ကော့သောင်းမြို့နယ်၊ မကြုံဂလက်ကျေးရွာတွင် ဆလုံ(မော်ကင်း) တိုင်းရင်းသားများ အိမ်ဆောက်ခြင်းကို ထွေ/အုပ်က အားမြစ်သည့်အတွက် ဥပဒေနှင့်အညီ ကူညီဖေးမပေးရန် ဆလုံတိုင်းရင်းသားများ မေတ္တာရပ်ခံ
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ပြီးခဲ့သောမိုးရာသီ ဒီရေဆိုးဆိုးရွားရွားတက်သောအခါ မိသားစု ၁၂စုရဲ့နေရာသည် နေထိုင်ရန်တော်တော်ဆိုးကြောင်း၊ ထို့ကြောင့်နေရာပြောင်းရွှေ့ချင်ကြောင်းကို အုပ်ချုပ်ရေးမှူးမှတစ်ဆင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတရေး ကော်မတီဥက္ကဌ၊ ထိုမှတစ်ဆင့် ဝန်ကြီးချုပ်ထံ တင်ပြထားရာ မြို့နယ်ထွေအုပ်မှလည်း ခွင့်ပြုဖို့ရှိကြောင်း၊ ကုမ္ပဏီအဆောက်အအုံများကို မထိဘဲ လွတ်တဲ့နေရာတွင်ဆောက်ပါဟု နေရာချထားပေးကြောင်းသိရပါသည်။ ယခင်က ကောင်းမြန်မာအောင် ကုမ္ပဏီမှာ ကျေးရွာပိုင် ၅၉ ဒသမ ၈၇ ထဲမှာ ၁၁ ဧကကို သူတို့ပိုင်ဆိုင်သည်ဆိုပြီး ရွာနှင့်ပြဿနာဖြစ်ဘူးကြောင်း၊ သူတို့ပိုင်ဆိုင်မှုမှာ ၂၀၁၃ ခုနှစ်ကတည်းက ပုံစံ (၇) ထုတ်ပေးခဲ့ကြောင်း၊ သို့သော် ဘိုချိုကျွန်းကြီးတစ်ကျွန်းလုံးမှာ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ထဲမှာရှိပြီး ထိန်းသိမ်းဧရိယာထဲတွင် ပုံစံ(၇)ထုတ်ပေးခြင်းသည် တရားမဝင်ဆိုပြီး ပုံစံ (၇)ဖျက်သိမ်းရန်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ၅၉ ဒသမ ၈၇ ဧကကို သစ်တောပိုင်ဧရိယာမှ ကျေးရွာပိုင်အဖြစ်စွန့်လွှတ်သည်ဆိုပြီး ထွက်ရှိထားကြောင်း၊ သို့သော် ကုမ္ပဏီမှ ပုံစံ (၇) ပိုင်ဆိုင်သည်ဆိုပြီး ဆော်ကထားတဲ့နေရာက အဆောက်အအုံများကို မဖျက်ပေးကြောင်း၊ မကြုံဂလက်ကျေးရွာတွင် အိမ်ခြေ ၂၀၀ နီးပါးရှိပြီး ယခုမိသားစု ၁၂စုနေအိမ်များကိုမှ ဆောက်လုပ်ခွင့်မပေးဘဲ တားမြစ်ထားသည်ကို နားမလညကြောင်းနှင့် ဝန်ကြီးချုပ်ထံလည်း တင်ပြထားကြောင်းကို မကြုံဂလက်ကျေးရွာမှ ဦးခင်မောင်ထွေးကပြောပါသည်။
ဆလုံတိုင်းရင်းသားများဆောက်လုပ်ထားသည့် နေအိမ်များမှာ CBT(Community Based Tourism) နေရာအတွင်းကျရောက်နသည့်အတွက် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် တားမြစ်ထားခိုင်းကြောင်း၊ ဆလုံတွေနေအည်ဆိုလျှင်လည်း တရားဝင်ဖြစ်အောင်လုပ်၍ နေလို့ရကြောင်း၊ သို့သော် CBT လုပ်ထားသည့်နေရာတွင်တော့ နေလို့မရကြောင်း၊ ကြားထဲမှာ နားထည်မှုလွဲနေကြတာထင်ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ယခုရက်ပိုင်အတွင်း ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် သွားရောက်ကွင်းဆင်းစစ်ဆေးဖို့ရှိကြောင်းကို ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း မှ ပြောကြားထားသည်။
- တနင်္သာရီတိုင်းဒေသကြီး
- ကော့သောင်းမြို့နယ်
- မကြုံဂလက်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
-၂၀၂၀ ခုနှစ်
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ဆလုံ (မော်ကင်း)
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
-မိသားစု ၁၂စု
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန် , ကျဘန်းလုပ်ငန်
အဓိကပါဝင်ပတ်သက်သူ
-သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကုမ္ပဏီ၊ ဒေသခံများ