ဒေါ်လာသန်းချီအသုံးပြုထားသော တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းဧရိယာအတွင်းရှိ ဧကရာချီသော တရားမဝင်ရွှေတူးဖော်မှုများနှင့် သစ်ခိုးထုတ်မှုများ

Confirmation Status : Reported
December 7, 2020

ဒေါ်လာသန်းချီအသုံးပြုထားသော တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းဧရိယာအတွင်းရှိ ဧကရာချီသော တရားမဝင်ရွှေတူးဖော်မှုများနှင့် သစ်ခိုးထုတ်မှုများ

(Dakkhina Insight Facebook စာမျက်နှာမှကူးယူဖော်ပြထားပါသည်။)
တနင်္သာရီတိုင်းဒေသကြီး ရေး-ထားဝယ် ကားလမ်းပေါ်ရှိ ကလိန်အောင်မြို့အနီး တနင်္သာရီသဘာဝကြိုးဝိုင်း ဧရိယာအတွင်း ထားဝယ်မြစ်အတွင်းသို့စီးဆင်းသည့် ချောင်းဖျားတစ်နေရာတွင် ရွှေကို စက်ယန္တယားကြီးများဖြင့် တရားမဝင်တူးဖော်ထုတ်လုပ်လျက်ရှိပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

အပူပိုင်းမုတ်သုံသစ်တောကြီးများနှင့် ရှားပါးတောရိုင်းတိရစ္ဆာန်များ၊ သဘာဝအပင်မျိုးစိတ်များအား ကာကွယ်ထိန်းသိမ်းရန် ရည်မှန်းချက်ဖြင့် တနင်္သာရီတိုင်းတွင် မြေအကျယ်အဝန်း ၄၂၀၀၇၇ ဧကကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ (နှစ် ၃၀ စီမံကိန်း ၂၀၀၅မှ ၂၀၃၅ အထိ) သဘာဝထိန်းသိမ်းရေးနယ်မြေ ဧရိယာ လေးပုံတစ်ပုံကို မွန်ပြည်သစ်ပါတီနှင့် လေးပုံသုံးပုံကို ကရင်အမျိုးသားအစည်းအရုံး(KNU) စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တို့က သွားလာလှုပ်ရှားနေသောနေရာများဖြစ်သည်။ လက်ရှိတွင်ထိန်းသိမ်းနယ်မြေအတွင်းရှိ ချောင်းတစ်လျှောက်၌ အနည်းဆုံးနေရာ လေးနေရာတွင် စက်ယန္တယားအင်အား သုံးဆယ်ခန့်နှင့် အလုပ်သမားအင်အား ရာချီဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်လျှက်ရှိသည် ဟုဒေသခံအချို့ကပြောသည်။ ယင်းလုပ်ငန်းရှင်များမှာ ဒေသခံများမဟုတ်ဘဲ မြန်မာနိုင်ငံ အထက်ပိုင်းမှ လာရောက်လုပ်ကိုင်သူများဖြစ်ကြောင်း ဒေသခံများထံမှစုံစမ်းသိရှိရသည်။ ၂၀၁၉ခုနှစ်မတိုင်မီက အသေးစားတူးဖော်ထုတ်လုပ်မှုများသာရှိသော်လည်း ၂၀၁၉နှစ်ဆန်းပိုင်းမှစ၍ စက်ယန္တယားကြီးများဖြင့်တူးဖော်ထုတ်လုပ်လာကြသည်။ ဒေသခံများ သောက်သုံးရေအတွက် မှီခိုနေရသည့် ကလိန်အောင်ချောင်းရေနောက်ခဲ့ဖူးသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။ တရားမဝင်ရွှေလုပ်ကွက်များသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၄ ၏ လှုပ်ရှားရာနယ်မြေအတွင်း ကျရောက်နေသည့်အပြင် ထိုင်းနိုင်ငံသို့သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများနှင့် နီးကပ်လျက်ရှိသည်။

တပ်မတော်အပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့စုံဖြင့် ယင်းနေရာသို့ သုံးကြိမ်သွားရောက် စစ်ဆေးပြီးဖြစ်ကြောင်း၊ အချို့အကြိမ်များတွင် စက်ယန္တယားများကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိလေ့ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ မူလက လက်လုပ်လက်စးများ ရွှေတူးဖော်ကြသော်လည်း နောက်ပိုင်းတွင် ယန္တယားများဖြင့် အကြီးစားထုတ်လုပ်လာကြခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၅ ရက်နေ့မှစ၍ ယင်းရွှေတူးလုပ်ငန်းများကို ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း မြိတ်-ထားဝယ် ခရိုင် KNU တပ်မဟာ ၄ ဆက်ဆံရုံးတာဝန်ခံ ဖဒိုဝင်းခိုင်ကပြောသည်။ သို့သော်လည်း မြောင်းပိုင်းရှိ ရွှေမိုင်းအချို့မှာ ဆက်လက်လည်ပတ်ဆဲဖြစ်ကြေင်း ရွေတွင်းများနှင့်လုပ်ငန်းဆက်စပ်လုပ်ဆောင်နေသော ဒေသခံတစ်ဦးက ဒီဇင်ဘာ ၄ ရက်နေ့က ပြောကြားသည်။

စီမံကိန်းတာဝန်ရှိသူတို့အနေနှင့်မူ ကြိုးဝိုင်းဧရိယာသည် မွန်ပြည်သစ် နှင့် ကရင်အမျိုးသားအစည်းအရုံး နယ်မြေတို့အတွင်းကျရောက်နေသဖြင့် စီမံအုပ်ချုပ်ရာတွင် အခက်အခဲများစွာရှိကြောင်း တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်း (TNRP) ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရက ပြောကြားသည်။ ယင်းအပြင်တပ်မတော်စစ်ကြောင်း၏ အကူအညီကိုလည်း အမြဲတမ်းရရှိရန် ခက်ခဲကြောင်း ၎င်းကဆိုသည်။

သတ္တုတွင်းကဏ္ဍ
  • တနင်္သာရီတိုင်းဒေသကြီး
  • ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့
  • ဇင်းဘာကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

-၂၀၁၉ နှစ်ဆန်းပိုင်းမှ စ၍

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း၊ အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

-ကလိန်အောင်မြို့ အနီးရှိဒေသခံများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

-တရားမဝင် ရွှေတူးဖော်သည့် လုပ်ငန်းရှင်များ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သက်ဆိုင်ရာ အစိုးရအဖွဲ့ အပါအဝင် တာဝန်ရှိဌာနဆိုင်ရာများ၊ တိုင်းရင်းသားလက်နက်ကိုင်များ အပါအဝင် လုံခြုံရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှသာ ထိုသို့သော တရားမဝင်ရွှေတူးဖော်မှုများကို ကြပ်မတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။