ပက်ပင်းသံမဏိစက်ရုံအတွက် စစ်တပ်မှ သိမ်းဆည်းထားသည့် မြေကို ဒေသခံများမှ ပြန်လည်တောင်းဆိုထားသော်လည်း ယနေ့အထိ မထူးခြားသေး၊ နမ့်ဆီးကျေးရွာ၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ် (တောင်ပိုင်း)

Confirmation Status : Reported
October 10, 2020

ပက်ပင်းသံမဏိစက်ရုံအတွက် စစ်တပ်မှ သိမ်းဆည်းထားသည့် မြေကို ဒေသခံများမှ ပြန်လည်တောင်းဆိုထားသော်လည်း ယနေ့အထိ မထူးခြားသေး၊ နမ့်ဆီးကျေးရွာ၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ် (တောင်ပိုင်း)

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်, နမ့်ဆီးကျေးရွာ အနီးတွင် ကျေးရွာသားများပိုင် မြေယာဧက (၅၀၀၀)ကျော်ကို ၂၀၀၄-၀၅ ခုနှစ်တွင်အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် အမှတ် (၉၀၃) မြေပြင်အင်ဂျင်နီယာ တပ်ရင်းတို့မှ သိမ်းယူခဲ့ပြီး ဒေသခံများမှ ပြန်လည်တောင်းဆိုတင်ပြထားသော်လည်း ထူးခြားမှု မရှိသေးဟု သိရပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

အုပ်ချုပ်သူအဖွဲ့အစည်းများနှင့်အမှတ်(၉၀၃) မြေပြင်အင်ဂျင်နီယာတက်တို့မှ၂၀၁၄ခုနှစ်တွင် နမ့်ဆိးကျေးရွာသားများ လုပ်ကိုင်စားသောက်နေသည့် မြေဧက(၅၀၀၀)ကျော်ကိုစက်ယန္တရားများထိုး၍အလံများစိုက်ထူကာမကျုးကျော်ရန်တားမြစ်ခဲ့သည်။ ထိုသို့ သိမ်းဆည်းခံခဲ့ရ သဖြင့် သီးနှံများဆုံးရှုံးခြင်း အရင်းအနှီးများဆုံးရှုံးခြင်း၊ နှင့်အတူ စီးပွားရေးပါထိခိုက်နစ်နာမှုများစွာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းမြေများကြောင့်ပြည်သူများနစ်နာမှုကို ဦးသိန်းစိန် အစိုးရလက်ထက်တွင် ကော်မရှင်ထံသို့တင်ပြခဲ့ရာ ထူးခြားမှုမရှိခဲ့ပေ။ NLD အစိုးရလက်ထက်တွင် ဆက်လက်တင်ပြခဲ့ရာပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရတို့အဖွဲ့မှ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ရာတွင် သိမ်းဆည်းမြေများနှင့်ပတ်သက်ပြီးအသုံးမပြုသောမြေများ ပြန်ပေးပါရန်နှင့်အသုံးပြုထားသောမြေများအတွက် တင်ပြတောင်းဆိုခဲ့သော်လည်းယနေ့အထိတစ်စုံတစ်ရာ ထူးခြားသောတုန့်ပြန်မှုများမရှိသေးပါဟု ဒေသခံများ၏ အဆိုအရ သိရပါတယ်။

မြေယာကဏ္ဍ

  • ရှမ်းပြည်နယ်(တောင်)
  • တောင်ကြီးမြို့နယ်
  • နမ့်ဆီးကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၀၈/၁၁/၂၀၁၄

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အိုး

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ပအို့ဝ်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း

အဓိကပါဝင်ပတ်သက်သူ

အစိုးရနှင့် အမှတ်(၉၀၃)မြေပြင်အင်ဂျင်နီယာတပ်ရင်း

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

အစိုးရမှ သက်ဆိုင်ရာ ဌာနပေါင်းစုံပါဝင်သည့် အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း၊ ဒေသခံများနှင့် ညှိနှိုင်းတိုင်ပင်ခြင်းနှင့် အချိန်မဆွဲဘဲ အရေးယူဆောင်ရွက်ခြင်းများပြုလုပ်သင့်ပါသည်။