နိုင်ငံတကာအရေးပါသော ရေတိမ်ဒေသ၊ အထူးသဖြင့် ရေပျော်ငှက်များကျက်စားရာဒေသ (ရမ်ဆာဒေသ – Ramsar Site)အဖြစ် ထည့်သွင်းသတ်မှတ်ထားသော ကချင်ပြည်နယ်ရှိ အင်းတော်ကြီးကန်အတွင်းသို့ ရွှေတူးဖော်သည့် စွန့်ပစ်မြေနှင့်ရေများ ဝင်ရောက်မှုများပြားလာကြောင်း

Confirmation Status : Reported
January 19, 2022

နိုင်ငံတကာအရေးပါသော ရေတိမ်ဒေသ၊ အထူးသဖြင့် ရေပျော်ငှက်များကျက်စားရာဒေသ (ရမ်ဆာဒေသ – Ramsar Site)အဖြစ် ထည့်သွင်းသတ်မှတ်ထားသော ကချင်ပြည်နယ်ရှိ အင်းတော်ကြီးကန်အတွင်းသို့ ရွှေတူးဖော်သည့် စွန့်ပစ်မြေနှင့်ရေများ ဝင်ရောက်မှုများပြားလာကြောင်း

(Myanmar Biodiversity Information Platform Facebook စာမျက်နှာမှ (၁၆/၁/၂၀၂၂) ကူးယူဖော်ပြထားပါသည်။)
ကချင်ပြည်နယ် အင်းတော်ကြီးကန်အနီးရှိ ကျေးရွာများဖြစ်သည့် မိုင်းနောင်ကျေးရွာနှင့် မန်မုံကိုင်ကျေးရွာအနီးရှိ ရွှေတူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများမှ စွန့်ပစ်မြေနှင့်ရေများသည့် အင်းတော်ကြီးကန်အတွင်းသို့ တိုက်ရိုက်စီးဝင်နေပြီး ဝင်ရောက်သည့်ပမာဏ သိသာစွာများပြားလာကြောင်း သိရသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

အင်းတော်ကြီးကန်သည် ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင်တည်ရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးသော သဘာဝအင်းကြီးဖြစ်သည်။ တောင်နှင့်မြောက် အလျား ၁၄ မိုင်၊ အနံ ၇ မိုင်ရှိပြီး စတုရန်းမိုင် ၁၀၀ အပါအဝင် ဧရိယာ ၃၁၄ ဒသမ ၆၇ စတုရန်းမိုင် ကျယ်ဝန်း၍ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၇၀၀ အမြင့်တွင် တည်ရှိကြောင်း သိရသည်။
အင်းတော်ကြီးကန်အနီး ရွှေတူးဖော်မှုများသည် ယခင်က အနည်းငယ်သာရှိခဲ့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီလနောက်ပိုင်၌ သိသာစွာများပြားလာခြင်းဖြစ်ကြောင်း သိရသည်။

“မိုင်းနောင်ရွာနှင့် မန်မံကိုင်ရွာနားမှာ မျောတွေလုပ်တော့ (ရွှေတူးဖော်) မျောမြီးရေတွေ၊ နွံတွေက (ရွှေတူးဖော်သည့် စွန့်ပစ်မြေစာများ) မိုင်းနောင်ချောင်းနဲ့ မန်မံကိုင်ရွာနားမှာရှိတဲ့ ချောင်းထဲကတစ်ဆင့် အင်းထဲကိုရောက်ကုန်တာ။ မိုင်းနောင်ချောင်းမှာပါလာတဲ့ နွံတွေက အင်းထဲကိုပို့ချတာလေ။ အရင်ကဆို အဲဒီနေရာက (မိုင်းနောင်ချောင်းပေါက်ဝ) ရေ ၁၄/၁၅ တောင် နက်တယ်။ အခုတော့ အဲ့ဒီနေရာ အင်းကောသွားပြီ ပြောရမှာပေါ့။ ရေလည်းတိမ်ကုန်ပြီ။ မိုင်းနောင်ချောင်းဘေးက တချို့လယ်တွေလည်း ပျက်ကုန်တာပဲ။ မျောမြီးနွံတွေ ရေတွေက လယ်ထဲကိုဝင်တော့ စပါးစိုက်လို့မရ ထွန်လို့မရတော့ဘူးလေ” ဟု အင်းတော်ကြီးကန်အနီးရှိ ဒေသခံရွာသားတစ်ဦးက ပြောကြားသည်။
အင်းတော်ကြီးကန်အား ဘေးမဲ့တောအဖြစ် ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး UNESCO ၏ ဇီဝအဝန်းနယ်မြေ (UNESCO Biosphere Reserve) တစ်ခုအဖြစ် ၂၀၁၇ ခုနှစ်တွင် စာရင်းသွင်းခဲ့သည်။ အင်းတော်ကြီးကန်ဘေးမဲ့တောအတွင်းတွင် မျိုးသုဉ်းမည့်း အန္တရာယ်ရှိနေသော ငှက်မျိုးစိတ် ၁၀ ခုအပါအဝင် မြန်မာနိုင်ငံတွင်သာရှိသော ဒေသရင်းဖွား မြန်မာလေးကွက်လိပ် (Burmese peacock turtle) နှင့် ဒေသရင်းဖွား ငါးမျိုးစိတ် အများအပြားရှိပြီး နှစ်စဉ် ဆောင်းခိုငှက် ၂၀၀၀၀ ကျော် ဝင်ရောက်သော နေရာလည်းဖြစ်သည်။

သစ်တောနှင့်တောရိုင်းတရိစ္ဆာန်ကဏ္ဍ
  • ကချင် ပြည်နယ်
  • မိုးညှင်းမြို့နယ်
  • အင်းတော်ကြီးကန်အနီးရှိ ကျေးရွာများဖြစ်သည့် မိုင်းနောင်ကျေးရွာနှင့် မန်မုံကိုင်ကျေးရွာအနီးရှိ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

-ရွှေတူးဖော်မှုများသည် ယခင်က အနည်းငယ်သာရှိခဲ့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီလနောက်ပိုင်၌ သိသာစွာများပြားလာခြင်း

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကချင်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

-မိုင်းနောင်ကျေးရွာနှင့် မန်မုံကိုင်ကျေးရွာရှိ ဒေသခံများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကျဘန်းလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား

အဓိကပါဝင်ပတ်သက်သူ

-တရားမဝင်ရွှေတူးဖော်သူများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ