ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ ကျေးရွာပိုင်သစ်တော ဧကရာနဲ့ချီ မီးသွေးကုန်သည်ထံ ရောင်းချခဲ့ခြင်း၊ ပန်ကိုင်ရွှေမော်ကျေးရွာ၊ ကွတ်ခိုင်မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)
(သစ်တောဦးစီးဌာန ဟစ်တိုင် Facebook စာမျက်နှာမှ ကူးယူဖော်ပြထားပါသည်။)
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပန်ကိုင်ရွှေမော်ကျေးရွာတွင် ကျေးရွာပိုင် သစ်တောဧက ရာနှင့်ချီအား ကျေးရွာအုပ်ချုပ်ရေး အဖွဲ့မှ တရုတ်ပြည်သို့ တင်ပို့နေသည့် မီးသွေးကုန်သည်ထံ ရောင်းချခဲ့သည်ဟု ဒေသခံများက ဆိုပါတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
တရုတ်ပြည်နယ်စပ်ဖြစ်သော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ တွင် တရုတ်ဘက်မှ ကုန်သည်များ လာရောက်ကာ အပင်ကြီးများဝယ်၍ မီးသွေးဖုတ်ကာ တရုတ်ပြည်သို့ တင်သွင်းခြင်းများ ရှိနေပါသည်။ ၎င်းတို့သည် ကျေးရွာများမှ မီးသွေးများကို ဝယ်ကာ လျှပ်စစ်ပေးပြီး လဲလှယ်မှုများလည်း ရှိနေကြောင်း သိရပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပန်ကိုင်ရွှေမော်ကျေးရွာတွင် ကျေးရွာပိုင်သစ်တော ဧက ရာချီအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ မိမိတို့ သဘောဆန္ဒဖြင့် တရုတ်သို့ မီးသွေးတင်ပို့မည့် ကုန်သည်ထံ ရောင်းချခဲ့ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရပါတယ်။
မြေယာကဏ္ဍ
- ရှမ်း ပြည်နယ်(မြောက်)
- ကွတ်ခိုင်မြို့နယ်
- ပန်ကိုင်ကျေးရွာအုပ်စု၊ ပန်ကိုင်ရွှေမော်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
–
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရှမ်း
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
–
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း
အဓိကပါဝင်ပတ်သက်သူ
အစိုးရမှခန့်အပ်သည့် အုပ်ချုပ်ရေးအဖွဲ့နှင့် လက်နက်ကိုင်အဖွဲ့အစည်းမှ ခန့်အပ်သည့်အုပ်ချုပ်ရေးအဖွဲ့
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
သိတောထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်ဖွင့်ပေးခြင်းနှင့် ဒေသခံအခြေပြု ထိန်းသိမ်းရေး လုပ်ဆောင်သင့်ပြီး တရားဥပဒေစိုးမိုးစေရန်လည်း ကြပ်မတ်သင့်ပါသည်။