မွန်ပြည်နယ် ရေးမြို့နယ် ကုလားကုတ်ကျွန်းတွင် တပ်မတော်မှ ဒေသခံပြည်သူများအပေါ် ပွင့်လင်းမြင်သာမှုမရှိပဲ လမ်းပေါက်လုပ်သည့် စီမံကိန်းကိစ္စ

Confirmation Status : Reported
December 4, 2020

မွန်ပြည်နယ် ရေးမြို့နယ် ကုလားကုတ်ကျွန်းတွင် တပ်မတော်မှ ဒေသခံပြည်သူများအပေါ် ပွင့်လင်းမြင်သာမှုမရှိပဲ လမ်းပေါက်လုပ်သည့် စီမံကိန်းကိစ္စ

(မွန်ပြည်နယ်ရှိ ရေးမြို့နယ်ရှိ စိမ်းလန်းမွန်မြေ အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
မွန်ပြည်နယ် ရေးမြို့နယ် ကုလားကုတ်ကျွန်းတွင် တပ်မတော်မှ ဒေသခံပြည်သူများအပေါ် ပွင့်လင်းမြင်သာမှုမရှိပဲ လမ်းဖောက်လုပ်ခြင်း၊ စီမံကိန်းအား ပွင့်လင်းမြင်သာစွာချပြမှုမရှိခြင်း၊ မှတ်တိုင်စိုက်ထူခြင်းနှင့် လျှို့ဝှက်မြေတိုင်းတာခြင်းများ ပြုလုပ်နေပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းပေါ်သို့ ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းမှစတင်၍ တပ်မတော် အင်ဂျင်နီယာတပ်(တပ်အမည်မသိ) မှ ယာဉ်ယန္တယားများကို ရေယာဉ်ဖြင့် တင်ဆောင်ရောက်ရှိခဲ့ပါသည်။၂၀၁၉ခု နှစ်လယ်ပိုင်းတွင် ၎င်းတပ်မှ ဒေသခံများအသုံးပြုနေ‌ေသော အပေါ်ဆိပ်ရွာမှ ပသျှူးချောင်းသို့ သွားရာလမ်းကို လမ်းချဲ့ပေးမည့်အစီအစဉ်ဖြင့် ဒေသခံတောင်သူများနှင့် ညှိနှိုင်းတိုင်ပင်ရာ ဝမ်းမြောက်စွာသဘောတူခဲ့ကြပါသည်။ ယခုအခါတွင် ထိုလမ်းနှင့်အပြိုင် နောက်ထပ်လမ်းအသစ်တစ်ကြောင်းကို ဒေသခံများနှင့်ညှိနှိုင်းတိုင်ပင်မှုမရှိဘဲ ထပ်မံထိုးဖောက်ရန် စတင်လျှက်ရှိပါသည်။ ခြုံငုံသုံးသပ်ရာသပ်ရာတွင် ၎င်းတို့ ၁။အကြောင်းမဲ့ လမ်းဖောက်လုပ်ပေးခြင်း ၂။ ဒုတိယအကြိမ် ညှိနှိုင်တိုင်ပင်မှုမရှိခြင်း ၃။ ၎င်းတို့ လုပ်ဆောင်မည့် ဦးတည်သည့် စီမံကိန်း ပွင့်လင်းမြင်သာစွာ ချပြမှု မရှိခြင်း ၄။ ၎င်းတို့ဖက်မှ မှတ်တိုင်စိုက်ထူခြင်းနှင့် လျှိုဝှက်တိုင်းတာခြင်းများပြုလုပ်နေပါသည်။

မြေယာကဏ္ဍ
  • မွန် ပြည်နယ်
  • ရေးမြို့နယ်
  • ကုလားကုတ်ကျွန်း

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

– ၂၀၂၀ ဒီဇင်ဘာ

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

– အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

– မွန်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

– ၅၀၀၀ ကျော်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း,သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

-တပ်မတော်အင်ဂျင်နီယာတပ်(အမည်မဖော်ပြ)

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

‘လုပ်ဆောင်မည့် စီမံကိန်း ပွင့်လင်းမြင်သာစွာ ချပြခြင်း။ ထိခိုက်ဆုံးရှုံးသူများကို လျော်ကြေး နစ်နာကြေး ပေးဆောင်ခြင်း