Mawlamyaing Cement Limited ဘိလပ်မြေစက်ရုံကြောင့် ရေညစ်ညမ်းကာ ရေသတ္ထဝါများ သေကြေ၊ ကော့ပနာကျေးရွာအုပ်စု၊ ကျိုက်မရောမြို့နယ်၊ မွန်ပြည်နယ်
(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍ Mawlamyaing Cement Limited ဘိလပ်မြေစက်ရုံ လည်ပတ်မှုကြောင့် ကျေးရွာရှိ ရေအရင်းအမြစ်များ ညစ်ညမ်းခြင်း၊ ရေမလုံလောက်ခြင်း၊ ရေကြီးရေလျှံခြင်း စသည်တို့ကို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကေလာသတောင်တွင် ဒေသခံများမှ တောများကို ခုတ်ထွင်ရှင်းလင်းကာ ရော်ဘာခြံများ စိုက်ပျိုးနေတယ်လို့ သိရပါတယ်။ ထိုသို့ တောများခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထင်းထုတ်ယူမှုများကြောင့် သစ်တောများပြောင်ကာ ၂ နှစ်ဆက်တိုက် တောင်ပြိုမှုများ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပတ်ဝန်းကျင်ညစ်ညမ်းမှုကဏ္ဍ
- မွန်ပြည်နယ်
- ကျိုက်မရောမြို့နယ်
- ကော့ပနောကျေးရွာအုပ်စု
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၄ ခုနှစ်မှစ
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
မွန်၊ ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၁၀၀၀ ကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား
အဓိကပါဝင်ပတ်သက်သူ
ရော်ဘာခြံများ စိုက်ပျိုးရန် ယခင်တောကျန်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ထင်းထုတ်ယူသုံးစွဲခြင်း ပြုလုပ်သောဒေသခံများ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
သက်ဆိုင်ရာ ဌာနများအနေဖြင့် ပြည်သူလူထုအား အသိပညာပေးခြင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။