တွံတေးမြို့အနီး တွံတေး- မအူပင်ကားလမ်း(တွံတေးတံတားအနီး) ဘေးရှိ ရွှေနဂါးဓာတ်မြေဩဇာ စက်ရုံကြောင့် အနီးနားရှိ ဒေသခံပြည်သူများ အသုံးပြုရာ ရေအရင်းအမြစ်များညစ်ညမ်းခြင်းနှင့် လေထုညစ်ညမ်းခြင်း

Confirmation Status : Reported
December 16, 2020

တွံတေးမြို့အနီး တွံတေး- မအူပင်ကားလမ်း(တွံတေးတံတားအနီး) ဘေးရှိ ရွှေနဂါးဓာတ်မြေဩဇာ စက်ရုံကြောင့် အနီးနားရှိ ဒေသခံပြည်သူများ အသုံးပြုရာ ရေအရင်းအမြစ်များညစ်ညမ်းခြင်းနှင့် လေထုညစ်ညမ်းခြင်း

(တွံတေးကွန်ယက်မှ ဆရာ သစ္စာညီညီ သတင်းပေးပို့ပါသည်။)
တွံတေးမြို့အနီး တွံတေး- မအူပင် ကားလမ်း(တွံတေးတံတားအနီး) ဘေးရှိ ရွှေနဂါးဓာတ်မြေဩဇာ စက်ရုံမှ အနံ့ပြင်းများထွက်ပေါ်ခြင်း၊ အခိုးများကြောင့် မျက်စိစပ်ခြင်းများ၊ ရေဆိုးများကို ရေမြောင်းများ၊ တွံတေးတူးမြောင်း စသည်တို့ထဲသို့ စွန့်ပစ်နေကြောင်း သိရပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ရွှေနဂါး ဓာတ်မြေဩဇာစက်ရုံကို ၂၀၁၇ ခုနှစ်တွင် ဓာတ်မြေဩဇာသိုလှောင်ရုံ အဖြစ် တွံတေး – မအူပင် ကားလမ်း(တွံတေးတံတားအနီး) စက်ရုံတည်ဆောက်ခဲ့ပါသည်။ မြေဧက ၂၀ ခန့်ရှိသည်ဟု သိရပါသည်။ ရွာသားများကို သိုလှောင်ရုံဆောက်လုပ်မှုကို လက်ခံကြောင်း လက်မှတ်ထိုးခိုင်းခဲ့ပေမယ့် ထိုအချိန်ကတည်းက ဒေသခံများက လက်မှတ်မထိုးပေးခဲ့ကြောင်း သိရပါသည်။ ၂၀၁၉ ခုနှစ်မှာ ဓာတ်မြေဩဇာထုတ်လုပ်မှုတွေကို စတင်ခဲ့ပြီးကတည်းက အနံ့ပြင်းများ ထွက်ပေါ်ခဲ့ခြင်းနှင့် အခိုးများကြောင့် မျက်စိစပ်ခြင်းများ ဖြစ်ပေါ်တာကြောင့် မြို့နယ်ကိုတိုင်ကြားခဲ့ပါသည်။ ပထမ အကြိမ်လာရောက်စစ်ဆေးမှုများ ပြုလုပ်ပေမယ့် လာရောက်စစ်ဆေးချိန်တွင် အနံ့အသက်မရဟုဆိုကာ မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူများမှ ပြန်သွားခဲ့သည်ဟု ကြားသိရပါသည်။ စက်ရုံမှာဆက်လက်လည်ပတ်နေပြီး စွန့်ပစ်ရေတွေကို ရေမြောင်းထဲစွန့်ပစ်နေတာကြောင့် ရေမြောင်းများအတွင်း ငါးများသေဆုံးမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဒုတိယအကြိမ် တိုင်ကြားမှုမှာတော့ လာရောက်စစ်ဆေးသူများက ရေမြောင်းအတွင်းသို့ စွန့်ပစ်ရေများ မလွှတ်ရန်စက်ရုံကိုပြောကြားခဲ့ပါသည်။ ရေဆိုးများကို ရေမြောင်းတွေထဲ မပစ်တော့ပေမယ့် တွံတေးတူးမြောင်းထဲ စွန့်ပစ်နေတာဖြစ်တယ်လို့ ရွာသားများထံမှ တစ်ဆင့်သိရပါသည်။

ယခုနောက်ဆုံးတကြိမ်တွင် ရွာရှိစိုက်ပျိုးမြေများမှာ သီးနှံများပျက်စီးခြင်းများ၊ တစ်ရွာလုံးသောက်သုံးနေသည့် သောက်ရေကန်အရောင်ပြောင်းလဲခြင်းများကို ကြုံတွေ့ရသောကြောင့် ထပ်မံတိုင်ကြားခဲ့ပါသည်။ လာရောက်စစ်ဆေးသူများက ရန်ကုန်မှဦ ရေ၊မြေစစ်ထားပြီး ရလာသည့် ရလာဒ်အပေါ်တွင်မူတည်၍ ဆုံးဖြတ်ပေးမည်ဟု ပြောပြပေမယ့် လာရောက်စစ်ဆေးချိန်တွင် ရွာသားများဘက်က ဘာမှပြောခွင့်မရခဲ့ပေ။ ထို့ပြင် တစ်ရွာလုံးသောက်သုံးနေသည့် ရေကန် အရောင်ပြောင်းလဲသွားတာကြောင့် ကန်ထဲမှ ရေကို ၇ ရက် မသောက်ဘဲနေကြ ဟု ဒီဇင်ဘာ ၁၁ ရက်လာရောက် စစ်ဆေးမှုမှာပါဝင်သည့် ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးမှ ပြောသွားခဲ့ကြောင်း သိရပါသည်။ဒေသခံများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ရန် ဘာတစ်ခုမှ တာဝန်ယူဆောင်ရွက်ပေးတာတော့ မရှိဘူးဟုလည်း သိရပါသည်။ ရွာမှာ ကိုယ်ဝန်သည် မိခင်များနှင့် ကလေးငယ်များရဲ့ ကျန်းမာရေးကို စိုးရိမ်တာကြောင့် ရွာသားများက ရွာကနေပြောင်းပြေးချင်နေကြသည်ဟုလည်း ကြားသိရပါသည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုကဏ္ဍ
  • ရန်ကုန်တိုင်းဒေသကြီး
  • တွံတေးမြို့
  • ဓာမြေဩဇာစက်ရုံ အနီးရှိ ကျေးရွာများ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

-၂၀၂၀ ခုနှစ်

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

-စက်ရုံ အနီးအနားရှိ ဒေသခံများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား

အဓိကပါဝင်ပတ်သက်သူ

-ဓာတ်မြေဩဇာ စက်ရုံ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

တွံတေးမြို့မှ လှုပ်ရှားသူပေါင်းစုံမှလည်း ယခုကိစ္စအတွက် စတင်လှုပ်ရှားနေပြီး အလုပ်လုပ်နေကြကြောင်း၊ ရေ၊ မြေ စစ်ဆေးရန်အတွက်လည်း ချိတ်ဆက်ဆောင်ရွက်နေပြီး လိုအပ်သည့် အခြေခံအချက်အလက်များနှင့် ဆက်သွယ်မှုများ စတင်ဆောင်ရွက်နေကြောင်း၊ တွံတေးမြို့ပေါ်မှ အဖွဲ့များမှလည်း ရေလှူရန်လုပ်ဆောင်နေကြကြောင်း သိရပါသည်။