စစ်ကောင်စီတပ်လက်အောက်ခံ တပ်ရင်း(ခလရ-၇၃) ရှိတာဝန်ရှိသူတစ်ချို့မှ ကရင်ပြည်နယ်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊မယ်သရိုးခီးတွင် တရားမဝင်သစ်များထုတ်လုပ်ရာတွင် ပါဝင်ပတ်သက်နေ

Confirmation Status :
June 21, 2021

စစ်ကောင်စီတပ်လက်အောက်ခံ တပ်ရင်း(ခလရ-၇၃) ရှိတာဝန်ရှိသူတစ်ချို့မှ ကရင်ပြည်နယ်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊မယ်သရိုးခီးတွင် တရားမဝင်သစ်များထုတ်လုပ်ရာတွင် ပါဝင်ပတ်သက်နေ

(Thoolei News-KNU-Department of Information ၏ Facebook စာမျက်နှာမှကူးယူဖော်ပြပါသည်။)
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊မယ်သရိုးခီးတွင် စစ်ကောင်စီတပ် လက်အောက်ခံတပ်ရင်း(ခလရ-၇၃)မှ ခွင့်ပြုချက်မယူဘဲ စစ်အာဏာသုံးပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှစတင်၍ သစ်များကို တရားမဝင်ပြောင်ပြောင်တင်းတင်းထုတ်ယူနေပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊မယ်သရိုးခီးတွင် စစ်ကောင်စီတပ် လက်အောက်ခံတပ်ရင်း(ခလရ-၇၃)မှ ခွင့်ပြုချက်မယူဘဲ စစ်အာဏာသုံးပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှစတင်၍ သစ်များကို တရားမဝင်ပြောင်ပြောင်တင်းတင်းထုတ်ယူနေပါသည်။သစ်ထုတ်လုပ်သူများမှာ ကိုဖက်စခန်းထိုင်ဒုတပ်ရင်းမှူးမှ ကား(၂)စီး၊ ကျောက်တောင်စခန်း(သေခေးမယ်စိုး) ဦးစီးသူ ဗိုလ်ကြီးမှ ကားစီးရေ(၆)စီးနှင့် ခန့်မှန်းတန်ရေ စုစုပေါင်း တန်(၈၀) ကို တရားမဝင်ထုတ်လုပ်နေပါသည်။

သစ်တောနှင့်တောရိုင်းတိရစ္ဆာန်ကဏ္ဍ
  • ကရင် ပြည်နယ်
  • ညောင်လေးပင်ခရိုင်၊ ဆောထိမြို့
  • မယ်သရိုးခီးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

-၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကရင်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

-အနီးအနားရှိဒေသခံများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကျဘန်းလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား

အဓိကပါဝင်ပတ်သက်သူ

-စစ်ကောင်စီတပ် လက်အောက်ခံတပ်ရင်း(ခလရ-၇၃)မှ ကိုဖက်စခန်းထိုင် ဒုတပ်ရင်းမှူးနှင့် ကျောက်တောင်စခန်း ဦးစီးသူ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ