ရေပူကျေးရွာအနီး၊ မော်ချီးသတ္တုမိုင်း စွန့်ပစ်ရေများကြောင့် မိုလိုချောင်း ရေညစ်ညမ်း၊ ဖားဆောင်းမြို့နယ်၊ ကယားပြည်နယ်

Confirmation Status : Reported
October 9, 2020

ရေပူကျေးရွာအနီး၊ မော်ချီးသတ္တုမိုင်း စွန့်ပစ်ရေများကြောင့် မိုလိုချောင်း ရေညစ်ညမ်း၊ ဖားဆောင်းမြို့နယ်၊ ကယားပြည်နယ်

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရေပူကျေးရွာအနီး မိုလိုချောင်းသည် မော်ချီးသတ္ထုတွင်းမှ စွန့်ပစ်ရေများကြောင့် ညစ်ညမ်းမှုများဖြစ်ကာ သောက်သုံးရေရှားပါးလာပြီး ဒေသခံများ အခက်တွေ့နေရ၊ ဖားဆောင်းမြို့နယ်၊ ကယားပြည်နယ်

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ရေပူကျေးရွာသည် မော်ချီးသတ္တုတွင်းနှင့် နီးကပ်စွာ တည်ရှိနေပြီး ရွာဘေးမှ ဖြတ်သန်းစီးဆင်းနေသော မိုလိုချောင်းသည် သတ္တုတွင်းမှ စွန့်ပစ်ရေများကြောင့် အချိန်ပြည့် ညစ်ညမ်း လျက်ရှိပါသည်။ သို့သော် ရေပူရွာမှ ဒေသခံများ အားလုံးနီးပါးသည် ၎င်းတို့၏ စားဝတ်နေရေးအတွက် သတ္တုတွင်း စွန့်ပစ်ရေများ စီးဆင်းနေသည့် မိုလိုချောင်းတွင် ခဲသတ္တုအစအနများ ကျင်ယူရောင်းချခြင်းဖြင့် အဓိကဝင်ငွေရရှိနေပါသည်။

ရွာအနီး တောင်စောင်းများတွင် စိုက်ပျိုးထားသော ဆေးဖက်ဝင် ဖာလာရောင်းချရသော ဝင်ငွေဖြင့် ရပ်တည်ရန် မလုံလောက်သခြင့် မိသားစုတိုင်းလိုလို မော်ချီးချောင်းတွင် ခဲသတ္တုကျင်ယူခြင်းကို လုပ်ကိုင် ကြခြင်းဖြစ်ပါသည်။ ကျေးရွာတွင် သတ္ထုမိုင်းကြောင့် သဘာဝ သစ်တောများ ပြုန်းတီးခြင်း ၊ သောက်သုံး ရေရှားပါးခြင်း ၊ မော်ချီးမိုင်း စွန့်ပစ်ရေများကြောင့် ကျေးရွာပတ်ဝန်းကျင် ရေများ ညစ်ညမ်းခြင်းများ ကြုံတွေ့နေရပါသည်။ ထို့အပြင် သတ္ထုမိုင်း လုပ်သားများရှိသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများလည်း ရှိနေကာ ဥပဒေစိုးမိုးမှု နည်းပါးပါသည်။

ရေအရင်းအမြစ်ကဏ္ဍ

  • ကယားပြည်နယ်
  • ဖားဆောင်းမြို့နယ်
  • ရေပူကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၀၆/၁၈/၂၀၂၀

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကယား၊ ကရင်၊ ကယန်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း

အဓိကပါဝင်ပတ်သက်သူ

ကုမ္ပဏီ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကို အမှန်တကယ် လိုက်နာစေရန် တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်သင့်။