မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ မန်ကျည်းကျေးရွာအုပ်စု၊ မန်ကျည်းကျေးရွာနှင့် ဓနိကြာ(အပြင်ရွာ)ရွာအကြား ဒေသအခေါ် (ဒေဗလဲ့ခပွဲ) ချိုချဉ်တောင်တွင် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်မှ မြန်မာရွှေဧကရာဇ် EFD ကုမ္ပဏီမှ ကျောက်ထုတ်လုပ်ရန် မြေယာများကို နည်းအမျိုးမျိုးဖြင့် ဝယ်ယူနေသောကြောင့် မြန်မာရွှေဧကရာဇ် (EFD)ကုမ္ပဏီနှင့် ဒေသခံတို့ မြေယာပြသနာ ဖြစ်ပွားနေပါသည်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကုမ္ပဏီ၏ သွေးခွဲစည်းရုံးမှုကြောင့် ဒေသခံ ဘာသာရေးခေါင်းဆောင် သံဃာတော်အချင်းချင် ဂိုဏ်ကွဲခြင်း၊ သံဃာနှင့် ပြည်သူ သွေးကွဲခြင်း၊ အစိုးရနှင့် ပြည်သူအကြား မြေယာပိုင်ဆိုင်ခွင့် ဆုံးရှုံးခြင်း။ ကုမ္ပဏီ၏ မတရားမြေယာဝယ်ယူမှုကြောင့် ရိုးရာခိုက်ခြင်း။
၄င်းဒေသသည် ၁၉၇၄ ခုနှစ် မွန်ပြည်သစ်ပါတီ အုပ်ချုပ်စဉ်ကာလကပင် လမ်းပန်းဆက်သွယ်ရေး မရှိ၊ အဓိကအားဖြင့် လှေကိုသာ အသုံးပြုကြသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဒေသတွင်း စားနပ်ရိပ်က္ခာ ဖူလုံမှုရှိရန် မြေယာအား အစဉ်တစိုက် လုပ်ကိုင်စေ၍ မြေယာများအား စိုက်ပျိုးမလုပ်ကိုင်နိုင်လျှင် ကော်မတီအား အပ်ရမည်ဆိုသည့်မူ ထားရှိခဲ့တာ ယခုထိတိုင် ကျင့်သုံးလျှက်ရှိသည်။ မြေအား ဘုံပိုင်စနစ် ကျင့်သုံးသည်။ ယခုနောက်ပိုင်းတွင် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးလာသောကြောင့် မြေယာများ သူပိုင်ငါပိုင် ဖြစ်လာကြသည်။
မြန်မာရွှေဧကရာဇ် ကုမ္ပဏီရောက်ရှိလာပြီးမှ မြေယာကို မတရားဝယ်ယူမှုကြောင့် ယခင်မိရိုးဖလာစနစ် ပျက်ပြားခဲ့ရသည်။ ရိုးရာအယူအဆအရ ကြပ်ခြင်း၊ ညှပ်ခြင်း၊ ဖျားနာခြင်း ရွာခိုက်တယ်လို့ အယူအဆများ ဖြစ်နေ၍ ဒေသခံများ စိုးရိမ်းပူပန်းနေကြသည်။
ဒီဒေသကို ၂၀၁၃ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ခရီးသွားလုပ်ငန်း လုပ်ဆောင်ရန် လျာထားသော်လည် နယ်မြေမတည်ငြိမ်မှုကြောင့် ဆက်လက်အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပေ။
ဒေသခံများသည်လဲ မြေယာပိုင်ဆိုင်မှု အငြင်းပွားမှု များလာ၍ ၂၀၁၂ လယ်ယာမြေဥပဒေအရသော်လည်ကောင်း မြေယာပိုင်ဆိုင်မှု လျောက်ထားသော်လည်း သက်ဆိုင်ရာမှ လာရောက် လုပ်ဆောင်မှု မရှိပဲ ၂၀၁၈ မြန်မာရွှေဧကရာဇ် ကုမ္ပဏီလာရောက်၍ ကုမ္ပဏီအတွက်သာ မြေလွတ်မြေရိုင်း လျောက်ထားခွင့် ၉၅ ဧကကျော် ရရှိခဲ့၍ ဒေသခံများ နစ်နာလျှက် ရှိနေပါသည်။
- မွန် ပြည်နယ်
- ရေးမြို့နယ်၊ ခေါဇာမြို့
- မန်ကျည်းကျေးရွာအုပ်စု ဓနိကြာရွာ (အပြင်ရွာ/အတွင်းရွာ)ာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
-၁၁/၁၂/၂၀၁၉
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
မွန်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
-၁၀၀၀ ကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
-ကျောက်ထုတ်လုပ်ရန် မြေယာများကို နည်းအမျိုးမျိုးဖြင့် ဝယ်ယူနေသောကြောင့် မြန်မာရွှေဧကရာဇ် (EFD)ကုမ္ပဏီ