တောင်သူများနှင့် စစ်တပ်အကြား တပ်သိမ်းမြေကိစ္စ မပြေလည်သေး၊ ပင်စုံကျေးရွာအုပ်စု၊ ဆီဆိုင်မြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း

Confirmation Status : Reported
October 9, 2020

တောင်သူများနှင့် စစ်တပ်အကြား တပ်သိမ်းမြေကိစ္စ မပြေလည်သေး၊ ပင်စုံကျေးရွာအုပ်စု၊ ဆီဆိုင်မြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း

(ဒို့မြေကွန်ယက် Facebook စာမျက်နှာမှ ကူးယူဖော်ပြထားပါသည်။)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ ပင်စုံကျေးရွာအုပ်စု ကျေးရွာသားများ လုပ်ကိုင်နေသည့် မြေများအား ခမရ ၄၂၃၊ ၄၂၄ မှ တပ်ပိုင်မြေအဖြစ် သိမ်းယူကာ ကျေးရွာသားများအား ၂၀၁၉၊ ၂၀၂ဝ တွင် လုပ်ပိုင်ခွင့်မပြုတော့သောကိစ္စ ပြေလည်အောင် မဖြေရှင်းနိုင်သေးဟု ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ ပင်စုံကျေးရွာအုပ်စု ကျေးရွာသားများ လုပ်ကိုင်နေသည့် မြေများအား ခမရ ၄၂၃၊ ၄၂၄ မှ တပ်ပိုင်မြေအဖြစ် သိမ်းယူကာ ကျေးရွာသားများအား ၂၀၁၉၊ ၂၀၂ဝ တွင် လုပ်ပိုင်ခွင့်မပြုတော့ကြောင်းနှင့် ဝင်ရောက် လုပ်ကိုင်ခဲ့သည့် ကျေးရွာသားများကို ရာဇသတ်ကြီးပုဒ်မ-၄၄ရ ဖြင့် တပ်မှ တရားစွဲဆိုထားကြောင်း၊ အစည်းအဝေးများတွင် ထိုပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးမည်ဟုပြောသော်လည်း တရားပင်စွဲဆိုထားကြောင်း ပအိုဝ်းအရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့်မိတ်ဖက် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ဆိုပါသည်။

မြေယာကဏ္ဍ

  • ရှမ်းပြည်နယ်(တောင်)
  • ဆီဆိုင်မြို့နယ်
  • ပင်စုံကျေးရွာအုပ်စု၊ နောင်ကျော်ကျေးရွာအုပ်စု

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၆/၁၀/၂၀၂၀

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ပအိုဝ်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း

အဓိကပါဝင်ပတ်သက်သူ

ခမရ ၄၂၃/ ၄၂၄

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ကွင်းဆင်းစစ်ဆေးမှုများအမြန်ဆုံးဆောင်ရွက်ပြီး ဒေသခံများအား တရားဝင်မြေယာပိုင်ဆိုင်ခွင့်နှင့် လျော်ကြေးနစ်နာကြေးများ ရပိုင်ခွင့်တို့အား အမြန်ဆုံး တရားဝင်ကူညီဆောင်ရွက်ပေးရန်