တောင်သူပိုင် မြေယာများပေါ်တွင် သတ္ထုလုပ်ကွက်ချပေးလိုက်သဖြင့် တောင်သူများအခက်တွေ့၊ ယုန်တောင်ကျေးရွာ၊ ရွာငံမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း
(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ယုန်တောင်ကျေးရွာ ဧရိယာအတွင်း၌ ရွှေထိုက်အောင် ကုမ္ပဏီသို့ လုပ်ငန်းဆောင်ရွက်ခွင့် ချထားပေးရာတွင် တောင်သူ (၁၀)ဦး၏ မြေယာများ ပါဝင်သွားပြီး ၂၀၁၉ ခုနှစ်မှ ယနေ့အထိ အခက်အခဲကြုံကာ အငြင်းပွားမှုများဖြစ်နေတယ်လို့ ဆိုပါတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကျေးရွာဧရိယာအတွင်း၌ရွှေထိုက်အောင်ကုမ္ပဏီသို့လုပ်ငန်းဆောင်ရွက်ခွင့်ချထားပေးသည်ဟုဆိုကာတောင်သူ (၁၀)ဦးမှာ ၂၀၁၉ ခုနှစ်မှ ယနေ့အထိ မြေယာလုပ်ပိုင်ခွင့်များ ဆုံးရှုံးနေရသည်ဟု ပြောပါသည်။ ဌာနဆိုင်ရာ၊ ကုမ္ပဏီနှင့် ပြည်သူလူထု အကြားတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ မြေယာပျက်စီးခြင်းများကြောင့် သတ္ထုတူးဖော်မှုကို အလိုမရှိကြောင်း ကန့်ကွက်စာကို မြို့နယ်ထွေအုပ်ကို ဒေသခံတောင်သူများမှ တင်ပြထားသော်လည်း ယနေ့ထိအရေးယူမှုမရှိသေးကြောင်း သိရပါတယ်။
မြေယာကဏ္ဍ
- ရှမ်းပြည်နယ်(တောင်)
- ရွာငံမြို့နယ်
- ယုန်တောင်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၀၈/၂၆/၂၀၁၉
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, ကလေးသူငယ်
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ပအို့ဝ်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
တောင်သူ (၁၀) ဦး
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း
အဓိကပါဝင်ပတ်သက်သူ
ရွှေထိုက်အောင်ကုမ္ပဏီ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
ပြည်သူတို့၏လိုအပ်ချက်ကိုကွင်းဆင်းစစ်ဆေးဆောင်ရွက်သင့်