မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကျောက်တောင်ကျေးရွာသစ် အနီးပတ်ဝန်းကျင်၌ သစ်ထုတ်လုပ်မှုဖြစ်ပွားခဲ့ပြီး သစ်ပင်ကြီးများ နည်းပါးလာသောကြောင့် ရေဝေရေလဲ ရေအရင်းအမြစ်ထိန်းသိမ်းနိုင်မှု မရှိခြင်း၊ မိုးရာသီတွင် ရေကြီးမှု ဖြစ်လွယ်ပြီး နွေရာသီ၌ ရေရှားပါးလာခြင်း

Confirmation Status : Reported
July 5, 2021

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကျောက်တောင်ကျေးရွာသစ် အနီးပတ်ဝန်းကျင်၌ သစ်ထုတ်လုပ်မှုဖြစ်ပွားခဲ့ပြီး သစ်ပင်ကြီးများ နည်းပါးလာသောကြောင့် ရေဝေရေလဲ ရေအရင်းအမြစ်ထိန်းသိမ်းနိုင်မှု မရှိခြင်း၊ မိုးရာသီတွင် ရေကြီးမှု ဖြစ်လွယ်ပြီး နွေရာသီ၌ ရေရှားပါးလာခြင်း

(မွန်ပြည်နယ်ရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကျောက်တောင်ကျေးရွာသစ် အနီးပတ်ဝန်းကျင်၌ သစ်ထုတ်လုပ်မှုဖြစ်ပွားခဲ့ပြီး သစ်ပင်ကြီးများ နည်းပါးလာလျက်ရှိပါသည်။ ထို့ကြောင့် ရေဝေရေလဲ ရေအရင်းအမြစ်ထိန်းသိမ်းနိုင်မှု မရှိလာခြင်း၊ မိုးရာသီတွင် ရေကြီးမှု ဖြစ်လွယ်ပြီး နွေရာသီ၌ ရေရှားပါးလာခြင်းတို့ ကြုံတွေ့နေရပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ရေရှားပါးလာမှုကြောင့် သောက်ရေသုံးရေ ဝေမျှ သုံးရာတွင် အခက်အခဲများစွာ ရှိပါကြောင်း..
ရေတွင်း တူးရန် မဖြစ်နိုင်သောကြောင့် အဝီစိတွင်းများ တူးပေးစေလိုကြောင်း.. ကိုယ်ပိုင်တူးရန်လည်း ငွေကြေးအင်အား မတတ်နိုင်ပါကြောင်း

ရေအရင်းအမြစ်ကဏ္ဍ
  • မွန် ပြည်နယ်
  • ဘီးလင်းမြို့
  • ကျောက်တောင်ကျေးရွာသစ်

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

-၂၀၁၇ ခုနှစ်မှ စ၍ ရေရှားပါးမှု စတင်သည်

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကရင်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

-၂၂၅

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

-ဒေသန္တရ သစ်ထုတ်လုပ်ရေး လူ့ပယောဂကြောင့်

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ရေဝေရေလဲ ကောင်းမွန်စေရန် ပြုပြင်ဆောင်ရွက်ခြင်း.ရေပေးဝေမှုနည်းလမ်းများ သင်တန်းပေးခြင်း အဝီစိရေတွင်းတူးပေးခြင်း
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးသင်တန်းများဟောပြောသင်ကြားခြင်း