ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ အောင်မြေ (၂) ကျေးရွာရှိ CF ဧရိယာအတွင်းတွင် ဦးကြာကြူ(ခ)ဦးတူးဂျာသည် CF အဖွဲ့ဝင်များ၏ ခွင့်ပြုချက်မရှိဘဲ ဇရပ်ချောင်းမှ ရေပိုက်သွယ်တန်းခြင်း ပြုလုပ်နေကြောင်း သိရပါသည်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ အောင်မြေ (၂) ကျေးရွာရှိ CF ဧရိယာအတွင်းတွင် ဦးကြာကြူ(ခ)ဦးတူးဂျာသည် CF ကော်မတီဝင်များ၏ ခွင့်ပြုချက်မရှိဘဲ ဇရပ်ချောင်းမှ ရေပိုက်သွယ်တန်းခြင်း ပြုလုပ်နေကြောင်း သိရပါသည်။
ထို့ကြောင့် CF ကော်မတီဝင်များမှ ကွင်းဆင်းစစ်ဆေးကြည့်ရာ အမှန်တကယ်လုပ်ဆောင်နေသည်ကိုတွေ့၍ ဆက်မလုပ်ရန် ကော်မတီဝင် ၂ ဦးမှ သွားရောက်ပြောပါသည်။ ဆက်လုပ်နေသည်ဟုသိရ၍ ကော်မတီဝင်များမှ သွားရောက်၍ ရေပိုက်သွယ်တန်းနေသည့် အလုပ်သမားများကို ထပ်မံတားမြစ်ခဲ့ပါသည်။ ကော်မတီဝင်များမှ အကြိမ်ကြိမ်တားမြစ်သည်ကို ဂရုမစိုက်သည့်အတွက် သစ်တောဦးစီးဌာနကို ကွင်းဆင်းစစ်ဆေးပေးရန် စာတင်ခဲ့ပါသည်။ ထို့နောက် သစ်တောဦးစီးဌာနနှင့် CF အဖွဲ့ဝင်များ အင်အား ၅၀ ခန့်ဖြင့် သွား၍ ဦးကြာကြူ ကိုယ်စားလှယ်ကိုလည်း ခေါ်၍ သစ်တောဦးစီးမှ ဥပဒေစည်းမျဉ်းစည်းကမ်းများပြောကာ ရေပိုက်များကို ဖြုတ်ပုံထားခဲ့ကြပါသည်။ သို့သော် ယခင်နေရာရဲ့ အထက်ဘက်မှ ပြန်အသုံးပြုနေသည်ကို ထပ်မံသိရပါသည်။ ထို့ပြင် မည်သူမည်ဝါမသိသူမှ ပိုက်လုံးများကို အပိုင်းပိုင်းဖြတ်သွားသည်ဟုလည်း ကြားသိခဲ့ရသည်။
၂၀.၁.၂၀၂၁ ရက်တွင် ဦးကြာကြူမှ သစ်တောဦးစီးကို အကျိုးပျက်စီးမှု၊ ဂုဏ်သိက္ခာညှိုးနွမ်းမှုနှင့် လျော်ကြေးသိန်း ၂၀၀ တောင်းလာပါသည်။ ယခုတွင် သစ်တောဦးစီးမှာ လုပ်ငန်းတာဝန်ထမ်းဆောင်ခြင်း မရှိတော့သောကြောင့် CF ကော်မတီဝင် ၄ ယောက်အား မြစ်ကြီးနား ခရိုင်တရားရုံးမှ သိန်း ၂၀၀ ကိုလျော်ကြေးပေးရန် ဆင့်ခေါ်စာရောက်လာပါသည်။ ထို့ကြောင့် တရားရုံးသို့ သွား၍ အကျိုးအကြောင်းပြောပြပြီး ရှေ့နေငှားကာထုချေပါမည်။ ရက်ရွှေ့ပေးရန်ပြောထား၍လည်း တရားရုံးမှ ၁၈.၈.၂၀၂၁ ကို ရက်ရွှေ့ပေးထားပါသည်။ ယခုနောက်ပိုင်းတွင် ကိုဗစ်ရောဂါ ပျံ့နှံ့မှုကြောင့် ရုံးပိတ်သည့်အတွက် မသွားဖြစ်တော့ပါ။
တရားရုံးဘက်မှလည်း ပြန်လည်ဆက်သွယ်လာခြင်း မရှိသေးပါ။
- ကချင်ပြည်နယ်
- ဝိုင်းမော်မြို့
- အောင်မြေ (၂) ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
-၁၃ ရက် ၁၂ လ ၂၀၂၀ ခုနှစ်မှ ယခုထိ
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ကချင်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
-CF ကော်မတီဝင်များ
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
-အခြား
အဓိကပါဝင်ပတ်သက်သူ
-CF ဧရိယာအတွင်း ခွင့်ပြုချက်မရှိဘဲ ရေပိုက်သွယ်တန်းသော ဦးကြာကြူ(ခ) ဦးတူးဂျာ