စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ရှိ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် တရားဥပဒေစိုးမိုးမှု ပျက်ပြားသွားပြီး ထိန်းသိမ်းရေးလုပ်ငန်းများ အင်အားချည့်နဲ့သွားချိန် ယခုကာလတွင် ရွှေမျောတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ထမံသီဘေးမဲ့တော၏ တန်ဖိုးကျဆင်းအောင် လုပ်ကိုင်ဆောင်ရွက်နေကြကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိရပါသည်။
သို့ပါသော်လည်း တရားဥပဒေစိုးမိုးမှုပျက်ပြားသွားပြီး ထိန်းသိမ်းရေးလုပ်ငန်းများ အင်အားချည့်နဲ့သွားချိန် ယခုကာလတွင် အခွင့်ကောင်းယူပြီး ရွှေမျောတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ကာ ထမံသီဘေးမဲ့တော၏ တန်ဘိုးကျဆင်းအောင် လုပ်ကိုင်ဆောင်ရွက်နေကြကြောင်း စိတ်အကောင်းဖွယ်ရာကြားသိလိုက်ရပါသည်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ချင်းတွင်းမြစ်ဝှမ်းတွင် မှီတင်းနေထိုင်ကြသည့် အများစုဖြစ်သော ရှမ်းတိုင်းရင်းသားတို့၏ အမွေအနှစ်တစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွက် တန်းဖိုးဖြတ်မရနိုင်သည့် ရှားပါးတောရိုင်းတိရစ္ဆာန်များရှိသည့် ဥယျာဉ်တစ်ခုဖြစ်ပါသည်။ အာဆီယံဒေသနိုင်ငံများမှ မကြာသေးခင်က ပူပူနွေးနွေးအသိအမှတ်ပြုထားသော အာဆီယံအမွေအနှစ်ဥယျာဉ်တစ်ခုဖြစ်ပါသည်။ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုရန်အတွက်ပင်လျှင် အလားအလာကောင်းနေပြီး ထိုသို့ဖြစ်လာရန်အတွက် WCS မှ ကြိုးစားလျက်ရှိကြောင်း သိရပါသည်။
သို့ပါသော်လည်း တရားဥပဒေစိုးမိုးမှုပျက်ပြားသွားပြီး ထိန်းသိမ်းရေးလုပ်ငန်းများ အင်အားချည့်နဲ့သွားချိန် ယခုကာလတွင် အခွင့်ကောင်းယူပြီး ရွှေမျောတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ကာ ထမံသီဘေးမဲ့တော၏ တန်ဘိုးကျဆင်းအောင် လုပ်ကိုင်ဆောင်ရွက်နေကြကြောင်း စိတ်အကောင်းဖွယ်ရာကြားသိလိုက်ရပါသည်။ ရွှေမျောတိုက်ခြင်းလုပ်ငန်းသည် သဘာဝပတ်ဝန်းကျင်ပျက်ဆီးခြင်းနှင့်အတူ အရေးကြီးသည့် ကျား၊ ဆင် ကဲ့သို့သော တိရစ္ဆာန်များအတွက် နေရင်းဒေသ ပျက်ဆီးပျောက်ဆုံးမှုများ ဖြစ်ပေါ်လာမည်မှာ မလွဲမသေဖြစ်ပြီ ထမံသီဘေးမဲ့တောအတွက် ရင်လေးဖွယ်ရာဖြစ်သည်။ မြန်မာပြည်သူအများစုသိကြသည့် ထမံသီနှင့်တွဲလျက် ထမံကျားဟူသော နာမည်ကျော်အမည်၏ အဓိကပြယုဂ် ကျားသတ္တဝါပျောက်ကွယ်သွားနိုင်သည့် လုပ်ရပ်လည်းဖြစ်ပါသည်။
- စစ်ကိုင်းတိုင်းဒေသကြီး
- ဟုမ္မလင်းမြို့
- ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
-ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရှမ်း
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
-ထမံသီဘေးမဲ့တောအား မှီတင်းနေထိုင်ကြသော ဒေသခံများ
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကျဘန်းလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား
အဓိကပါဝင်ပတ်သက်သူ
-တရားမဝင် ရွှေမျောတိုက်ခြင်းလုပ်ငန်းများ လုပ်ကိုင်ကြသူများ