ရှမ်းပြည်နယ်မြောက်ပိုင်း၌ ငွေရည်ပုလဲကုမ္ပဏီနှင့် တပ်မတော်တို့မှကျောက်မီးသွေးများ တိုးချဲ့ထုတ်ယူမှုကြောင့် ဒေသခံတို့၏လူမှုစီးပွားရေးများ ထိခိုက်နေသည်ဟုဆိုပါသည်။

Confirmation Status :
September 27, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ငွေရည်ပုလဲကုမ္ပဏီနှင့် တပ်မတော်တို့မှကျောက်မီးသွေးများ တိုးချဲ့ထုတ်ယူမှုကြောင့် ဒေသခံတို့၏လူမှုစီးပွားရေးများ ထိခိုက်နေသည်ဟုဆိုပါသည်။

(မြန်မာတိုင်းမ် နေ့စဉ် (၂၈/၁/၂၀၂၁) မှ ကူးယူဖော်ပြထားပါသည်။)
ငွေရည်ပုလဲကုမ္ပဏီနှင့် တပ်မတော်တို့ရှမ်းပြည်နယ်မြောက်ပိုင်း၌ ကျောက်မီးသွေးထုတ်ယူမှုကို လက်ရှိထုတ်လုပ်လျက်ရှိသော ပမာဏထက် ၃ ဆနီးပါး တိုးမြှင့်ထုတ်ယူနေသည့်အပြင် သီပေါ၊ တန့်ယန်း၊ မိုင်းရယ်မြို့နယ်များတွင်လည်း သတ္တုတွင်းအသစ်များ ထပ်မံတိုးချဲ့လုပ်ဆောင်နေပြီး စစ်တပ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိရုံးချုပ်(ကြည်း)(တပ်မတော်စစ် လက်နက်ထုတ်လုပ်ရေးဌာနခွဲ)ကလည်း ၂၅ နှစ်စာချုပ်ဖြင့် ကျောက်မီးသွေးတူးဖော်ခွင့်ရရှိထားကြောင်း သိရပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်၊ တက်လျက်ကျေးရွာအတွင်း ငွေရည်ပုလဲ ကုမ္ပဏီက တူးဖော်လိုက်သောကျောက်မီးသွေးတွင်းသည် လူနေအိမ်များ၏ အောက်ခြေတွင်ကျရောက်နေပြီး မြေအောက်လှိုဏ်ခေါင်းအတွင်းမှ ပေါက်ကွဲသံများကြောင့် မြေသားအက်ကွဲခြင်း၊ သတ္တုတွင်းမှ ထွက်လာသောရွှံ့ရည်များ သံလွင်မြစ်၏ အဓိကမြစ်သွယ်ဖြစ်သော နမ့်ပန်မြစ်အတွင်းသို့ စီးဝင်လာပြီး မြစ်ရေအရောင်ပြောင်းလဲခြင်းများ ဖြစ်ပေါ်စေခဲ့ကြောင်းသိရသည်။ ဇန်နဝါရီလလယ်အတွင်း တက်လျက်ကျေးရွာမှ အိမ်ထောင်စု ၈၂ စုကို လုပ်ကိုင်စားသောက်နေသောလယ်ယာမြေများနှင့် ဝေးလံသော နေရာများသို့ ပြောင်းရွှေ့စေသည့်အပေါ် ဒေသခံများက ၎င်းတို့ရပိုင်ခွင့်များကို တောင်းဆိုရာတွင် ခြိမ်းခြောက်ခံရသည့်အပြင် မိုင်းဟပြည်သူ့စစ်အဖွဲ့ကလည်း နှိပ်စက်ညှဉ်းပန်းမှုများ လုပ်ဆောင်နေကြောင်းသိရပါသည်။

ငွေရည်ပုလဲကုမ္ပဏီက နမ့်မကျေးရွာ၌ ၂၀၀၄ ခုနှစ်ကစပြီး သတ္တုတူးဖော်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကာ ကျောက်မီးသွေးတူးဖော်ခြင်းကြောင့် စိုက်ပျိုးမြေများ ပျက်ဆီးခြင်း၊ ဆည်နှင့်တာတမံများ ကျိုးပျက်ခြင်းတို့ကြောင့် လူဦးရေ ၃၀၀၀ ခန့် ယင်းအကျိုးဆက်ကို ခံစားနေရသဖြင့် နမ့်မကျောက်မီးသွေးတွင်းကို ရပ်ဆိုင်းပေးရန် ရှမ်းတောင်သူများအဖွဲ့က ၂၀၁၇ ခုနှစ်တွင် ပြောဆိုခဲ့သော်လည်း ကုမ္ပဏီဘက်က တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း ဆိုသည်။ ယခုနှစ်တွင် မြေနေရာရှင်းလင်းမှုနှင့် တူးမြောင်းများ တည်ဆောက်လာမှုတို့ကြောင့် ကုန်ပေါင်ကျေးရွာမှ တောင်သူ ၅ ဦးပိုင် တောင်ကုန်းနှင့် ယာမြေများ ပျက်ဆီးခဲ့သော်လည်း တစ်ဦးမှ နစ်နာကြေးများမရကြောင်း အစီရင်ခံစာ ဆိုသည်။ ငွေရည်ပုလဲကုမ္ပဏီမှ တာဝန်ရှိသူများက ဇန်နဝါရီ ၂ ရက်က နမ့်မကျေးရွာ ဘုန်းကြီးကျောင်းတွင် ရွာသားများအား အစည်းအဝေးခေါ်ယူပြီး နမ့်မဒေသတွင် ၆ လကြာ ကျောက်မီးသွေးတူးဖော်ရန် ငွေကျပ်သန်း ၁၁၀ ကို ရွာသားများအား ပေးအပ်ခဲ့ကာ ပျက်စီးသွားသော မြေနေရာပအပါအဝင် ကျိုးပဲ့ပျက်စီးသွားသော ရေကာတာများကိုလည်း ပြုပြင်ပေးမည်ဟုဆိုကာ လာရောက်ညှိနှိုင်းခဲ့သည်။

တပ်မတော်စစ်လက်နက်ထုတ်လုပ်ရေးဌာနခွဲအား ဝန်ဆောင်မှုပေးနေသော မင်းရွှေလွှာကုမ္ပဏီက ၂၀၂၀ နှစ်ဦးပိုင်းတွင် နမ့်မ နှင့် နားနန်း ကျေးရွာမြောက်ဘက်ကီလိုမီတာ ၅၀၀ အကွာတွင်ကျောက်မီးသွေးများတူးဖော်လျက်ရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြသည်။ ယင်းကုမ္ပဏီသည် ကျောက်မီးသွေးလုပ်ကွက်အများဆုံးရရှိထားသည်ဟုလည်းဆိုသည်။ ငွေရည်ပုလဲကုမ္ပဏီက နောင်ရဲ၊ ဟာပွတ်၊ နားကွန် ၁၊၂၊၃ လုပ်ကွက်များ၌ ကျောက်မီးသွေးတူးဖော်နေကြခြင်းဖြစ်သည်။ ရှမ်းမြောက်ပိုင်း၌ တပ်မတော်အပါအဝင် မိုင်းထက်၊ မြန်မာအထွဋ်အထိပ်(အကြီးစား)၊ အလင်းသစ်ကုမ္ပဏီ၊ ငြိမ်းချမ်းရေးကောင်းကင် နှင့် အလင်္ကာကုမ္ပဏီတို့လည်း ကျောက်မီးသွေးတူးဖော်လျက်ရှိသည်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်း တပ်မတော်အပါအဝင် ကုမ္ပဏီအုပ်စု ၅ ခုက ကျောက်မီးသွေး မက်ထရစ်တန် ၂၅၂၃၀ တန်ထုတ်ယူခဲ့ကြောင်း သတ္တုတွင်းဌာနက ထုတ်ပြန်ထားသည်။

သတ္တုတွင်းကဏ္ဍ
  • ရှမ်း ပြည်နယ်(မြောက်)
  • တန့်ယန်းမြို့နယ်
  • တက်လျက်ကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

-သတ္တုတူးဖော်သည့်အချိန်မှစ၍

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ရှမ်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

-တလျက်ကျေးရွာ၊ နမ့်မကျေးရွာ၊ ကုန်ပေါင်ကျေးရွာမှ ဒေသခံများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား

အဓိကပါဝင်ပတ်သက်သူ

-ငွေရည်ပုလဲကုမ္ပဏီ နှင့် တပ်မတော်

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သဘာဝသယံဇာတအားလုံးကို ဗဟိုအစိုးရ၏ချုပ်ကိုင်မှုအောက်တွင် ထားရှိခြင်းအား လျှော့ချရန်၊ ကျောက်မီးသွေးတွင်း လုပ်ငန်းများကို စီမံကိန်းမပြုလုပ်မီ ဒေသခံများ၏ သဘောထား ရယူရန်၊ အစိုးရမှ ပွင့်လင်းမြင်သာမှုရှိရန်။