တောင်သူများမှ လုပ်ကိုင်နေသည့် မြေအားတပ်ပိုင်မြေဟုဆိုကာ တပ်မှတရားစွဲ၊ ခိုလမ်မြို့နယ်ခွဲ၊ နမ့်စန်မြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)

Confirmation Status : Reported
October 9, 2020

တောင်သူများမှ လုပ်ကိုင်နေသည့် မြေအားတပ်ပိုင်မြေဟုဆိုကာ တပ်မှတရားစွဲ၊ ခိုလမ်မြို့နယ်ခွဲ၊ နမ့်စန်မြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)

(သျှမ်းသံတော်ဆင့်သတင်းဌာန (Shan News (Burmese Version) ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြထားပါသည်။)
ရှမ်းပြည်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ရလခတိုင်းရုံးစိုက်ရာ ခိုလမ်မြို့နယ်ခွဲရှိအမှတ်(၆၆)ခြေလျင်တပ်ရင်းသည်တောင်သူ(၆၄)ဦးပိုင်ဆိုင်ထားသည့်မြေဧက(၁၃၅၃.၃၃)ကို၂၀၁၉ခုနှစ်၈လပိုင်းတွင်တပ်ပိုင်မြေဖြစ်‌သည်ဟုဆိုကာ တောင်သူ(၄၇)ဦးကို ပုဒ်မ-၄၄ရဖြင့်အမှုဖွင့်တရားစွဲဆိုထားကြောင်း BNI Multimedia Group ၏ စာမျက်နှာတွင် ဖော်ပြထားပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် တပ်မှဒေသခံ တောင်သူများထံ အတင်းအဓမ္မသိမ်းဆည်းထားသည့် မြေပေါ်တွင် ပျိုးပင်များစိုက်ပျိုးထားကြောင်း စုံစမ်းသိရသည်။

ဇွန် ၉ ရက်တွင် တောင်သူ ၆၄ ဦး ပိုင်ဆိုင်ထားသည့် မြေဧက (၁၃၅၃.၃၃) ဧက ကို နမ့်စန်မြို့နယ် ရလခ တိုင်းရုံးစိုက်ရာ ခိုလမ်မြို့နယ်ခွဲရှိ အမှတ် ၆၆ ခြေလျင်တပ်ရင်းမှသိမ်းဆည်းခဲ့ပြီး၊ တောင်သူ ၄၇ဦးကို နမ့်စန်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခဲ့သည်။

တပ်မှ အတင်းအဓမ္မသိမ်းဆည်းထားသည့်မြေပေါ်တွင် ပျိုးပင်များလာရောက်စိုက်ပျိုးကြောင်း မြေသိမ်းခံရပြီး တရားစွဲဆိုခံထားရသည့် တောင်သူ ဦးလှထွန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တောင်သူ တစ်ချို့က သွားဖျက်ဆီးချင်နေတာ။ မကောင်းဘူးထင်တယ်လို့။ ကျနော်တို့ကို နောက်တစ်မှုရအောင် လုပ်စေချင်တဲ့ ပုံစံမျိုးရှိတယ်” ဟု ဦးလှထွန်း ကဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများကို တင်ပြထားကြောင်းလည်း သိရသည်။

တပ်မှ သိမ်းဆည်းထားသည့် မြေပေါ်တွင် တောင်သူများ နှစ်ပေါင်း ၄၀ကျော် စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး ၂၀၁၉ ခု ၈ လပိုင်းတွင် တပ်ပိုင်မြေဖြစ်ကြောင်း ကနဦး ပိုင်ရှင်မှ လက်မှတ်ရေးထိုးပေးရန် အထွေထွေ အုပ်ချုပ်ရေးရုံးမှတဆင့် အစည်းအဝေး ခေါ်ယူခဲ့သည်။

“ အခု ကျနော်တို့တရားရင်ဆိုင်နေရတာ။ တရားရုံးကို ဇွန် ၂၄ရက်ကျရင် ထပ်သွားရမယ်။မြို့နယ် အဆင့်ဆင့်ကို စာတင်ပြသွားမယ် မရရင် နေပြည်တော်ထိ စာတင်မယ်” ဟု ဦးလှထွန်း က ပြောသည်။

တပ်မှ သိမ်းဆည်းထားသည့်မြေပေါ်တွင် ယူကလစ်ပင်များနှင့် ဒေသခံ တောင်သူများမသိသည့် အပင်များ လာရောက်စိုက်ပျိုးထားကြောင်း သိရသည်။
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင်လည်း မေလနှောင်းပိုင်းတွင် အစိုးရ တပ် နှင့် ဆီဆိုင်မြို့နယ်ကျေးရွာ ၅ ရွာမှ တောင်သူများမြေယာ အငြင်းပွားမှု ဖြစ်ပွားကာ အစိုးရတက်မှဒေသခံ တောင်သူ ၇၀ ကျော်ကို တရားစွဲဆိုထားသည်။

အစိုးရတပ် မြေယာ သိမ်းမှုသည် ယခုရက်ပိုင်း သျှမ်းတောင်ပိုင်းသာမက သျှမ်းပြည်မြောက်ပိုင်းတွင်လည်း သိမ်းဆည်းမှုများ ရှိနေသဖြင့်သျှမ်းပြည်သူများလည်း စိုးရိမ်ပူပန်မှု ဖြစ်ပွားနေသည်။

သတ္တုတွင်းကဏ္ဍ

  • ရှမ်းပြည်နယ်(တောင်)
  • နမ့်စမ်မြို့နယ်
  • ရလခတိုင်းရုံး စိုက်ရာခိုလမ်မြို့နယ်ခွဲရှိ အမှတ်၆၆ခြေလျင်တပ်ရင်း

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၈/၁/၂၀၁၉

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ရှမ်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၄၇

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း

အဓိကပါဝင်ပတ်သက်သူ

အမှတ်၆၆ခြေလျင်တပ်ရင်း

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သက်ဆိုင်ရာ မြေယာကော်မတီမှ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်သင့်ပါသည်။