ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ရေခမ်းခြောက်ပြီး မြေကြီးများ ကွဲအက်

Confirmation Status : Reported
July 5, 2021

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ရေခမ်းခြောက်ပြီး မြေကြီးများ ကွဲအက်

(Newsfeed Myanmar ၏ Facebook စာမျက်နှမှကူးယူဖော်ပြပါသည်။)
ပြင်ဦးလွင်မြို့၏အထင်ကရတစ်ခုဖြစ်သည့်အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ရေများခမ်းခြောက်ပြီး မြေသားများအထိ ကွဲအက်နေကြောင်းသိရသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ရေခမ်းခြောက်မှုများအဖြစ် ၁၉၆၂ခုနှစ်မတိုင်မီက (၂)ကြိမ်ဖြစ်ပွားခဲ့သလို ၂၀၀၀ပြည့်နှစ်နောက်ပိုင်းတွင်လည်း (၁)ကြိမ်ဖြစ်ပေါ်ခဲ့ဖူးကြောင်းကို ရေစတင်ခမ်းလာမှုများနှင့် ပတ်သက်၍ အမျိုးသားကန်တော်ကြီးဥယျာဉ်က ဇန်နဝါရီ(၁၄)ရက်နေ့ကထုတ်ပြန်ထားရှိသည်။ အဆိုပါကန်အတွင်း ၂၀၂၁ ခုနှစ် မတ်လ(၁၆)ရက်နေ့အထိ ရေများခမ်းခြောက်ပြီး မြေသားများကွဲအက်မှုများ ဖြစ်ပေါ်နေလျှက်ရှိသည်။ ၁၉၂၄ ခုနှစ်က စတင်ကာ တည်ဆောက်ခဲ့သည့် အမျိုးသားကန်တော်ကြီးဥယျာဉ်၏ ဧရိယာသည် ၄၃၆ ဒသမ၉၆ ဧက ကျယ်ဝန်းပြီး ရေပြင်ဧရိယာ ဧက (၇၀)ဝန်းကျင်ရှိကြောင်း သိရသည်။

ရေအရင်းအမြစ်ကဏ္ဍ
  • မန္တလေးတိုင်းဒေသကြီး
  • ပြင်ဦးလွင်မြို့
  • အမျိုးသားကန်တော်ကြီးဥယျာဉ်

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

-၂၀၂၁ ခုနှစ်

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

မြို့ နေပြည်သူများ(တိုင်းရင်းသားပေါင်းစုံ)

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

-မြို့ နေပြည်သူများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း

အဓိကပါဝင်ပတ်သက်သူ

-ရာသီဥတုပြောင်းလဲမှု

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သဘာဝ သစ်တောသစ်ပင်များ ခုတ်လှဲရှင်းလင်းခြင်းပြီး စီးပွားဖြစ်စိုက်ခင်းများတည်ထောင်ခြင်းကို လျှော့ချရန်