ခနောက်စိမ်းစက်ရုံမှထွက်သောမီးခိုးငွေ့များကြောင့်ကျေးရွာလူထုကျန်းမာရေးထိခိုက်၊ နမ့်ဆီးကျေးရွာ၊ တောင်ကြီးမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာတွင် ယခင် အုပ်ချုပ်ရေးမှူးများနှင့် စက်ရုံ လုပ်ကိုင်သော လုပ်ငန်းရှင်များ ပူးပေါင်းကာ(၂၀၀၃) ခုနှစ်လောက်က ခနောက်စိမ်း စက်ရုံကို စတင်တည်ဆောက်ကာ လုပ်ကိုင်ခဲ့ပါတယ်။ မည်သည့်အတွက် အဆောက်အအုံ တည်ဆောက်သည်ကို ပြည်သူများအား ချပြခြင်း မရှိကြောင်း ဒေသခံများက ဆိုပါတယ်။
ဒေသခံများက ကနဦးက ဖိနပ် စက်ရုံ တည်ဆောက်မည်ဟု ထင်ခဲ့ကြပါတယ်။ ထို့နောက် ၂၀၁၄ ဒီဇင်ဘာလမှာ အကြီးတန်း အင်ဂျင်နီယာ ဦးအောင်နိုင်ထွန်းမှ လူထုတွေ့ဆုံပွဲ ပြုလုပ်မှသာ ခနောက်စိမ်း စက်ရုံ တည်ဆောက်သည်ကို သိခဲ့ရပါတယ်။ စက်ရုံမှ ထွက်ရှိတဲ့ မီးခိုးငွေ့တွေကြာင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေပြီး ယခင်က မရှိခဲ့တဲ့ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ခြင်း၊ မိန်းမများ သားပျက်သားလျောဖြစ်ခြင်း၊ ပိုလီယိုဖြစ်ခြင်း၊ လူထုနှင့် ပတ်ဝန်းကျင်ရှိ သီးနှံနှင့် သစ်ပင်များကို ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်နေခဲ့ပါတယ်။
ထို့ကြောင့် ဒေသခံများမှ စက်ရုံ လည်ပတ်မှုကို မလိုလားကြပေ။ အချို့က တစ်ခြားဒေသတွေကို ထွက်ခွာသွားပါတယ်။ သက်ဆိုင်ရာ အုပ်ချုပ်သူများထံ စာတင်ပြ၍ စက်ရုံ ပိတ်သိမ်းရန် တောင်းဆိုမှု ပြုလုပ်ခဲ့တဲ့အတွက်၂၀၁၈ ဒီဇင်ဘာတွင် အထွေထွေ အုပ်ချုပ်ရေးမှုး၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင် ဦးစီးဌာန အဖွဲ့များ ကွင်းဆင်းစစ်ဆေးပြီး အနံ့ဆိုးများ မထွက်အောင် ပြင်ဆင်ရန်၊ စက်ရုံကို ရပ်ထားရန်၊ ထိခိုက်မှုများ အတွက် ပြန်လည်ကုစားပေးရန် တောင်းဆိုမှု ပြုလုပ်ခဲ့ပါသော်လည်း မကြာမီ ရက်ပိုင်းအတွင်း စက်ရုံပြန်လည်ပတ်ခဲ့ပါတယ်။ လူထုအတွက် ၂၀၁၉ ခုနှစ် ကုန်ပြီး ၂၀၂ဝ သို့ ရောက်ရှိလာခဲ့သော်လည်း မည်သည့် စစ်ဆေးမှုနဲ့ ကုစားမှုမျိုးကိုမျှ မပြုလုပ်ပေးခဲ့ပါဟု ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။
ပတ်ဝန်းကျင်ညစ်ညမ်းမှုကဏ္ဍ
- ရှမ်းပြည်နယ်(တောင်)
- တောင်ကြီးမြို့နယ်
- နမ့်ဆီးကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၀၈/၂၇/၂၀၀၃
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ပအို့ဝ်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
–
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကျဘန်းလုပ်ငန်း
အဓိကပါဝင်ပတ်သက်သူ
အုပ်ချုပ်ရေးမှုးများနှင့်လုပ်ငန်းရှင်များ