ဘီလူးချောင်းအတွင်း ကနဦးလေ့လာချက်အရ ဘီလူးချောင်း အောက်ပိုင်းနှင့် အထက်ပိုင်းတွင် ညစ်ညမ်းမှုရှိသော်လည်း မြို့တွင်းဖြတ်စီးလာသော ၃မိုင်အတွင်းမှာ လွန်စွာညစ်ညမ်းမှုများရှိနေသည်။

Confirmation Status : Reported
December 12, 2020

ဘီလူးချောင်းအတွင်း ကနဦးလေ့လာချက်အရ ဘီလူးချောင်း အောက်ပိုင်းနှင့် အထက်ပိုင်းတွင် ညစ်ညမ်းမှုရှိသော်လည်း မြို့တွင်းဖြတ်စီးလာသော ၃မိုင်အတွင်းမှာ လွန်စွာညစ်ညမ်းမှုများရှိနေသည်။

(Myo Myat ၏ Facebook စာမျက်နှာ (၁၀.၁၂.၂၀၂၀) မှ ကူးယူဖော်ပြထားပါသည်။)
ဘီလူးချောင်း၏ အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် ညစ်ညမ်းမှုများရှိနေသည်မှာ မှန်သော်လည်း လွိုင်ကော်မြို့အတွင်း ဖြတ်သန်းစီးဆင်းသွားသော ၃ မိုင်အတွင်းတွင် ပိုမို၍ လွန်စွာညစ်ညမ်းနေပြီး စိုးရိမ်ရသောအခြေအနေဖြစ်နေသည်ဟု ဆိုပါသည်။ Solid waste များနှင့် Household water waste များ ချောင်းအတွင်း ကျရောက်နေပါသည်ဟု ပြေကြားထားပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ရေပုံမှန်စီးဆင်းနေသော ကာလများတွင် ညစ်ညမ်းသောအမှိုက်များနှင့် ရေဆိုးများထွက်ရှိနေသော်လည်း ရေစီးနှင့်အတူပါရှိသွားသောကြောင့် သိပ်မသိသာပေ။ ယခုအခါတွင် ချောင်းမှာ ကန်ရေသဖွယ်ငြိမ်နေသောကြောင့် ညစ်ညမ်းမှုကို သိသိသာသာမြင်တွေ့နေရသည်။ မြို့ရေပေးရေးနှင့် ဘီလူးချောင်း ပတ်ဝန်းကျင်တွင် နေထိုင်ကြသူများအားလုံးသည် ချောင်းရေကိုသာအသုံးပြုနေကြသောကြောင့် လွိုင်ကော်မြို့အတွက် အလွန်အမင်းစိုးရိမ်ရသော အခြေအနေဖြစ်နေပါသည်။ ယခုကဲ့သို့ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက များမကြာခင်ကာလတွင် ရေနှင့်ပတ်သက်သော ရောဂါများဖြစ်နိုင်သည့်အတွက် စနစ်တကျသုံးသပ်စီမံရမည်ဖြစ်ပါသည်။

ရေအရင်းအမြစ်ကဏ္ဍ
  • ကယားပြည်နယ်
  • လွိုင်ကော်မြို့နယ်

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

-၂၀၂၀ ခုနှစ်

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

-ကယန်း၊ ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

-လွိုင်ကော်မြို့နေဒေသခံများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား

အဓိကပါဝင်ပတ်သက်သူ

-ဒေသခံများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

အစိုးရစီမံမှု မစတင်ခင်တွင် မြို့သူမြို့သားများအနေဖြင့် (၁) အမှိုက်များကို ချောင်းထဲသို့ စွန့်ပစ်ခြင်းမလုပ်ရန်၊ (၂) မိမိတို့အိမ်မှထွက်ရှိလာသော ရေဆိုးများကို စည်ပင်ရေနုတ်မြောင်းသို့ လုံးဝမစွန့်ပစ်ရန် ဖြစ်ပါသည်။