ဒေသခံများ၏ ကေလာသတောင် ကာကွယ်တောအဆို သစ်တောမှ ခွင့်ပြုသော်လည်း အုပ်ချုပ်ရေးမှူးမှ လက်မှတ်မထိုးပေး၊ မြို့ကြီးကျေးရွာ၊ ရွာငံမြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာတွင် ၂၀၁၈ ခုနှစ်မှ ယနေ့အချိန်ထိ ကေလာသတောင် ကြိုးပြင် ကာကွယ်တော သတ်မှတ်ပေးရေး လျှောက်ထားရာတွင် သစ်တော ဦးစီးဌာနမှ ၎င်းဧရိယာကို ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ရွာငံမြို့နယ် အုပ်ချုပ်ရေးမှုးထံ တင်ပြခဲ့ရာ ၎င်းဧရိယာအတွင်း ပါဝင်နေသော သတ္ထု လုပ်ကွက်များကို ကာကွယ်တော ဧရိယာ အတွင်းမှ ဖယ်ထုတ်ပေးမှသာ ထောက်ခံချက် လက်မှတ် ထိုးပေးမည်ဟု ပြန်ကြားခဲ့ကြောင်း ဒေသခံများမှ ဆိုပါသည်။
ဒေသခံများ အနေဖြင့်၎င်းဧရိယာ အတွင်းရှိ မြေယာများကို မည်သည့်သတ္ထု လုပ်ကွက်မှ ချထားပေးခြင်း မရှိပဲ သဘာဝတောအဖြစ်သာ ထိန်းသိမ်းထားလိုကြပါတယ်။ လုပ်ငန်းရှင်များ၊ အုပ်ချုပ်ရေး အာဏာပိုင်များ နှင့် ဒေသခံများအကြားတွင်ပွတ်တိုက်မှုများ ရှိနေဆဲဖြစ်ပါတယ်။ သတ္ထုတွင်းလုပ်ငန်းများကြောင့် ရေထွက်များ ဆုံးရှုံးတိမ်ကောခြင်း၊ ရေအရင်းမြစ်များ ရှားပါး လာသဖြင့် ဒေသနေပြည်သူများ သောက်သုံးရေ ရှားပါးလာတဲ့အပြင် စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်မှု ရှိလာပါတယ်။
ယခုအချိန်မှာ ရွာငံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထံသို့ သက်တော် (၉၄) နှစ်ရှိ မြို့ကြီးတောရကျောင်း ဆရာတော် ဦးဆောင် ထိန်းသိမ်းစောင့်ရှောက်လာသော ကေလာသတောင် ကြိုးပြင် ကာကွယ်တောအား နိုင်ငံတော် အစိုးရ အနေဖြင့် အသိအမှတ်ပြု လက်မှတ် ရရှိစေရေး ဆောင်ရွက်ပေးရန် (၁၇.၁.၂၀၂၀) ရက်နေ့တွင် စာဖြင့် ကျေးရွာသားများ လက်မှတ်ထိုး တောင်းခံထားပါတယ်။ အုပ်ချုပ်ရေး အာဏာပိုင်များ အနေဖြင့် မြေပြင်သို့ ကွင်းဆင်း စစ်ဆေးမှု မရှိသည့်အပြင် အဂတိ လိုက်စားမှုများ ရှိကောင်းရှိနေနိုင်ပါတယ်ဟု ၎င်းတို့က ဆိုပါတယ်။
သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ
- ရှမ်းပြည်နယ်(တောင်)
- ရွာငံမြို့နယ်
- မြို့ကြီးကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၀၈/၂၆/၂၀၁၈
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
မြို့ကြီးကျေးရွာ/သားများ
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း
အဓိကပါဝင်ပတ်သက်သူ
အုပ်ချုပ်ရေးအဖွဲ့နှင့်လုပ်ငန်းရှင်များ