မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကုန်းမြင့်သာရွာအနီးရာဘာ သစ်ပါးလွှာစက်ရုံကြီး ၂ ရုံ (အသုံးပြုမြေဧက အကျယ်အဝန်း ၁၀၀ခန့်) ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ပေါ်နေပါသည်။

Confirmation Status : Reported
December 4, 2020

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကုန်းမြင့်သာရွာအနီးရာဘာ သစ်ပါးလွှာစက်ရုံကြီး ၂ ရုံ (အသုံးပြုမြေဧက အကျယ်အဝန်း ၁၀၀ခန့်) ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ပေါ်နေပါသည်။

(မွန်ပြည်နယ် ရေးမြို့နယ်ရှိ စိမ်းလန်းမွန်မြေ အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကုန်းမြင့်သာရွာအနီးရာဘာ သစ်ပါးလွှာစက်ရုံကြီး ၂ ရုံ (အသုံးပြုမြေဧက အကျယ်အဝန်း ၁၀၀ခန့်) မှ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ သစ်တောပြုန်းတီးခြင်း၊ လူမှုရေးပြဿနာများဖြစ်ခြင်းတို့ကြုံတွေ့နေရပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ပတ်ဝန်းကျင် ရေ၊ လေညစ်ညမ်းခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ မြေဆီလွှာများထိခိုက်ပျက်စီးခြင်း၊ လူမှုရေးပြသနာများကြုံတွေ့ရပါသည်။

– ပတ်ဝန်းကျင်ညစ်ညမ်းမှုကဏ္ဍ
  • မွန် ပြည်နယ်
  • သံဖြူဇရပ်မြို့နယ်
  • ကုန်းမြင့်သာရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

-၂၀၁၈ခုနှစ်မှစ၍

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

မွန်၊ ကရင်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

-စက်ရုံအနီးအနားရှိ ဒေသခံများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

-ရွှေ့ပြောင်းလုပ်သား၊ ကျပန်းလုပ်ငန်း

အဓိကပါဝင်ပတ်သက်သူ

-ရာဘာသစ်ပါးလွှာစက်ရုံ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သစ်ပင်ခုတ်လှဲသည့်ပမာဏ အစားထိုးပြန်စိုက်ခြင်း။ ထိုးထားသည့်မြေစာပုံများကို မိုးရွာသည့်အခါ ကားလမ်းမကြီးပေါ်သို့ မစီးမျောကျလာစေရန် ကာရံခြင်း။ ရွေ့ပြောင်းလုပ်သားများ နှင့် ဒေသအတွင်းရှိနေတဲ့တိုင်းရင်းသားများအား လူမှုရေးပြသနာမရှိစေရန် ထိန်းသိမ်းပေးခြင်း။ ရွေ့ပြောင်းလုပ်သား ပမာဏများလာခြင်းကြောင့် ဒေသခံတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့များပြောင်းလဲမှု ဖြစ်ပေါ်နိုင်ခြင်း။ မြေယာများကို လိုအပ်သည်ထက် ပိုမို၍ နည်းအမျိုးမျိုးဖြင့်ထပ်မံ မတိုးချဲ့ရန် စသည်တို့ထိန်းသိမ်းသင့်ပါသည်။