ပတ္ဝန္းက်င္ဆန္းစစ္ျခင္းႏွင့္ စီမံခန္႔ခြဲျခင္းသင္တန္း ဖြင့္လွစ္ေၾကာင္း ေၾကညာခ်က္

ပတ္ဝန္းက်င္ဆန္းစစ္ျခင္းႏွင့္ စီမံခန္႔ခြဲျခင္းသင္တန္း ဖြင့္လွစ္ေၾကာင္း ေၾကညာခ်က္

သင္ၾကားသြားမည့္အေၾကာင္းအရာမ်ား

စိမ္းလန္းအမိေျမ အသင္းမွ ပတ္ဝန္းက်င္ ဆန္းစစ္ ျခင္းႏွင့္ စီမံခန္႔ခြဲျခင္းသင္တန္းကို လစဥ္ပုံမွန္ က်င္းပသြားမည္ျဖစ္သည္။ သင္တန္းတြင္ ေအာက္ပါအေၾကာင္းအရာမ်ားကို အဓိကသင္ၾကားပို႔ခ်သြားမည္ျဖစ္သည္။

(၁) ပတ္ဝန္းက်င္ေရးရာ အေျခခံ ဗဟုသုတ
(၂) ပတ္ဝန္းက်င္ေရးရာ ဥပေဒမ်ား မိတ္ဆက္
(၃) ပတ္ဝန္းက်င္ ေလ့လာဆန္းစစ္ျခင္း နည္းစနစ္မ်ား အေျခခံသိေကာင္းစရာ
(၄) ပတ္ဝန္းက်င္ ထိခိုက္မႈေလွ်ာ့ခ်ႏိုင္မည့္နည္းလမ္းမ်ားသိေကာင္းစရာ
(၅) လုပ္ငန္းခြင္က်မၼာေရးႏွင့္ ေဘးအႏၲရာယ္ကင္းရွင္းေရး
(၆) ပတ္ဝန္းက်င္ဆိုင္ရာ လူထု အေျချပဳ ေဆြးေႏြးညိႈႏိႈင္း တိုင္ပင္ျခင္းနည္းလမ္းမ်ား

သင္တန္းတက္ေရာက္ရန္ လိုအပ္ခ်က္မ်ား

သင္တန္းတက္မည့္သူမ်ားအေနျဖင့္ ေအာက္ပါအခ်က္အလက္မ်ားႏွင့္ ကိုက္ညီရမည္။

(၁) အသက္ ၂၀ ထက္မငယ္ပဲ ၅၅ႏွစ္ထက္မႀကီးရ
(၂) တကၠသိုလ္တခုခု မွ ဘြဲ႕ရရွိသူ
(၃) ေအာက္ပါလုပ္ငန္းတခုခုတြင္ လုပ္ကိုင္ေဆာင္ရြက္ေနသူ-

(က) စီးပြားေရးလုပ္ငန္း
(ခ) စက္႐ုံအလုပ္႐ုံ
(ဂ) သတၱဳ၊ သစ္ေတာ၊ ေက်ာက္မ်က္၊ ေရနံဓာတု အစရွိသည့္ သယံဇာတ ထုတ္ယူသည့္လုပ္ငန္းမ်ား
(ဃ) စီးပြားျဖစ္ စိုက္ခင္းလုပ္ငန္း၊ ေမြးျမဴေရး ႏွင့္ေရလုပ္ငန္း
(င) ဖြံ႕ၿဖိဳးေရး စီမံကိန္းမ်ား
(စ) အိမ္ယာႏွင့္ အေျခခံအေဆာက္အအုံမ်ား ေဆာက္လုပ္ျခင္း
(ဆ) အရပ္ဖက္ အဖြဲ႕စည္းမ်ား
(ဇ) ပတ္ဝန္းက်င္ ဆိုင္ရာ သုေတသနလုပ္ကိုင္ေနသူမ်ား

သင္တန္းစာရင္းသြင္းျခင္း

သင္တန္းတက္ေရာက္လိုပါက စိမ္းလန္းအမိေျမ အသင္း႐ုံးတည္ရွိရာ A-2၊ ကန္လမ္း၊ လိႈင္ၿမိဳ႕နယ္၊ ရန္ကုန္ သို႔ ႐ုံးခ်ိန္(နံနက္ ၉နာရီမွ ညေန ၅နာရီ)အတြင္း လူကိုယ္တိုင္လာေရာက္၍ သင္တန္းေလွ်ာက္လႊာ (Registration Form) ကို ျဖည့္သြင္းကာ ေလွ်ာက္ထားရမည္။

စာရင္းေပးသြင္းျပီးပါက လစဥ္ ေဆာင္ရြက္သြားမည့္ ပတ္ဝန္းက်င္ ဆန္းစစ္ျခင္းႏွင့္ စီမံခန္႔ခြဲျခင္း သင္တန္းမ်ားတြင္ စာရင္းသြင္းထားရွိသည့္ နံပါတ္စဥ္အလိုက္ ဆက္သြယ္ကာ တက္ေရာက္ခြင့္ရရွိသည့္ ေန႔ရက္၊ အခ်ိန္ႏွင့္ ေနရာတို႔ကို ျပန္လည္အေၾကာင္းၾကားေပးသြားမည္ျဖစ္သည္။

နယ္မွတက္ေရာက္လိုသူမ်ားအေနျဖင့္ – သင္တန္းသား ၁၅ ဦး စုစည္းကာ သင္တန္းေနရာ စီစဥ္ေပးႏိုင္ပါက သက္ဆိုင္ရာ နယ္မ်ားတြင္ လာေရာက္ ပို႔ခ်ေပးႏိုင္ပါသည္။

Unicode

ပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲခြင်းသင်တန်း ဖွင့်လှစ်ကြောင်း ကြေညာချက်
သင်ကြားသွားမည့်အကြောင်းအရာများ
စိမ်းလန်းအမိမြေ အသင်းမှ ပတ်ဝန်းကျင် ဆန်းစစ် ခြင်းနှင့် စီမံခန့်ခွဲခြင်းသင်တန်းကို လစဉ်ပုံမှန် ကျင်းပသွားမည်ဖြစ်သည်။ သင်တန်းတွင် အောက်ပါအကြောင်းအရာများကို အဓိကသင်ကြားပို့ချသွားမည်ဖြစ်သည်။
(၁) ပတ်ဝန်းကျင်ရေးရာ အခြေခံ ဗဟုသုတ
(၂) ပတ်ဝန်းကျင်ရေးရာ ဥပဒေများ မိတ်ဆက်
(၃) ပတ်ဝန်းကျင် လေ့လာဆန်းစစ်ခြင်း နည်းစနစ်များ အခြေခံသိကောင်းစရာ
(၄) ပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချနိုင်မည့်နည်းလမ်းများသိကောင်းစရာ
(၅) လုပ်ငန်းခွင်ကျမ္မာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး
(၆) ပတ်ဝန်းကျင်ဆိုင်ရာ လူထု အခြေပြု ဆွေးနွေးညှိုနှိုင်း တိုင်ပင်ခြင်းနည်းလမ်းများ
သင်တန်းတက်ရောက်ရန် လိုအပ်ချက်များ
သင်တန်းတက်မည့်သူများအနေဖြင့် အောက်ပါအချက်အလက်များနှင့် ကိုက်ညီရမည်။
(၁) အသက် ၂၀ ထက်မငယ်ပဲ ၅၅နှစ်ထက်မကြီးရ
(၂) တက္ကသိုလ်တခုခု မှ ဘွဲ့ရရှိသူ
(၃) အောက်ပါလုပ်ငန်းတခုခုတွင် လုပ်ကိုင်ဆောင်ရွက်နေသူ
(က) စီးပွားရေးလုပ်ငန်း
(ခ) စက်ရုံအလုပ်ရုံ
(ဂ) သတ္တု၊ သစ်တော၊ ကျောက်မျက်၊ ရေနံဓာတု အစရှိသည့် သယံဇာတ ထုတ်ယူသည့်လုပ်ငန်းများ
(ဃ) စီးပွားဖြစ် စိုက်ခင်းလုပ်ငန်း၊ မွေးမြူရေး နှင့်ရေလုပ်ငန်း
(င) ဖွံ့ဖြိုးရေး စီမံကိန်းများ
(စ) အိမ်ယာနှင့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း
(ဆ) အရပ်ဖက် အဖွဲ့စည်းများ
(ဇ) ပတ်ဝန်းကျင် ဆိုင်ရာ သုတေသနလုပ်ကိုင်နေသူများ
သင်တန်းစာရင်းသွင်းခြင်း
သင်တန်းတက်ရောက်လိုပါက စိမ်းလန်းအမိမြေ အသင်းရုံးတည်ရှိရာ A-2၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန် သို့ ရုံးချိန်(နံနက် ၉နာရီမှ ညနေ ၅နာရီ)အတွင်း လူကိုယ်တိုင်လာရောက်၍ သင်တန်းလျှောက်လွှာ (Registration Form) ကို ဖြည့်သွင်းကာ လျှောက်ထားရမည်။

စာရင်းပေးသွင်းပြီးပါက လစဉ် ဆောင်ရွက်သွားမည့် ပတ်ဝန်းကျင် ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲခြင်း သင်တန်းများတွင် စာရင်းသွင်းထားရှိသည့် နံပါတ်စဉ်အလိုက် ဆက်သွယ်ကာ တက်ရောက်ခွင့်ရရှိသည့် နေ့ရက်၊ အချိန်နှင့် နေရာတို့ကို ပြန်လည်အကြောင်းကြားပေးသွားမည်ဖြစ်သည်။

နယ်မှတက်ရောက်လိုသူများအနေဖြင့် – သင်တန်းသား ၁၅ ဦး စုစည်းကာ သင်တန်းနေရာ စီစဉ်ပေးနိုင်ပါက သက်ဆိုင်ရာ နယ်များတွင် လာရောက် ပို့ချပေးနိုင်ပါသည်။

 

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *