ကျေးရွာအနီး ဆိုင်ယာနိုက်အက်စစ်သုံး၍ ရွှေတူးဖော်သည့်ကုမ္ပဏီများလာခြင်း၊ နားဟိုင်းလုံရွာ၊ တာချီလိတ်မြို့နယ်

Confirmation Status : Reported
August 31, 2020

ကျေးရွာအနီး ဆိုင်ယာနိုက်အက်စစ်သုံး၍ ရွှေတူးဖော်သည့်ကုမ္ပဏီများလာခြင်း၊ နားဟိုင်းလုံရွာ၊ တာချီလိတ်မြို့နယ်

(14June2020 MATA အဖွဲ့ဝင်ဦးအောင်ကျော်မိုး၏ Facebook စာမျက်နှာမှ ကောက်နှုတ်ဖော်ပြထားပါသည်။)
တာချီလိတ်မြို့ နဲ့ မိုင် ၃၀ ကွာဝေးတဲ့ နားဟိုင်းလုံရွာအနီးက တောင်တန်းတွေမှာ ရွှေသတ္တုထွက်ရှိတယ်ဆိုတာ ၂၀၀၇ ခုနှစ်ခန့်ကစပြီး သိခဲ့ရပါတယ်။ အရပ်ဖက်အဖွဲ့တွေဖြစ်တဲ့ ရှမ်းသဘာဝ အဖွဲ့ ရဲ့ သုတေသန စာတမ်းအရ ရွှေတူးဖော်ထုတ်လုပ်နေတဲ့ ဧရိယာက ၁၁ မိုင်ပတ်လည်ခန့် ရှိနိုင်တယ်လို့ ပြောထားပါတယ်။ ၂၀၁၀ ခုနှစ် (ခန့်မှန်း) ဦးသိန်းစိန်အစိုးရ တက်လာတဲ့အချိန်မှာ ရွှေတူးဖော်နေတဲ့ ကုမ္ပဏီပေါင်း ၁၁ ခုလောက် ရှိတယ်လို့ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ဒေသက နေထိုင်တဲ့သူတွေ ပြောပြတာတော့ အဲဒီနေရာတွေမှာ မီးသွေးဖုတ်သူ၊ တောပစ်ထွက်သူတွေ သွားကြတဲ့နေရာလို့လည်း သိရပါတယ်။ အဲဒီအရပ်ဒေသ က ရွှေထုတ်လုပ်ပုံကလည်း အခြားဒေသက ထုတ်လုပ်ပုံတွေနဲ့ မတူပါဘူး။ မြင်တွေ့ခဲ့ရတဲ့ ဓာတ်ပုံအထောက်အထားတွေကို ကြည့်ပြီး ဝင်ရောက်လေ့လာ စူးစမ်း ခဲ့တဲ့ ရလဒ်တွေကြောင့် သူတို့ ဘယ်လိုထုတ်လုပ်တယ်ဆိုတာ သိခဲ့ရ တာပါ။

ကျနော်တို့တွေ အဲဒီအရပ်ဒေသကို လေ့လာဖို့အတွက် ပြင်ဆင်ခဲ့ကြရပါတယ်။ တရားဝင် ဝင်ရောက်လေ့လာဖို့ဆိုတာ စိန်ခေါ်မှု အများကြီးရှိနိုင်ပါတယ်။ မျှော်မှန်းခဲ့တာက ရွှေထုတ်လုပ်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူတွေကို ထိခိုက်နိုင်တဲ့ ဓာတုပစ္စည်းတွေ အသုံးပြုနေတဲ့ အချက်အလက် သက်သေတွေရဖို့ဖြစ်ပါတယ်။ ခိုင်မာတဲ့ သက်သေအထောက်အထားတွေနဲ့အတူ အစိုးရတစ်ရပ်ကို ဥပဒေနဲ့ညီညွတ်ခြင်းမရှိကြောင်း တင်ပြချက်နဲ့ ထောက်ပြနိုင်မယ်ဆိုရင် လူထုအတွက် ဘေးအန္တရာယ်ကင်းမယ်ထင်ခဲ့လို့ပါ။

သူတို့တွေ ပထမဆုံးတွေ့လိုက်ရတာက အိမ်နီးချင်းနိုင်ငံထဲက လူတွေဖြစ်ပါတယ်။ အဲဒီလူတွေကတော့ နီးစပ်ရာ တဲထဲဝင်သွားခဲ့သလို မြန်မာအလုပ်သမားတစ်ယောက်ထွက်လာပြီး သူတို့နဲ့ စကားပြောကြတယ်လို့ ပြောပြပါတယ်။ ရွှေပါဝင်တဲ့ မြေလွှာတွေကို ဘက်ဟိုးနဲ့တူးပြီး အလျားပေတစ်ရာ (၁၀၀) အနံ ၂၅ ပေ အမြင့် ပေ၂၀ ခန့်ရှိတဲ့ မြေစာပုံကို အရင်ပုံရပါတယ်။ မြေစာပုံပေါ်ကို ဆိုင်ယာနိုက်အက်စစ်တွေ ဖျော်ထားတဲ့ ပလပ်စတစ် မိုးကာသားကာထားတဲ့

မြေကန်တွေကနေ အက်စစ်ရေတွေကို စက်နဲ့ ပက်ဖြန်းရတာဖြစ်ပါတယ်။ ပျော်ဝင်ရေတွေကို စုဆောင်းပြီး ကာဗွန်ခံထားတဲ့ ရွှေစုတဲ့ ပြောင်းမှာ ပြန်စုပြီး ရွှေကို ဖမ်းယူရတယ်လို့ သိရပါတယ်။

ဆိုက်ယာနိုက် အသုံးပြုတယ်ဆိုတဲ့ သက်သေရဖို့ အဲဒီလုပ်ကွက်ထဲမှာ အက်စစ် ပုံးဟောင်းတွေ ရှာကြရပါတယ်။ အက်စစ်ပုံးတွေဟာ ပြည်ပကနေ ပလပ်စတစ်ပုံးပြာတွေနဲ့ ထုတ်ပိုးပြီးလာသလို ကိုးရီးယားနိုင်ငံထုတ်နဲ့ တရုတ်နိုင်ငံကထုတ်တဲ့ အမျိုးအစားတွေကို တွေ့ရပါတယ်။ အခု NLD အစိုးရ လက်ထက်မှာတော့ ဖမ်းဆီးရမိတဲ့ ရာနဲ့ချီတဲ့ ဆိုင်ယာနိုက်ပုံးတွေကို တာချီလိတ်မြို့မှာ လေလံပစ်ခဲ့တဲ့ သတင်းကိုလည်း မီဒီယာက ဖော်ပြလို့ သိလိုက်ရပါသေးတယ်။

မြေစာပုံမှာ ရွှေပါဝင်မှုမရှိတော့ဘူးဆိုတာနဲ့ မြေစာပုံကို ဒီအတိုင်းထားခဲ့သလို အချို့ ကလည်း တောင်အောက် ချောက်ထဲကို ဘက်ဟိုးနဲ့ ဖြိုချလိုက်တယ်လို့ ဆိုပါတယ်။ အက်စစ်ကန်တွေကိုတော့ ဒီအတိုင်းထားလိုက်ကြတယ်လို့ သိရပါတယ်။ အခုလို မိုးများချိန်ဆိုရင် အဲဒီမြေစာပုံနဲ့ အက်စစ်ကန်တွေဟာ မိုးရေနဲ့အတူ စီးမျှောလာပြီး နမ့်ခမ်းချောင်းတလျှောက် မျှောပါသွားတယ်ဆိုပါတယ်။

သတ္တုတွင်းကဏ္ဍ

  • ရှမ်း ပြည်နယ်(အရှေ့)
  • တာချီလိတ်မြို့နယ်
  • နားဟိုင်းလုံရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ရှမ်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

အဓိကပါဝင်ပတ်သက်သူ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ကျနော်တို့အနေနဲ့ သက်သေအထောက်အထားတွေ ရပြီးချိန်မှာ ၂၀၁၅ ခုနှစ် မေလ ၂၉ ရက်နေ့မှာ MATA ကနေ ပြည်ထောင်စုအစိုးရထံ စာပေးပို့ပြီး မေးမြန်းခဲ့ပါတယ်။ ရွှေတူးဖော်ရေးလုပ်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ လိုင်စင်ရှိ – မရှိမေးမြန်းခဲ့သလို အဲဒီအရပ်ဒေသမှာ ဆိုင်ယာနိုက်အက်စစ် သုံးစွဲခွင့် ရှိ-မရှိ မေးမြန်းခဲ့တဲ့စာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဇွန်လ ၉ ရက်နေ့ ရက်စွဲနဲ့ MATA ကို အကြောင်းပြန်လာတဲ့စာမှာ အဲဒီအရပ်ဒေသက ဆိုင်ယာနိုက်အက်စစ် အသုံးပြုခွင့်ရရှိတဲ့ နယ်မြေထဲ မပါဝင်ကြောင်း ဖော်ပြထားသလို သက်တမ်းလွန်နေတဲ့ ကုမ္ပဏီတွေ ပါဝင်မူ့ရှိနေ ကြောင်းလည်း သိလိုက်ရပါတယ်။