ရွှေသတ္ထုတူးဖော်မှုများကြောင့် ဘီးလင်းမြစ်ရေ ညစ်ညမ်း
ဘီးလင်းမြစ်၊ မြစ်ဖျားပိုင်းဒေများတွင် ရွှေသတ္ထုတူးဖော်ရာမှ စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်ကြသဖြင့် မြစ်ကြောင်းတစ်လျှောက်နေ ဒေသခံများ၊ ကျွဲ၊နွားများ သောက်သုံးရေ၊ စိုက်ပျိုးရေ အခက်အခဲဖြစ်ကာ အဆိပ်အတောက်လည်း ပါဝင်မှုများနေတယ်ဟု DVB ကဆိုပါတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကရင်ပြည်နယ် ဖာပွန်ဒေသမှာ မြစ်ဖျားခံပြီး မွန်ပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးကို ဖြတ်သန်းစီးဆင်းနေသောဘီးလင်းမြစ်၊ မြစ်ဖျားပိုင်းဒေများတွင် ရွှေသတ္ထုတူးဖော်ရာမှ စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်မှုများရှိနေကြောင်း သိရပါတယ်။
ထိုသို့ စွန့်ပစ်သဖြင့် မြစ်ကြောင်းတစ်လျှောက် ဒေသခံများ၊ ကျွဲ၊နွားများ သောက်သုံးရေ အခက်အခဲဖြစ်နေပြီး စိုက်ပျိုးရေလည်း အဆိပ်အတောက်ဖြစ်ကာ ညစ်ညမ်းနေကြောင်းနှင့် ရေတွင် အဆိပ်ဓာတ်ပါဝင်မှုနှုန်းမြင့်တက်လာပြီး မြစ်အတွင်း ရေနေသတ္တဝါ၊အပင်များ ရှင်သန်နေထိုင်ခြင်း မရှိတော့ကြောင်း DVB ကဆိုပါသည်။
ရေအရင်းအမြစ်ကဏ္ဍ
- မွန် ပြည်နယ်
- ဘီးလင်းမြို့နယ်
- –
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
–
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
မွန်၊ ကရင်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၆၅၀၀၀
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း
အဓိကပါဝင်ပတ်သက်သူ
Karen National Union (KNU)
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
သက်ဆိုင်ရာအစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံးအပြင် ပါဝင်သင့်သူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးမှလုပ်ဆောင်နိုင်မည်ဟုထင်ပါသည်။