ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာတွင် သနပ်ဖက်ပင်များ အလွန်အကျွံစိုက်ပျိုးထုတ်လုပ်မှုများကြောင့် ပတ်ဝန်းကျင်နှင့် လူထုကျန်းမာရေးများထိခိုက်နေခြင်း

Confirmation Status : Reported
October 10, 2020

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာတွင် သနပ်ဖက်ပင်များ အလွန်အကျွံစိုက်ပျိုးထုတ်လုပ်မှုများကြောင့် ပတ်ဝန်းကျင်နှင့် လူထုကျန်းမာရေးများထိခိုက်နေခြင်း

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာတွင် လွန်ခဲ့သော (၂၅) နှစ် ဝန်းကျင်ခန့်မှစကာ သနပ်ဖက်ပင်များကို အလွန်အကျွံ စိုက်ပျိုးနေသဖြင့် ထင်းကို များစွာ သုံးရပြီး သစ်တောများ ပြုန်းတီးကာ ပိုးသတ်ဆေးများသုံးသဖြင့် လူထုကျန်းမာရေးလည်း ထိခိုက်မှု ရှိနေတယ်လို့ ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာတွင် လွန်ခဲ့သော (၂၅) နှစ် ဝန်းကျင်ခန့်မှစကာ ယခု အချိန်အထိ သနပ်ဖက်ပင်များကို အလွန်အကျွံ စိုက်ပျိုးနေပါသည်။ သနပ်ဖက် လှော်ခြင်း၊ ကင်ခြင်းများတွင် ထင်းကို များစွာ အသုံးပြုရပါသည်။ ထိုထင်းများကို သစ်တောမှ ထုတ်ယူကြသဖြင့် သစ်တောများ ပြုန်းတီးမှု ရှိနေပါသည်။

ထို့အပြင် သနပ်ဖက် လှော်ရာ၊ ကင်ရာမှ မီးခိုးငွေ့များ ထွက်ရှိသည့်အပြင် အရွက်များရှင်သန်ရေးအတွက် ပိုးသတ်ဆေးများ လွန်ကဲစွာ အသုံးပြုရခြင်းတို့ကြောင့် လူအများ၏ ကျန်းမာရေး ထိခိုက်မှုများ ရှိနေပါတယ်ဟု ဒေသခံတစ်ဦးမှ ပြောပါသည်။

စီးပွားရေးကိုသာ ဦးစားပေး လုပ်ဆောင်ပြီး နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် ထိခိုက်မှုဆိုင်ရာ လျော့ကျရေးအသိပညာ နည်းပါးနေခြင်းကြောင့် ဖြစ်ပါသည်။ သနပ်ဖက် စိုက်ပျိုးခြင်းအစား အခြား သီးနှံ ပြောင်းလဲ စိုက်ပျိုးသော်လည်း အဆင်မပြေဘဲ အခက်အခဲများနှင့် ကြုံတွေ့နေရတယ်လို့ ဒေသခံများ ပြောကြားချက်အရ သိရပါတယ်။

ပတ်ဝန်းကျင်ညစ်ညမ်းမှု ကဏ္ဍ

  • ရှမ်းပြည်နယ်(တောင်)
  • တောင်ကြီးမြို့နယ်
  • နောင်လေရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၀၈/၀၂/၂၀၀၀

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ပအို့ဝ်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း

အဓိကပါဝင်ပတ်သက်သူ

ရွာသားများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

စိုက်ပျိုးရေးနှင့်ပတ်သက်သောအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သင့်ပါသည်။