ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ရွှေနှင့်သယံဇာတများကိ စက်ယန္တရားကြီးများဖြင့် တူးဖော်နေမှုအား ဂွမ်ရောင်ဂွမ်စာဌာနေ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီက ကန့်ကွက်

Confirmation Status : Reported
September 27, 2021

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ရွှေနှင့်သယံဇာတများကိ စက်ယန္တရားကြီးများဖြင့် တူးဖော်နေမှုအား ဂွမ်ရောင်ဂွမ်စာဌာနေ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီက ကန့်ကွက်

(Eleven Media Group ၏ Facebook 3/5/2021 မှ ကူးဖော်ပြထားပါသည်။)
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ရွှေနှင့်သယံဇာတများကိ စက်ယန္တရားကြီးများဖြင့် တူးဖော်နေမှုအား ဂွမ်ရောင်ဂွမ်စာဌာနေ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီက ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ကို မေ ၁ ရက်၌ ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

မေခ၊မေလိခမြစ်နှင့် ၎င်းတို့၏မြစ်လက်တက်များဖြစ်သည့် ရှန်ခ၊ ထီခ၊ ဒါခ၊ တန်ခ၊ ကျိုင်ခ၊ ဖုန်အင်ခ၊ ဖုန်ကျန်ခ၊ အင်စီခ၊ မုန်ရန်ခ၊ အင်ဂျာခ၊ လုံဂါဘော်ဒေသများတွင် ရွှေနှင့်အခြားသယံဇာတများကို စက်ယန္တယားများဖြင့် တူးဖော်နေသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မည်သူမဆို စက်ယန္တယားများဖြင့် ရွှေနှင့်အခြားသယံဇာတများ တူးဖော်ခြင်းကို လုံးဝမပြုလုပ်ရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းမှအပ အခြားနည်းဖြင့် မြေနေရာအမြောက်အများ မယူရန်၊ စက်ယန္တယားဖြင့် သယံဇာတတူးဖော်မည့်သူအား နေရာပြခြင်း၊ မြေနေရာရောင်းခြင်း၊ မြေနေရာငှားခြင်း၊ ထောက်ခံအားပေးခြင်း၊ မပြုကြရန်၊ အထက်ပါအချက်များ ဆောင်ရွက်သူများကို အမည်ပျက်စာရင်းတင်သွင်းပြီး မှတ်တမ်းတင်ထားကာ ကချင်လူမျိုးများအပါအဝင် နိုင်ငံတကာမှသိရှိအောင် ထုတ်ပြန်ကြေညာမည့်အပြင် လူမှုရေးပြစ်ဒဏ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဂွမ်ရောင်ဂွမ်စာဌာနေ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီကထုတ်ပြန်ခဲ့သည်။

ဂွမ်ရောင်ဂွမ်ဌာနေ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင် ဦးဇော်မိုင်က ကျွန်တော်တို့ ဒေသမှာ တရားမဝင်ရွှေတွေ တူးတာ၊ မြေတွေယူကြတာက ကြာပါပြီ၊ အခုဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းဆိုရင် တော်တော်ကိုဆိုးဆိုးရွားရွားဖြစ်သွားတဲ့ အခြေနေပေါ့၊ ငွေရှိတဲ့သူတွေက မြေယာတွေတိုးချဲ့ယူလာကြတယ်၊ ရွှေတွေတူးကြတယ်၊ အရင်က ဒေသခံတွေ ရပ်ရွာလူကြီးတွေရဲ့ စကားကိုနားထောင်ကြသေးတယ်၊ အခုက ဘယ်သူ့စကားမှ နားမထောင်ကြဘူး၊ ထွက်တဲ့နေရာတူးတာပဲ၊ နောင်ကျရင် ဒေသခံတွေ တစ်ပိုင်တစ်နိုင် လုပ်ကိုင်စားသောက်ဖို့တောင် ကျန်တော့မှာမဟုတ်ဘူး၊ အထူးသဖြင့်တော့ မေလိခမြစ်နဲ့ မြစ်လက်တက်တွေမှာ ရွှေတွေအကြီးအကျယ်တူးလိုက်ကြရင် သဘာဝပတ်ဝန်းကျင်တွေပျက်မယ်၊ ဂေဟစနစ်ပျက်မယ်၊ ကျွန်တော်တို့ ဘိုးဘွားတွေချန်ထားခဲ့တဲ့ အလှတရားတွေပျက်မယ်၊ အခုဒေသခံတွေဆိုရင် အိမ်ခြေ ၄၀ ရှိတဲ့ရွာမှာ ၁၀ အိမ်လောက်ကို ငွေတွေနဲ့စည်းရုံးပြီး လုပ်ကြတော့ ရပ်ရွာလူမှုဆက်ဆံရေးလုပ်ငန်းတွေမှာ သူမပါချင်၊ ကိုယ်မလုပ်ချင်တွေ ဖြစ်လာတယ်၊ စိတ်ဝမ်းတွေ ကွဲလာကြတယ်၊ ဘုရားကျောင်းတွေတောင် အတူမတက်ချင်တဲ့ အခြေအနေတွေဖြစ်နေတယ်၊ တတ်နိုင်တဲ့သူတွေ အဖက်ဖက်က ကူညီစေချင်ပါတယ် ဟုပြောကြားပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ သယံဇာတများ အလွယ်တကူခိုးထုတ်ခံနေရခြင်းဖြစ်ကြောင်း သိရသည်။

သတ္တုတွင်းကဏ္ဍ
  • ကချင် ပြည်နယ်
  • ပူတာအိုမြို့
  • မေခ၊ မလိခမြစ်နှ့် ၎င်း၏မြစ်လက်တက်များ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

-ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်မှစ၍

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကချင်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

-မေခ၊ မေလိခမြစ်တို့ကို မှီခိုနေသည့်‌ ဒေသခံများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကျဘန်းလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား

အဓိကပါဝင်ပတ်သက်သူ

-တရားမဝင် ရွှေတူးဖော်သည့်သူများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ဒေသခံများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားမဝင် ရွှေတူးဖော်နေမှုများကို စနစ်တကျ ကြပ်မတ်ရန် လိုအပ်ပါသည်။