သစ်တောကြိုးဝိုင်းအတွင်း ကျရောက်နေသော ကျေးရွာအား သက်ဆိုင်ရာမှ ကျူးကျော်ဟုဆိုကာ ဖယ်ရှားခိုင်း၊ ဟဲနန်းကျေးရွာ၊ ပင်လုံမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)
(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၏ ၁၄ မိုင်ခန့်အကွာတွင် ရှိသော ဟဲနန်းကျေးရွာသည် သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ကျရောက်နေသည်ဟုဆိုကာ သက်ဆိုင်ရာမှ ယခုအခါတွင် ဖယ်ရှားခိုင်းနေတယ်လို့ ဆိုပါတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
စစ်ပွဲမဖြစ်မီကဟဲနန်းရွာဟောင်းဟာ အိမ်ခြေ (၆)လုံးနှင့် စေတီဟောင်းများရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၈၀) ကျော်က ဟဲနန်းကျေးရွာပြည်သူများဟာ ၁၉၉၇/၉၈ဖြတ်လေးဖြတ်ကာလမှာ စစ်ပွဲကြောင့်ရွာလုံးကျွတ် အခြားနေရာများကို ပြောင်းရွှေ့ ဆောက်လုပ်ကာ နေထိုင်ရပါတယ်။ ယခုအခါမှာ ရှမ်းပြည်နယ် နယ်စပ်ရေးရာဝန်ကြီး နှင့် မြို့နယ်ထွေအုပ်၊ သစ်တော ဦးစီးဌာနတို့က သစ်တောကြိုးဝိုင်းနယ်မြေအတွင်း ကျရောက်နေကြောင်း၊ ကျုးကျော်များဖြစ်လို့ ဖယ်ရှားပေးရမည်ဖြစ်ကြောင်းပြောနေတဲ့အတွက် တာဝန်ရှိသူများနှင့် ရွာသူရွာသားများအကြား ပြဿနာဖြစ်ပွားနေပါတယ်လို့ ဒေသခံများ အဆိုအရ သိရပါတယ်။
သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ
- ရှမ်းပြည်နယ်(တောင်)
- ပင်လုံမြို့နယ်
- ဟဲနန်းကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၀၈/၁၇/၂၀၁၈
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ပအို့ဝ်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
–
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကျဘန်းလုပ်ငန်း
အဓိကပါဝင်ပတ်သက်သူ
ထွေအုပ်၊ သစ်တောဦးစီးဌာန
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကော်မတီအထိတင်ပြ၍သစ်တောကြိုးဝိုင်းအဖြစ်မှ ပယ်ဖျက်ခြင်း၊ ဒေသခံပြည်သူလူထုများ လုပ်ကိုင်စားသောက်နိုင်ရန် လယ်မြေများသတ်မှတ်ခြင်း၊ ဒေသခံအစုအဖွဲ့ပိုင်သစ်တောများတည်ထောင်ပေးခြင်းတို့ ပြုလုပ်ပေးရန် လိုအပ်ပါသည်။