ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ ရေပူစမ်းကျေးရွာတွင် မုန့်တီလုပ်ငန်းကြောင့် သဘာဝ ရေပူစမ်းတိမ်ကောခြင်း နှင့် ​ရေအရင်းအမြစ်ညစ်ညမ်းမှုဖြစ်ပွားလျက်ရှိသည်

Confirmation Status : Reported
January 19, 2021

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ ရေပူစမ်းကျေးရွာတွင် မုန့်တီလုပ်ငန်းကြောင့် သဘာဝ ရေပူစမ်းတိမ်ကောခြင်း နှင့် ​ရေအရင်းအမြစ်ညစ်ညမ်းမှုဖြစ်ပွားလျက်ရှိသည်

(ကရင်ပြည်နယ် မြဝတီမြို့နယ် အဖြူရောင်မီးအိမ် ပညာရေးအထောက်အကူပြုအသင်း မှ သတင်းပေးပို့ပါသည်။)
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ ရေပူစမ်းကျေးရွာတွင် မုန့်တီလုပ်ငန်းကြောင့် သဘာဝ ရေပူစမ်းတိမ်ကောခြင်း နှင့် ​ရေအရင်းအမြစ်ညစ်ညမ်းမှုဖြစ်ပွားခြင်း၊ ရေပူစမ်းချောင်းကမ်းဘေးနားရှိအိမ်များမှအမှိုက်၊အိမ်သာအညစ်အကြေးများစွန့်ပစ်မှုတို့်ဖြစ်ပွားနေပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

အရင် ဒီရေပူစမ်းကြောင့် လာရောက်လည်ပတ်သူများကိုအမှီပြုပြီး ဒေသခံများကစျေးဆိုင်တွေဖွင့်ပြီးစျေးရောင်းရတယ်။ ယခုအခါတွင်မူ ရေပူစမ်းချောင်းကတိမ်ကောသွားသောကြောင့် လာရောက်လည်ပတ်သူများလည်းမရှိတော့ပါ။ အရင်လိုစျေးရောင်းလို့မရတော့ပါ။မုန့်တီဖိုကြောင့် ချောင်းရေမှာလဲတအားနံလာပါသည်။ ရေကလဲသုံးလို့မရတော့ပါ။

ရေအရင်းအမြစ်ကဏ္ဍ
  • ကရင်ပြည်နယ်
  • မြဝတီမြို့နယ်
  • ရေပူစမ်းကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

-လွန်ခဲ့သော ၇နှစ်ခန့်မှစ၍

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကရင် မွန် ဗမာ ပအိုဝ့် ရခိုင် ချင်း လီဆူး

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

-ရေပူစမ်းကျေးရွာတစ်ရွာလုံး

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း

အဓိကပါဝင်ပတ်သက်သူ

-မုန့်တီလုပ်ငန်း၏စွန့်ပစ်ပစ္စည်း နှင့် ရေပူစမ်းချောင်းကမ်းဘေးနားရှိအိမ်များမှအမှိုက်၊အိမ်သာအညစ်အအကြေးများစွန့်ပစ်မှု

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

မုန်တီလုပ်ငန်းကိုပိတ်သိမ်းပြီး ရေချောင်းကိုပြန်ဆယ်မယ်ဆိုရင် သေချာစွာထိန်းသိမ်းမည်ဆိုလျှင် ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။