နိုင်ငံရေးမငြိမ်သက်မှုများကြောင့် မြန်မာနိုင်ငံ၏ အကြီးဆုံး ဝန်ဖိုက်ဒီရေတောတွင် သစ်အခုတ်ခံရမှုများပြားနေကြောင်း သိရပါသည်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ဝန်ဖိုက်ဒီရေတောသည် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အတွင်းတည်ရှိပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးဒီရေတောဖြစ်ကာ ဧက ၁၅၀၀၀၀ ကျော်ခန့်ရှိပြီး ဇီဝမျိုးစုံမျိုးကွဲများစွာ ရှင်သန်ကျက်စားရာ နေရာတစ်ခုလည်း ဖြစ်သည်။
ယခင်က ဝန်ဖိုက်သစ်တောရှိ လူသူအရောက်အပေါက်နည်းသော နေရာများသို့သာ စက်လှေများဖြင့် လူအချို့မှ လာရောက်ခုတ်ယူမှုများရှိခဲ့သော်လည်း စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်းတွင် ရန်ကုန်-ကျောက်ဖြူ ကားလမ်းနံဘေးရှိအပင်များကိုပါ ခုတ်ယူကာ မော်တော်ကားဖြင့် သယ်ဆောင်မှုများအထိ ရှိလာကြောင်း သိရပါသည်။ လက်ရှိတွင် တောင်ကုတ်မြို့နယ်၊ အမ်းမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်တို့မှ ငါးသယံဇာတနှင့် ပုစွန်သယံဇာတများမှာ အဆိုပါဒီရေတောကြီးကိုသာ မှီခိုနေရသည့်အတွက် ယင်းဒီရေတောပျက်စီးသွားမည်ကို စိုးရိမ်မိကြောင်း ပြောပါသည်။
ဒီရေတောများမှာ သားငါးပုစွန်များ ရှင်သန်ပေါက်ဖွားရာနေရာတစ်ခုဖြစ်သဖြင့် ဒီရေတောများ ပျောက်ကွယ်ပျက်စီးသွားပါက ငါးပုစွန်များလည်း ရှိလာနိုင်မည်မဟုတ်ကြောင်း ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း (RCA) ဥက္ကဌ ဒေါက်တာမောင်မောင်ကြည်က ပြောပါသည်။
ရမ်းဗြဲမြို့နယ်သစ်တောဦးစီးဌာနမှူး ဦးမင်းထက်အောင်မှလည်း လက်ရှိတွင် ဝန်ဖိုက်ဒီရေတောအား ဒေသခံပြည်သူများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များဖြင့် တစ်လလျှင် လေးကြိမ်ကင်းလှည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးအခြေအနေအရ အခြားနယ်တွေဘက်ကပါလာပြီး ထင်းခုတ်တာတွေ ရှိလာကြောင်း ပြောကြားပါသည်။
- ရခိုင် ပြည်နယ်
- ရမ်းဗြဲမြို့နယ်
- ဝမ်ဖိုက်ဒီရေတော
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
-ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်မှစ၍
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရခိုင်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
-အဆိုပါ ဒီရေတောကို မှီခိုနေရသည့် ဒေသခံများ
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကျဘန်းလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား
အဓိကပါဝင်ပတ်သက်သူ
-သစ်ခိုးထုတ်သူများ