အစိုးရမှ ကြိုးဝိုင်းဖွဲ့စည်း ရာတွင် ဒေသခံများ၏ ရိုးရာမြေယာ သစ်တောများပါဝင်သွား၊ ဝမ်လောင်းရွာ၊ ကွန်ဟိန်းမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
၂၀၁၈ ခုနှစ်တွင် သစ်တောဦးစီးဌာန၊ ဒေသခံပြည်သူများနှင့် ရှမ်းပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ ပါဝင်သော အစည်းအဝေးတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်လောင်းကျေးရွာနှင့် တစ်ဝိုက် သစ်တောများကို သစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ပါသည်။ ဒေသခံများ လုပ်ကိုင် စားသောက်သော လယ်မြေ၊ ယာမြေများတွင်လည်း ပုံစံ (၇)၊ မြေပုံစံ (၁၀၅) မြေဂရမ်များကို လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနက ထုတ်ပေးထားခြင်းမရှိပါ။
အဆိုပါ ကျေးရွာသည် EAOs အဖွဲ့ တစ်ခုဖြစ်သည့် RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း တည်ရှိပါသည်။ NCA စာချုပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ်မြေအတွင်းရှိပါသည်။ မိရိုးဖလာ လုပ်ကိုင်လာသော မြေယာများနှင့် ဘိုးစဉ်ဘောင်ဆက် အသုံးပြုလာသည့် သစ်တောများကို ဒေသခံများအား အသိပေးကာ တိုင်ပင်ဆွေးနွေး သဘောတူညီချက်မယူဘဲ ကြိုးဝိုင်းအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် ဒေသခံနှင့် အစိုးရကြားတွင် ပြဿနာများ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
လယ်ယာမြေ၊ တောင်ယာခြံမြေများကို တရားဝင်ပိုင်ဆိုင်မှု အထောက်အထား မရှိသဖြင့် မြေယာဥပဒေနှင့် သစ်တော ဥပဒေတို့ဖြင့် ညိမည်ကို ဒေသခံများမှ စိုးရိမ်နေကြပြီး ကြိုးဝိုင်း အဖြစ် သတ်မှတ်ခြင်းမှ ပယ်ဖျက်ပေးရန် အစိုးရသို့ တင်ပြတောင်းဆိုထားသည်ဟု ဒေသခံများ ပြောပြချက်အရ သိရပါတယ်။
သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ
- ရှမ်းပြည်နယ်(တောင်)
- ကွန်ဟိန်းမြို့နယ်
- ဝမ်လောင်းရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၀၈/၂၇/၂၀၁၈
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရှမ်း
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကျဘန်းလုပ်ငန်း
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
အစိုးရနှင့် EAO အဖွဲ့များ
အဓိကပါဝင်ပတ်သက်သူ
–