‘တောင်ကြီးမြိုတောင်ဖက် ၄မိုင်တွင်ရှိသော မြို့အတွက်ရေဝေရေလွှဲထိန်းသိမ်းပေးနေသောတောဖြစ်သည့်သက်တမ်းနှစ် ၅၀ မှ ၁၀၀ထိရှိသောထင်ရှူးပင်ပေါင်း ၁၀၀၀၀ချီပျက်ဆီးစေမည့်ပန်းချယ်ရီအိမ်ယာစီမံကိန်းအားတောင်ကြီးမြို့သူမြိုသားများမှကန့်ကွက်မှုများပြုလုပ်နေပါသည်။
(ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြိုတောင်ဖက် ၄မိုင်တွင်ရှိသော မြို့အတွက်ရေဝေရေလွှဲထိန်းသိမ်းပေးနေသောတောဖြစ်သည့်သက်တမ်းနှစ် ၅၀ မှ ၁၀၀ထိရှိသောထင်ရှူးပင်ပေါင်း ၁၀၀၀၀ချီပျက်ဆီးစေမည့်ပန်းချယ်ရီအိမ်ယာစီမံကိန်းအား သမဝါယမဘဏ်မှ ပြုလုပ်မည်ကို သက်တမ်းနှစ်ရှည် ထင်းရှူးပင်များပျက်ဆီးခံရနိုင်ခြင်း၊ ရေဝေရေလွှဲစနစ်ကိုထိခိုက်နိုင်ခြင်း၊ ရေမြေတောတောင်စိမ်းလန်းစိုပြေမှူနှင့်သဘာဝရာသီဥတုကိုထိခိုက်နိုင်ခြင်းတို့ကြောင့်တောင်ကြီးမြို့သူမြိုသားများမှကန့်ကွက်မှုများပြုလုပ်နေပါသည်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
သက်တမ်းနှစ်ရှည် ထင်းရှူးပင်များပျက်ဆီးခံရခြင်း ရေဝေရေလွှဲစနစ်ကိုထိခိုက်ခြင်း ရေမြေတောတောင်စိမ်းလန်းစိုပြေမှူနှင်သဘာဝရာသီဥတုကိုထိခိုက်ခြင်း။
ရေအရင်းအမြစ်ကဏ္ဍ
- ရှမ်း ပြည်နယ်(တောင်)
- တောင်ကြီးမြို့နယ်
- ကံကြီးကျေးရွာအုပ်စု
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
-၂၀၂၀
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
မြို့ နေပြည်သူများ(တိုင်းရင်းသားပေါင်းစုံ)
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
-၃၀၀၀၀၀ခန့်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
-ပန်းချယ်ရီအိမ်ယာစီမံကိန်း သမဝါယမဘဏ်ဥက္ကဌ ဦးခင်မောင်အေး
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
စီမံကိန်းကိုရပ်တန့်နိုင်ရန် Signature Campaign ပြုလုပ်၍ ရှမ်းပြည်နယ်အစိုးရထံတင်ပြသွားမည်။