နောင်တောင်းရေကန် ကြီး ရေခမ်းလာ၊ ဒေသခံများ အခက်တွေ့၊ ပန်ဂိုးကျေးရွာ၊ လွိုင်လင်မြို့၊ ရှမ်းပြည်နယ် (တောင်ပိုင်း)
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
(၂၀၁၃) ခုနှစ်က စပြီး ရေပေးဝေရေးအတွက် အားထားရတဲ့ နောင်တောင်းရေကန်ကြီးဟာ ယခင်ကနွေရာသီတွင်ရေမခမ်းသော်လည်း ယခုအခါတွင် ဇန်နဝါရီလတွင်ပင် ရေများစခမ်းလာပြီး ဇူလိုင်လလောက်မှရေပြန်စုနိုင်ပါတယ်လို့ ဒေသခံများက ဆိုပါတယ်။
ရေခမ်းရတဲ့ အကြောင်းအရင်းတွေက တောင်ယာခုတ်သဖြင့် သစ်တောပြုန်းတီးခြင်း၊ ဆည်မြောင်းဌာနမှ ကန်ပတ်လမ်းဖောက်လုပ်ရာတွင် သက်ရင့်သစ်ပင်ကြီးများ ခုတ်ပစ်သဖြင့် သစ်ပင်များပါးသွားခြင်းတို့ကြောင့် ရေထိန်းနှင့်ရေထွက်တွေပျက်စီးလာတယ်လို့ သိရပါတယ်။
သစ်တောထိန်းသိမ်းဖို့ အသိပညာလည်း ဒေသခံတွေမှာ အားနည်းတဲ့အပြင် ရိုးရာအစဉ်အဆက်တောင်ယာခုတ်တာကို စွန့်လွှတ်ဖို့လည်း ခက်နေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသခံလူထုပါဝင်ခြင်းမရှိ၊ လူထုကသိရှိခြင်း မရှိတဲ့ စီမံခန့်ခွဲမှုတို့ကြောင့်လည်း သစ်တောတွေ ပိုမိုပြုန်းကာ ရေရှားပါးခြင်း၊ မိုးနည်းခြင်းနှင့် စိုက်ပျိုးရေခက်ခဲခြင်းတို့ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။
ရေအရင်းအမြစ်ကဏ္ဍ
- ရှမ်းပြည်နယ်(တောင်)
- လွိုင်လင်မြို့နယ်
- ပန်ဂိုးကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၀၈/၂၇/၂၀၁၃
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ပအို့ဝ်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
–
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကျဘန်းလုပ်ငန်း
အဓိကပါဝင်ပတ်သက်သူ
ကျေးရွာသူ/သားများ