ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရွှေလီမြစ်အထက်ပိုင်းတွင် မြစ်ရေညစ်ညမ်းမှုများ ဖြစ်ပေါ်နေ
(Kanbawza Tai News Facebook စာမျက်နှာမှ ကောက်နှုတ်ဖော်ပြထားပါသည်။)
မူဆယ်မြို့၊မြန်မာ-တရုတ်နှစ်နိုင်ငံ၊နယ်စပ်၌ စီးဆင်းနေသည့် ရွှေလီမြစ်၏ အထက်ပိုင်း၌ တရားမဝင်မြေ တူးဖော်ခြင်း၊ တောင်ပေါ်လမ်းများဖောက်လုပ်ခြင်း၊ တောင်ယာစိုက်ခင်းတို့မှ ှစီးဆင်းလာသည့်ရေတို့ကြောင့် မြစ်ရေညစ်ညမ်းမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများမှ ဆိုပါသည်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
တရုတ်နှင့် ရှမ်းပြည်နယ် နယ်စပ် ရွှေလီမြစ်ရေ အထက်ပိုင်းသည် ညစ်ညမ်းနေကာ အနီရောင် ပြောင်းနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရပါသည်။ ရွှေလီမြစ်အထက်ပိုင်း၊ တရုတ်နိုင်ငံအတွင်းတွင် သကြားစက်၊ စက္ကူစက်ရုံများရှိသဖြင့် ထိုစက်ရုံများကြောင့် ညစ်ညမ်းမှုများ ဖြစ်သည်ဟုထင်ကြောင်း ဒေသခံတစ်ချို့မှ ပြောပါသည်။ ထို့အပြင့် ရွှေလီမြစ်၏ အထက်ပိုင်း၌ တရားမဝင်မြေသား တူးဖော်ခြင်း၊ ပုဂ္ဂလိက တောင်ပေါ်မော်တော်ယာဉ်လမ်းများဖောက်လုပ်ခြင်း၊ တောင်ယာစိုက်ခင်းတို့မှစီးဆင်းလာသည့်မြောင်းရေတို့ ကြောင့်လည်း ဖြစ်နိုင်ပါကြောင်း ၎င်းတို့မှ ဆိုပါသည်။
ရေအရင်းအမြစ်ကဏ္ဍ
- ရှမ်း ပြည်နယ်(အရှေ့)
- မူဆယ်မြို့နယ်
- –
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၀၆/၁၀/၂၀၂၀
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
–
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
–
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း
အဓိကပါဝင်ပတ်သက်သူ
–
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
–