ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဖုန်အိန်ယာန်ကျေးရွာတွင် ရွှေတူးဖော်မှုများကြောင့် ဒေသခံများ သောက်သုံးရေအခက်အခဲဖြစ်နေကြောင်းသိရပါသည်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ဖုန်အိန်ယာန်ကျေးရွာတွင် ရွှေတူးဖော်သူများ၏ စည်းမဲ့ကမ်းမဲ့ ရွှေတူးဖော်မှုများကြောင့် ချောင်းတစ်လျှောက်ရှိရေများသည် အလွန်ညစ်ညမ်းလာနေပြီဖြစ်ကြောင်း သိရသည်။ “ရွှေတူးသမားတွေ အရမ်းများလာတယ်။ ဖုန်ကျန်ဘက်မှာလည်း တူးနေတော့ ရေကလည်းအရမ်းနောက်လာတယ်။ ရေနောက်လည်း အဲ့ရေကိုပဲအသုံးပြုနေရတယ်။ ဘာမှလည်းပြောဖို့ အခွင့်အရေးမရှိဘူးဆိုတော့ အဲ့ဒါကိုပဲအသုံးပြုနေရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ကချင်ပြည်နယ်အစိုးရ NLD လက်ထက်တွင် သတ်မှတ်စည်းကမ်းများဖြင့် ကြီးကြပ်ပြီး တရားဝင်အသေးစားရွှေတူးဖော်ရေးလုပ်ကွက်များ ချပေးခဲ့ရာ စစ်အာဏာသိမ်းသည့်နောက်ပိုင်း တရားမဝင်ရွှေတူးသမားများသည် စည်းမဲ့ကမ်းမဲ့ဖြင့် ရေလမ်းကြောင်းများတွင် ပိတ်ဆို့ကာ တူးဖော်နေကြကြောင်း သိရသည်။
ယခင်က မြစ်ချောင်းထဲသို့ မျောချီးမချရန်၊ မြစ်ကမ်းပါးမှ မီတာ ၁၀၀၀ အကွာတွင်သာ တူးဖော်ရန် စသည့် EITI စံနှုန်းများအတိုင်း တူးဖော်ခွင့်ပြုခဲ့ရာ စစ်ကောင်စီ တက်လာပြီးနောက် စည်းကမ်းများမလိုက်နာတော့ဘဲ လက်လွတ်စပယ်တူးဖော်လာကြခြင်း ဖြစ်ပါသည်။
ဖုန်အိန်ယာန်ကျေးရွာသည် အိမ်ခြေနှစ်ဆယ်ကျော်ရှိသည့် ဆွမ်ပရာဘွမ်မြို့နယ်က ကျေးရွာဖြစ်သည်။ ဆွမ်ပရာဘွမ် ပူတာအိုကားလမ်းမ၏ အရှေ့ဘက်ခြမ်း ဖုန်အိန်ခချောင်းနံဘေး၌ တည်ရှိသည့် ဖုန်အိန်ယာန်ကျေးရွာသည် ဆွမ်ပရာဘွမ်မြို့နယ်အတွက် မြေဩဇာကောင်းပြီး မြေဆီမြေပြန့်ရှိသည့် တစ်ခုတည်းသော မြေဧရိယာဖြစ်ကြောင်း သိရသည်။
- ကချင် ပြည်နယ်
- ဆွမ်ပရာဘွမ်မြို့
- ဖုန်အိန်ယာန်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
-ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်မှစ၍
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ကချင်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
-ဖုန်အိန်ယာန် ကျေးရွာသူ ကျေးရွာသားများ
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား
အဓိကပါဝင်ပတ်သက်သူ
-တရားမဝင် ရွှေတူးဖော်သည့်သူများ