ပန်းပြည့်ကုမ္ပဏီ သတ္ထုတူးဖော်မှုကို ကန့်ကွက်သည့် ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာမှ ရွာသား (၇) ဦး တရားစွဲခံရ၊ ရွာငံမြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာတွင် သက်ဆိုင်ရာဌာနမှ အကြီးကဲများ၊ လုပ်ငန်းရှင်များနှင့် ဒေသခံ အချို့ပါဝင် ပတ်သက်နေသော သတ္ထု တူးဖော် လုပ်ကိုင်ခွင့် ပြုထားသည့် ပန်းပြည့် ကုမ္ပဏီမှ သတ္ထုတူးဖော်မှုကို ၂၀၁၆ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပြီး ထိုအချိန်မှစ၍ ဒေသခံများမှ ကန့်ကွက်မှု ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၈ တွင် နောက်တကြိမ် ဆက်လက် တူးဖော်သောကြောင့် ရွာသားများက ကန့်ကွက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကန့်ကွက်မှုများ ဆက်လက်ပြုလုပ်နေစဉ်ကာလအတွင်း ၈၊၈၊၂၀၁၉ ရက်နေ့တွင် ရွာသားများ သစ်ပင် စိုက်ပျိုးပြီး အမှိုက်မီးရှို့ရာမှ ကုမ္ပဏီပိုင် တဲပျက်မီးလောင်သဖြင့် ပန်းပြည့် ကုမ္ပဏီမှ တရားလိုပြုလုပ်ကာ ရွာသားများကို ရွာငံမြို့နယ် မြို့မ ရဲစခန်း၌ ပုဒ်မ (၄၃၆၊ ၄၄၇၊ ၁၁၄) ဖြင့်ရွာသား (၇)ဦးကို တရားစွဲဆိုခဲ့ပါတယ်။
ဒေသ၌ ပတ်ဝန်းကျင် ထိခိုက်ခြင်း မြေယာများ ဆုံးရှုံးခြင်း၊ သစ်တောများ ပြုန်းတီးခြင်း၊ ကျန်းမာရေး ထိခိုက်ခြင်း၊ ရေအရင်းများ ဆုံးရှုံးခြင်း၊ ရှိနေခြင်းကြောင့် ဆက်လက် မလုပ်ဆောင်ရန် တားဆီးသော်လည်း လုပ်ငန်းရှင်ဘက်မှ ဆက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်လို့ ဒေသခံများမှ ဆိုပါတယ်။
သတ္တုတွင်းကဏ္ဍ
- ရှမ်းပြည်နယ်(တောင်)
- ရွာငံမြို့နယ်
- သိမ်ကုန်းကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၀၈/၂၆/၂၀၁၆
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ပအို့ဝ်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
ရွာသား(၇)ဦး
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း
အဓိကပါဝင်ပတ်သက်သူ
သက်ဆိုင်ရာဌာနမှ အကြီးကဲများ။လုပ်ငန်းရှင်များ။ဒေသခံအချို့