ကချင်ပြည်နယ်အတငွ်းရှိပတ်ဝန်းကျင်ရေးရာ လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် အဖွဲ့အစည်းများ စာရင်းပြုစုဖော်ထုတ်

ကချင်ပြည်နယ်အတွင်းရှိ ပတ်ဝန်းကျင်ရေးရာနှင့်ပတ်သက်၍ အမှန်တကယ် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများအား စာရင်းပြုစုဖော်ထုတ်ရန်နှင့် ဒေသအတွင်းမှ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်လွယ်သော အရေးကြီးဧရိယာများ ( Environmental Sensitive Areas)ကို ဖော်ထုတ်နိုင်ရန်အလို့ငှာ ပတ်ဝန်းကျင်ရေးရာ လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ ဖော်ထုတ်ခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အရေးကြီးနေရာများဖော်ထုတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ Jubilee Hall ၌ FAO ၏ ငွေကြေးအထောက်အပံ့ဖြင့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းက စီစဉ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

 

 

 

အဆိုပါဆွေးနွေးပွဲသို့ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၈)မြို့နယ်မှ ပတ်ဝန်းကျင်ရေးရာ လှုပ်ရှားဆောင်ရွက် နေကြသော အရပ်ဘက်အဖွဲ့အစည်း (၄၅) ခု မှ ကိုယ်စားပြုအဖွဲ့ဝင်တို့ တက်ရောက်ခဲ့ကြသည်။ ရလဒ်အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိပတ်ဝန်းကျင်ရေးရာ လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများစာရင်းကို ခရိုင်အလိုက် ပြုစုငဖော်ထုတ်နိုင်ခဲ့သည်ဟု သတင်းရရှိသည်။ အလုပ်ရုံဆွေးနွေးပွဲမှ ကချင်ပြည်နယ်အတွင်း ပတ်ဝန်းကျင်ရေးရာ ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း (၆၉) ဖွဲ့ရှိကြောင်း ပြုစုဖော်ထုတ်နိုင်ခဲ့ သည်ဟု သိရသည်။ ဆက်လက်၍ ဆွေးနွေးဖော်ထုတ်ခဲ့သော CSOs အဖွဲ့များ၏ အဖွဲ့အစည်းဆိုင်ရာ အခြေခံအချက်အလက်များကို ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်းလည်း စီစဉ်သူများက ဆိုပါသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *