။

ေဒသခံမ်ား၏ ေတာင္းဆိုခ်က္အရ စိမ္းလန္းအမိေျမအသင္းအေနျဖင့္ မြန္ျပည္နယ္အတြင္းရွိ အစိုးရအဖြဲ႔အစည္းမ်ား၊ အရပ္ဘက္အဖြဲ႔အစည္းမ်ား၊ ေဒသခံမ်ားႏွင့္ပူးေပါင္း၍ ေရၾကီးနစ္ျမွပ္ရာ ေက်းရြာမ်ား တြင္ ပတ္ဝန္းက်င္သန္႔ရွင္းေရး ကို မိမိတို႔အေနျဖင့္ အားသြန္ခြန္စိုက္ကူညီလုပ္ေဆာင္လွ်က္ရွိသည္။

အဆိုပါေက်းရြာမ်ား၌ ပတ္ဝန္းက်င္သန္႔ရွင္းေရးလုပ္ငန္းအစီအစဥ္ အေကာင္အထည္ေဖာ္ရန္ စစ္တမ္းမ်ားျပဳစုျခင္းကို စက္တင္ဘာလ ၂ ရက္ ေန႔က ျပဳလုပ္ျပီးစီး ခဲ့၍ စက္တင္ဘာ ၃ ရက္ေန႔တြင္ စတင္အေကာင္အထည္ေဖာ္ႏိုင္ခဲ့သည္ ဟုသတင္းရွိသည္။ (Read this news with Unicode below)

စစ္တမ္းေကာက္ယူေနစဥ္

အေကာင္အထည္မေဖာ္ခင္ သရုပ္ျပေနစဥ္

အေကာင္အထည္မေဖာ္ခင္ သရုပ္ျပေနစဥ္

အေကာင္အထည္မေဖာ္ခင္ သရုပ္ျပေနစဥ္

စတင္ေဆးျဖန္း

စတင္ေဆးျဖန္း

Unicode

မွန်ပြည်နယ် ရေဘေးသင့်ဒေသများရှိ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းအစီအစဉ်
(၀၉၊ ၀၄၊၂၀၁၉)

မွန်ပြည်နယ် ရေဘေးသင့်ဒေသများရှိ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းအစီအစဉ် ကို ကနဦအနေဖြင့် ရေကြီးရေမြုပ်ခဲ့သည့်ကျေးရွာ (၁၀)ရွာ (ပုံတွင်ဖော်ပြထား) တွင် ဒေသခံများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ စတင်ပူးတွဲပြုလုပ်အကောင်အထည်ဖော်ခဲ့ကြောင်းသတင်းရရှိသည်။
ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းစဉ်တွင် (၁) ပတ်ဝန်းကျင်သန့်ရှင်းရေးအမြင်ဖွင့်ဆွေးနွေးခြင်း (၂) ပတ်ဝန်းကျင်ညစ်ညမ်းမှုဆန်းစစ်ခြင်းနှင့် အရေးကြီးလိုအပ်ချက်များထုတ်ဖော်ခြင်း (၃) အနံဆိုးများထွက်ရှိရာ အမှိုက်ကျင်းများနှင့် အညစ်အကြေးစွန့်နေရာများအား အကျိုးပြုဇီဝပိုးရည်ဖြင့် ဖြန်းခြင်းနှင့် ရေတွင်းများရှိ ရောဂါပိုးပေါက်ပွားမှုအခြေအနေ ဆန်းစစ်ခြင်း (၄) ညစ်ညမ်းရေများစုပ်ထုတ်ခြင်း (၅) ရေတွင်းရေကန်များအား အကျိုးပြုဇီဝပိုးရည်ဖြင့်သန့်စင်ခြင်း (၆) ထိရောက်မှုအခြေအနေပြန်လည်ဆန်းစစ်ခြင်းတို့ပါဝင်ကြောင်း သိရသည်။
ဒေသခံများ၏ တောင်းဆိုချက်အရ စိမ်းလန်းအမိမြေအသင်းအနေဖြင့် မွန်ပြည်နယ်အတွင်းရှိ အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံများနှင့်ပူးပေါင်း၍ ရေကြီးနစ်မြှပ်ရာ ကျေးရွာများ တွင် ပတ်ဝန်းကျင်သန့်ရှင်းရေး ကို မိမိတို့အနေဖြင့် အားသွန်ခွန်စိုက်ကူညီလုပ်ဆောင်လျှက်ရှိသည်။
အဆိုပါကျေးရွာများ၌ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရန် စစ်တမ်းများပြုစုခြင်းကို စက်တင်ဘာလ ၂ ရက် နေ့က ပြုလုပ်ပြီးစီး ခဲ့၍ စက်တင်ဘာ ၃ ရက်နေ့တွင် စတင်အကောင်အထည်ဖော်နိုင်ခဲ့သည် ဟုသတင်းရှိသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *