ပုံစံ (၇) ရှိထားသော်လည်း သစ်တောမြေနှင့်မလွတ်ကင်းသဖြင့် တရားစွဲခံရ၊ ထီဖောင်းကျေးရွာ၊ တောင်ကြီးမြို့
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ ထီဖောင်းကျေးရွာတွင် ပုံစံ (၇) ကိုင်ဆိုင်ထားသော အမျိုးသမီး အိမ်ထောင်စု (၇) ဦး၏ မြေပေါ်၌ သစ်တောဦးစီးဌာနမှ လာရောက်၍ စိုက်ပျိုးထားသော သီးနှံပင်များကို နုတ်ကာ ၎င်းဌာနမှ သစ်ပင်များကို စိုက်ပျိုးသောကြောင့် အပြန်အလှန် အငြင်းပွားများပေါ်ပေါက်ပြီး တရားစွဲဆိုမှုများ ဖြစ်ပေါ်နေပါတယ်။ အချိန်ကာလအားဖြင့် ၂၀၁၈ ခုနှစ်မှ ယနေ့ အချိ်န်ထိ ရင်ဆိုင်ဖြေရှင်းနေရပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ ပါဝင် ပတ်သက်နေကြောင်း ဒေသခံများ၏ အဆိုအရသိရပါတယ်။
မြေပြင် ကွင်းဆင်း စစ်ဆေးမှု မရှိခြင်း၊ ဌာနအချင်းချင်း ချိတ်ဆက်မှု အားနည်းနေမှုများကြောင့် ပြည်သူနှင့် ဌာနတို့အကြား ဆက်ဆံမှု မမျှတခြင်းများ ဖြစ်နေရပါတယ်။
တရားစွဲဆိုခံရသူများသည် မြေယာ ဆုံးရှုံးခြင်း၊ တရားရင်ဆိုင်နေရ၍ လူဂုဏ်သိက္ခာ ထိခိုက်ခြင်း၊ မျှော်လင့်ချက်မဲ့သည့် အခြေအနေတို့ ဖြစ်ပေါ်နေခြင်းအပြင် တရားရုံးစရိတ် ကုန်ကျမှုများကြောင့် စီးပွားရေး ပိုမို ကျပ်တည်းလာရတယ်လို့ ပြောပါတယ်။
မြို့နယ် ဥပဒေရုံးသို့ အကြံဉာဏ်တောင်းကာ တရားစွဲမည် ပြုလုပ်သော်လည်း မသင့်ဟု ပြန်ကြားခဲ့သည်။ ဌာနဆိုင်ရာမှ ပြည်သူကို တရားစွဲဆိုမှုကိုမူ လက်ခံခဲ့ပြီး ပြည်သူမှ ပြန်လည် တရားစွဲဆိုခြင်း မသင့်ဟု ပြန်ထားခြင်းသည် ဘက်လိုက်မှု ရှိနေခြင်း၊ တရားဥပဒေ စိုးမိုးမှု မရှိခြင်းများ ဖြစ်နေရပါတယ်။ ၎င်းအပြင် ဌာနဆိုင်ရာနှင့် ပြည်သူများအကြားတွင် ယုံကြည်မှု မရှိခြင်းကို ပိုဖြစ်စေသည်ဟု သုံးသပ်မိပါတယ်။
သတ္တုတွင်းကဏ္ဍ
- ရှမ်းပြည်နယ်(တောင်)
- တောင်ကြီးမြို့နယ်
- ထီဖောင်းကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၀၈/၁၁/၂၀၁၈
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ပအို့ဝ်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
အမျိုးသမီးအိမ်ထောင်စု(၇)ဦး
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
–
အဓိကပါဝင်ပတ်သက်သူ
ဌာနဆိုင်ရာဝန်ထမ်းများ