ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့အဝင် ရေယားတွင်ရှိသည့် ထင်ရှူးတောမှ ထင်းရှူးပင်များကို အဖွဲ့အစည်းတစ်ခုက စီးပွားဖြစ်ခုတ်ယူရောင်းချခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများက ဝေဖန်ချက်အမျိုးမျိုးပြောဆိုနေကြပါသည်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
အဆိုပါထင်းရှူးတောအနီးရှိ ကလောမြို့နေ ထောပတ်ခြံပိုင်ရှင်ကလည်း အဆိုပါသစ်လာခုတ်သူများတွင် တူမီးသေနတ်နှင့် ဓားရှည်များအပြင် အခြားသောလက်နက်များလည်း ပါရှိသည့်အတွက် ပြောဆို၍မရနိုင်ကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။
“သူတို့အဖွဲ့က အင်အားများတယ်၊ ထင်းရှူးကို လာခုတ်တဲ့ချိန်ကလည်း ညအချိန်သန်းခေါင်ယံနီးပါးလောက်လာကြတာ၊ ပြီးတော့သူတို့မှာ ဓါးရှည်ရော၊ တူမီးသေနတ်ရောပါကြတယ်၊ သူတို့လာပြီဆိုရင် သစ်တင်ကားနဲ့ လွှစက်တွေနဲ့ အင်အားကလည်းများတော့ တွေ့မြင်တဲ့သူတွေရှိနေလည်း ဒေသခံတွေက သူတို့ကိုသွားမပြောရဲဘူး” ဒေသခံတစ်ဦးကပြောသည်။
ကလောမြို့သည် ထင်းရှူးမြို့တော်ဟု နာမည်တင်စားခေါ်ဝေါ်ကြသည့်နည်းတူ ထင်ရှူးပင်ပြဿနာများ နှစ်စဉ်နှစ်တိုင်းရှိကြသော်လည်း ယခုဖြစ်ကဲ့သို့ စက်ပစ္စည်း အပြည့်အစုံနှင့် လက်နက်များကိုင်ဆောင်သည့်အဖွဲ့အစည်းများမရှိဖူးကြောင်းနှင့် ယခုအဖွဲ့အစည်းများသည် စစ်တပ်အနွယ်တော်များဖြစ်သည့်အတွက် ပြည်သူများမှ အတားမြစ်နိုင်ကြောင်းလည်း ဒေသခံများက ပြောသည်။
- ရှမ်း ပြည်နယ်(တောင်ပိုင်း)
- ကလောမြို့နယ်
- ရေယားရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
-ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရှမ်း၊ ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
-ကလောမြို့အနီးရှိ ထင်းရှူးတောများကို မှီခိုနေထိုင်သောဒေသခံများ
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
-အမည်မသိ အဖွဲ့အစည်းတစ်ခု
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
“သစ်တောဌာနက ထိထိရောက်ရောက်အရေးယူသင့်တယ်လို့မြင်တယ်။ ထင်းရှူးဆိုတာ ကလောရဲ့အထိမ်းအမှတ်အပင်လေ၊ ကလောပြယုဂ်တစ်ခုလေ၊ ထင်းရှူးမြို့တော်ဆိုတဲ့ အမည်ပျောက်ကွယ်သွားမှာစိုးတယ်၊ သစ်တောဌာနက အရမ်းပေါ့လျော့လွန်းတယ်” ဟုပြောပါသည်။