မြန်မာနိုင်ငံမှ ကျွန်းသစ်များကို ဥရောပသို့ တရားမဝင် တင်ပို့မှုရှိနေဟု လန်ဒန်အခြေစိုက် EIA က ထုတ်ပြန်ထားကြောင်း Myanmar Now ကဆို

Confirmation Status : Reported
October 9, 2020

မြန်မာနိုင်ငံမှ ကျွန်းသစ်များကို ဥရောပသို့ တရားမဝင် တင်ပို့မှုရှိနေဟု လန်ဒန်အခြေစိုက် EIA က ထုတ်ပြန်ထားကြောင်း Myanmar Now ကဆို

(Jun 8, 2020 Myanmar Now မှ ကောက်နှုတ်ဖော်ပြထားပါသည်)
ခရိုအေးရှား ကုမ္ပဏီ တစ်ခုဖြစ်သည့် Viator Pula ကုမ္ပဏီသည် ဥရောပသမဂ္ဂ၏ သစ်စည်းမျဉ်းစည်းကမ်းများကို ဒိုင်ခံချိုးဖောက်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ ကျွန်းသစ်များကို ဝယ်ယူနိုင်ရန်အတွက် ၎င်းမှတစ်ဆင့် ဆောင်ရွက်နေသည်ဟု Myanmar Now ကဆိုထားပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ဇိမ်ခံသင်္ဘောတည်ဆောက်ခြင်းကဲ့သို့သော ကဏ္ဍများတွင် အသုံးပြုရန် မြန်မာနိုင်ငံမှကျွန်းသစ်များကို ခရိုအေးရှားကုမ္ပဏီမှတစ်ဆင့် ဥရောပသို့ တရားမဝင်တင်ပို့မှုများရှိနေသည်ဟု လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (Environmental Investigative agency- EIA) က ထုတ်ပြန်လိုက်သည်။

အဆိုပါအဖွဲ့သည် ခရိုအေးရှားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနမှရရှိသည့် စာရွက်စာတမ်းအချက်အလက်များကို အခြေခံပြီး မေ ၂၈ တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခရိုအေးရှားကုမ္ပဏီတစ်ခုဖြစ်သည့် Viator Pula ကုမ္ပဏီသည် ဥရောပသမဂ္ဂ သစ်စည်းမျဉ်းစည်းကမ်း (European Union Timber Regulations – EUTR)ကို ဒိုင်ခံချိုးဖောက်သည့် ကုမ္ပဏီ ဖြစ်နေပြီး ဥရောပတစ်လွှားမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံမှ ကျွန်းသစ်ကို ဝယ်ယူနိုင်ရန်အတွက် ထိုကုမ္ပဏီကို တစ်ဆင့်ခံကာ ဆောင်ရွက်နေသည်ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။

၂၀၁၉ နှစ်စပိုင်းမှစတင်ကာ ဘယ်လ်ဂျီယမ်၊ ဂျာမနီ၊ နယ်သာလန်နိုင်ငံတို့နှင့် မြန်မာနိုင်ငံတို့အကြား သစ် တိုက်ရိုက်ကုန်သွယ်မှု မရှိခဲ့သော်လည်း အခြားဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ခရိုအေးရှား၊ ဂရိနှင့်အီတလီနိုင်ငံတို့မှာ မြန်မာနိုင်ငံမှ သစ်တင်သွင်းမှု မြင့်မားနေဆဲဖြစ်သည်ဟု EIA အဖွဲ့က ထုတ်ပြန်ခဲ့သည်။

၂၀၁၇ နှင့် ၂၀၁၉ အတွင်း ခရိုအေးရှားနိုင်ငံ ရယ်ဂျီကာဆိပ်ကမ်းသို့ သင်္ဘောဖြင့် သစ်ထုတ်ကုန် ပို့ဆောင်မှု ၁၀ ခု ရှိခဲ့ပြီး စုစုပေါင်း ၁၄၄ တန်နီးပါးရှိကြောင်း Environment Investigation Agency (EIA) မှ ရရှိထားသည့်အချက်အလက်များကို ကိုးကားပြီး ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပစ္စည်းများမှာ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး တန်ဖိုးရှိပြီး ဇိမ်ခံသင်္ဘောတည်ဆောက်သည့် လုပ်ငန်းတွင် အသုံးပြုပါက တန်ဖိုးမှာ ပိုမိုမြင့်မားလိမ့်မည်ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။

အဆိုပါ ပို့ဆောင်မှု ၁၀ ခုအနက် တစ်ခုမှာ နောက်ဆုံးလက်ခံမည့်နေရာကို အတိအကျ မဖော်ပြထားဘဲ ကျန် ၉ ခုမှာ ဆလိုဗေးနီးယား၊ ဘယ်လ်ဂျီယမ်၊ အီတလီ၊ ဂျာမနီ နှင့် နယ်သာလန်နိုင်ငံတို့ရှိ ကုမ္ပဏီများသို့ ပို့ဆောင်ထားသည်ကို တွေ့ရှိရသည်ဟုလည်း ဆိုထားသည်။

ပို့ဆောင်မှု ၁၀ ခုလုံး၏ စောင့်ကြည့်ဆန်းစစ်မှု (Due Diligence) စာရွက်စာတမ်းများကို စစ်ဆေးရာတွင် EUTR က သတ်မှတ်ထားသည့် လိုအပ်ချက်များ မပြည့်မီကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု EIA အဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဥရောပသမဂ္ဂသို့တင်သွင်းသည့် သစ်များသည် တရားဝင်ရင်းမြစ်မှ ရရှိကြောင်း သေချာခိုင်မာသည့် စောင့်ကြည့်ဆန်းစစ်မှု အချက်အလက်များတင်ပြရန် လိုအပ်ကြောင်း EUTR တွင် သတ်မှတ်ထားပြီး ထိုကဲ့သို့ အချက်အလက်များ တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်းလာသည့် သစ်များကို ဈေးကွက်အတွင်း ယူဆောင်လာမိပါက သတ်မှတ်ချက်ကို ချိုးဖောက်ရာကျမည်ဖြစ်သည်။

မြန်မာနိုင်ငံအစိုးရ၏ စီမံအုပ်ချုပ်မှုအားနည်းချက်နှင့် သစ်တောမှ ဆိပ်ကမ်းရောက်သည်အထိ လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက် သစ်များသည် တရားဝင်ဖြစ်ကြောင်း သက်သေပြနိုင်ရန်လည်း အခက်အခဲများရှိသည့်အတွက် သစ်ကုမ္ပဏီများသည် လုံလောက်သည့် စောင့်ကြည့်ဆန်းစစ်မှုများ မလုပ်ဆောင်နိုင်ကြကြောင်း ဥရောပသမဂ္ဂသစ် စည်းမျဉ်းစည်းကမ်းအဖွဲ့မှ ကျွမ်းကျင်သူများနှင့် Forest Law Enforcement, Governance and Trade မှ ကျွမ်းကျင်သူများ၏ အဆိုကို ကိုးကားပြီး EIA အဖွဲ့က ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယအတွင်းဝန် ဦးကျော်ဇောက အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်ပြီး “ကျွန်တော်တို့ဆီကို EIA က report တွေပို့တာလည်း မရှိဘူး။ EIA ကိုလည်း ကျွန်တော်မဖတ်ရသေးဘူး။ ဒါနဲ့ပတ်သက်ပြီး လောလောဆယ် ဖြေကြားလိုခြင်းမရှိသေးပါဘူး” ဟု Myanmar Now သို့ ပြောသည်။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ ပတ်ဝန်းကျင်လေ့လာဆန်းစစ်ချက်အစီရင်ခံစာ ၂၀၁၉ အရ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၅ အတွင်း မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုပမာဏသည် နှစ်စဥ်ပျမ်းမျှ ၁ ဒသမ ၂ ရာခိုင်နှုန်း (စုစုပေါင်း သစ်တော ဆုံးရှုံးမှု ပမာဏ ဟက်တာ ၁၀ သန်း ဝန်းကျင်ခန့်) လျော့နည်းကျဆင်းနေသည်ဟု ထုတ်ပြန်ထားသည်။

သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ

  • မြန်မာနိုင်ငံ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၈/၀၅/၂၀၂၀

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

အဓိကပါဝင်ပတ်သက်သူ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

EITI and FLEGT ကို သေချာစွာ အကောင်အထည် ဖော်သင့်ပါသည်။