နိုင်ငံရေးမငြိမ်သက်မှုများရဲ့ နောက်ဆက်တွဲဆုံးရှုံးနစ်နာမှုတစ်ခုအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ရှိ အဖိုးတန်သစ်များကို ခိုးယူထုတ်လုပ်နေကြောင်း သိရပါသည်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ယခင်က အလောင်းတော်ကဿပဗဟိုပြု တဖက်ကို မိုင် ၂၀ တောအခေါ် ခရီးတစ်သောင်း ၁၀ တိုင်ပတ်ပတ်လည် ရွာတည်၍မရအောင် သစ်ပင်သစ်တောများ ထူထပ်ပြီး အာဆီယံအမွေအနှစ် စာရင်းဝင်အမျိုးသားဥယျာဉ်ဖြစ်ကြောင်း၊ ဒေသစတ်ခုလုံး သစ်ပင်သစ်တောဟူ၍ အလောင်းတော်ကဿပဥယျာဉ်လောက်ပဲရှိတော့ကြောင်း၊ ယခုတော့ အလောင်းတော်ကဿပဘုရားသွားရာ ကားလမ်းဘေးက နှစ်ပေါင်းရာကျော်ရှိသောပိတောက်ပင်ကြီးများကို ခိုးခုတ်နေကြကြောင်း၊ အထက်ပိုင်းမှ သစ်တောသစ်ပင်များ နည်းလာသောကြောင့် စိမ့်စိမ်းတွေခမ်းလာပြီး မြစ်ချောင်းတွေကောလာကြောင်း ပြောပါသည်။ (အလောင်းတော် ၉မိုင်စခန်းမှ ဖမ်းထားတဲ့ သစ်တွေကိုခိုးသယ်လာတဲ့ ကားတစ်စီးကို ကပိုင်ရွာမှ ဝိုင်းပြီးဖမ်းပေးထားတာကိုလည်း တွေ့ခဲ့ရပါသည်။)
- စစ်ကိုင်းတိုင်းဒေသကြီး
- ကနီမြို့
- အလောင်းတော်ကဿပအမျိုးသားဥယျာဉ်
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
-၂၀၂၁ ခုနှစ်
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
အနီးအနားရှိ ဒေသခံတိုင်းရင်းသားများ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
-အနီးအနားရှိဒေသခံများ
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကျဘန်းလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား
အဓိကပါဝင်ပတ်သက်သူ
သစ်ခိုးထုတ်သူများ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
–